Chapter 27

6K 373 19
                                    

စိမ့်တစ်လျှောက်ငိုနေခဲ့သည်။မေမေကလည်းငိုသည်။သူတို့မိသားစုလေးဟာ ဘာအမှားတွေလုပ်မိလို့ငိုကြွေးနေရတာလဲ။ဘယ်လိုအမှားတွေကို လုပ်မိလို့လဲ.... ကံတရားရဲ့ချောက်ချမှုမှာလည်း အလူးလဲခံရသူဟာ သူတို့ပဲ ကံကြမ္မာ ရဲ့လက်ပါးစေလို ပူပန်သောကဝေခဲ့ရတာလည်းသူတို့ပဲ သူတို့ပဲဖြစ်ပါလျှက်နဲ့ အကြိမ်ကြိမ်အခါခါ အပြစ်ဒဏ်ကို ထပ်တလဲလဲ ခံနေရတုန်းပဲလား......

မင်္ဂလာပွဲကျင်းရန် တစ်နာရီအလို

ကောင်းကင်ထက်ယံ အားလုံးပြင်ဆင်ပြီးချိန်၌ နောက်ဆုံး အနေနဲ့ နာရီကို လက်မှာဝတ်ဆင်လိုက်သည်။ကိုယ်လုံးအပြည့်မှန်ရှေ့မျက်နှာမူရင်း သူ့တစ်ကိုယ်လုံးကိုခြုံကြည့်လျှက်

ဖြူဆွတ်နေတဲ့ ဝတ်စုံဟာ စိမ့်ငယ်လိုပဲ ဖြူစင်ခြင်းအပြည့်နှင့်၊ သူ့ဖခင်လက်ကိုဆွဲကာ သူ့ရှေ့လျှောက်လာမည့် စိမ့်ငယ်ဟာ ကတ္တီပါကော်ဇော နီနီထက် အဖြူရောင်သတို့သမီးလေးအဖြစ်ပေါ့

ပန်းနုရောင်သန်းနေမဲ့ သူ့ပါးမို့မို့လေးတွေဟာ ဘယ်လောက်တောင် လှပနေမလဲ။ဘယ်လောက်တောင် ကြည့်ကောင်းနေမလဲ စိတ်ကူးထဲ မျိုးစုံပုံဖော်ကြည့်နေရင်း
နှလုံးသားတစ်ခုလုံး အပျော်တွေနဲ့ပြည့်သိပ်နေတော့သည်။

"ကောင်းကင်ထက်ယံ ဘယ်အခန်းမှာလဲ"

"D25 room မှာပါ "

မိုးထက်ယံ သူ့လက်ထဲကဖုန်းကိုကျစ်ကျစ်ပါအောင်ကိုင်ရင်း D25 room ရှိရာကိုပြေးထွက်လာခဲ့သည်။ဒီမနက်နိုးနိုးချင်း သူ့ဆီဦးစွာ Message ဝင်လာသည့် ပုံတစ်ချို့ ခြိမ်းခြောက်မှုဆိုလည်းမမှားဘူး The Moon ကလုပ်နေမှန်းလည်းသူသိသည်။သူသေသေချာချာ ညိီနှိုင်းနေပေမဲ့ တသ်ဖက်က လုံးဝ အကွက်ကျကျစီစဥ်ပြီးပြီ ။အားလုံးရှေ့မှာမှ စိမ့်အပေါ် ကောင်းကင်ရဲ့ ကြမ်းတမ်း မှုတွေမဖော်ပြခင်အတွင်း ကောင်းကင်ကို သူသေသေချာချာ နားချနိုင်ဖို့ပဲကြိုးစားရမည်။

ဝုန်းခနဲ ပွင့်လာသည့် တံခါးကြောင့် ကောင်းကင် မျက်မှောင်ကုတ် လျှက် ။ဝင်လာသူက မိုးထက်ယံဖြစ်နေတာကြောင့် ဘာကိစ္စလဲဟုမေးရန်...

I am not girl(Complete)Where stories live. Discover now