Chapter 30

7.3K 425 13
                                    

"ငါမင်းနဲ့တစ်ခန်းထဲ အတူမအိပ်နိုင်ဘူး"

"မင်းကိုငါလက်ထပ်ယူထားပြီးသား စိမ့်ဝတီ"

"ဟုတ်လား ဘယ်သူ့ဆန္ဒနဲ့လဲ သတိမေ့နေတဲ့လူကို မှင်တို့ပြီး လုပ်ကြံထားတဲ့ လက်ဗွေရာအတုလား မင်းဘာတွေစောက်ရူးထနေတာလဲ ကောင်းကင်ထက်ယံ ငါကယောက်ျား ငါကယောက်ျားတစ်ယောက် မင်းသိရဲ့လား"

"......" မျက်နှာလွဲကာကျောခိုင်းသွားသူအဖို့အတော်လေးမှ နာကျင်ရဲ့လား။ မင်းဘယ်လောက်ပဲ ချစ်ချစ် ယောက်ျားတစ်ယောက်ကိုတော့မင်းမချစ်နိုင်ဘူးမဟုတ်လား ငါ့ကို မရမက ချုပ်နှောင်ပြီး မိန်းမတစ်ယောက်လိုဟန်ဆောင်ခိုင်းထားရင်လည်း ငါကယောက်ျားတစ်ယောက်ဆိုတဲ့ အမှန်တရားကို မင်းလက်ခံရမှာပဲ ဒါကမှအမှန်တရားပဲ

"မင်းငါနဲ့အတူတူအိပ်ကို အိပ်ရမယ် ငါးလအတွင်း ကိုယ်ဝန်ဆောင်ပေးဖို့ကိုလည်းမမေ့နဲ့"

"မင်းရူး.."

"မင်းကိုယ်ဝန်တဆောင် နိုင်တယ်ဆိုတာငါသိပြီးပြီ စိမ့်ဝတီ မင်းဟန်ဆောင်ပြမနေနဲ့"

"အေးပေါ့ မင်းလိုကောင်ကအားလုံးတွက်ချက်ပြီး ပြင်ဆင်ထားမှာပေါ့"

"ဟုတ်တယ် ငါ့လိုကောင်စားကို မင်းစိတ်ထဲသေသေချာချာမှတ်ထား စိမ့်..ဝ..တီ"

ထိုညကစကားထပ်မများနိုင်တော့တာကြောင့် ထ်ုကုတင်ရဲ့ အစွန်မှာသူအိပ်ခဲ့သည်။မနက်နိုးတော့ခြေသံဖော့ဖော့ကြောင့်နိုးလာပြီးသူက ဝတ်စုံလဲနေသည်။ကျောင်းဝတ်စုံပါလား

"မင်းကျောင်းသွားမှာလား"

"ဟုတ်တယ် ကိုယ်ကျောင်းသွားမှာ မင်းကတော့သွားစရာမလိုဘူ"

"ငါလည်း တတ်ချင်စိတ်ရှိနေတာမဟုတ်ဘူး"

"ကောင်းတာပေါ့ အိမ်မှာကောင်းကောင်းမွန်မွန်နေခဲ့"

....

ကောင်းကင် ဒီနေ့ အတန်းချိန်တစ်ချိန်ပဲတတ်မှာဖြစ်ပြီးအပြန် ကုမ္ပဏီ ကိုဝင်ရမှာဖြစ်သည်။daddy ကလည်း သြစတြေးလျကို သူ့ဇနီးဖြစ်သူနဲ့ပြန်သွားပြီဖြစ်သလို ကောင်းကင်ကတော့ ကုမ္ပဏီ တွေကို တစ်ယောက်တည်းအုပ်ချုပ်နေတာဖြစ်သည်။မိုးထက်ယံက လည်းသူ့ကိုအမြဲတစ္ဆေကူညီပေးနေသလို ဟိန်းဇက်က လည်း သူ့နံဘေးရပ်တည်ပေးသည်။ဒီတစ်ပတ်အချိန်အတောအတွင်းမှာမိုးထက်ယံနှင့်ကောင်းကင်က အများကြီး ရင်းနှီးလာကြသည်ဟုလည်းဆိုနိုင်သည်။

I am not girl(Complete)Where stories live. Discover now