ကောင်းကင်အလုပ်ကနေအပြန် နောက်ကျနေတာကြောင့် စိမ့်ငယ်စိတ်ကောက်မှာစိုး၍ ဖုန်းခေါ်၏။ဒါပေမဲ့ စိမ့်ငယ်က ဖုန်းမကိုင် ။နေ့လည်က ဖုန်းခေါ်ကတည်းကမကိုင်တာဖြစ်သည်။ဒီနေ့တနင်္ဂနွေနေ့ကြီး ရုံးကအရေးကြီးအလုပ်ပေါ်တာကြောင့် မနက်က သားကိုတောင် Pj အတွက် ခေါ်သွားရသေးသည်။ နေ့လည်လောက်သားကိုပြန်လွှတ်လိုက်ပေမဲ့ သားကိုဖုန်းမဆက်ချင် ။ အရမ်းပင်ပန်းနေမှန်းသိတာကြောင့် အိမ်ပြန်ပြီး အိပ်ခိုင်းပြီး ဖုန်းတဂွမ်ဂွမ်ဆို အချည်းအနှီးသာ ဖြစ်၏။ခြံဝန်းထဲဝင်သည်အထိကို ကောင်းကင် ဖုန်းခေါ်တာမရပ်မိ။
အိမ်ထဲဝင်တော့အရင်လို ဧည့်ခန်းမှာ သူ့အားထွက်မကြိုနေ။စိတ်ကောက်နေတာ ပဲဖြစ်မည်။အလုပ်နားရက်တောင်မနားဘူးဆိုကာပြောနေတာ။ အမှန်တော့ကိုယ်ပင်ပန်းပြီးဖျာမှာနာမှာကို သူကစိတ်ပူပေးတာကိုကောင်းကင်သိသည်။ ဒါ့ကြောင့် လည်းပိုပြီး အချစ်ပိုအသနားပိုနေရတာဖြစ်၏။ အခန်းထဲဝင်သွားတော့လည်း တိတ်ဆိတ်နေ၏။ မှန်တင်ခုံပေါ်က မိတ်ကပ်ပစွည်းအနည်းငယ်ကြောင့် မျက်ခုံးတွန်းကျိုးသွားလျှက်
အိမ်ကဝန်ထမ်းတစ်ချို့ကို ကောင်းကင်ခေါ်ကာမေးတော့
"ဟို သူဌေးရဲ့ အမျိုးသား ကမနက်က တော့အဆင်ပြေနေပါတယ် စားစရာတွေချက်ပြုတ်ပြီး ကွတ်ကီးဖုတ်ပါတယ် သခင်လေးပြန်လာတော့ အပေါ်လိုက်သွားပါတယ် သူဌေးပြီးတော့ အောက်ပြန်ဆင်းလာပြီး ကွတ်ကီးတွေယူပြီး အပေါ်ပြန်တတ်သွားတယ် အဲ့အထိအကုန်ကောင်းပါတယ်သူဌေး"
"ဆက်ပြောလေ "
"ဟုတ် ပြန်ဆင်းလာတော့ မျက်နှာမကောင်းတာပါ ငိုထားသလိုပါပဲ သူဌေး ယူသွားတဲ့ကွတ်ကီးတွေလည်း ဒီအတိုင်းပြန်ပါလာပါတယ်
ပြီးတော့ သူအပြင်ထွက်သွားတယ် လက်ထဲမှာ ပစ္စည်းတွေအများကြီး ဝယ်လာပါတယ်""ပြန်လာပြီပေါ့ ဒါဆိုဘယ်မှာလဲ"
"ဟုတ်သူဌေးတို့အခန်းရဲ့ မျက်နှာချင်းဆိုင် သခင်လေး ငယ်ငယ်ကနေခဲ့တဲ့ အခန်းပါ "
စိမ့်ငယ်က ဘာကြောင့် သားဆီကအပြန် ငိုနေတာလဲ ဆိုတာသူစဥ်းစားလို့မရ အတိတ်ကအကြောင်းတွေအားစဥ်းစားပြီးငိုနေတာလား။ဘယ်လိုပဲဖြစ်နေပါစေ ဒီလောက်စိတ်ဆင်းရဲနေတဲ့ သူ့အသည်းလေးကို တစ်ယောက်တည်းမထားချင်

YOU ARE READING
I am not girl(Complete)
Non-FictionI am not girl (Own Creation Mm )(Mpreg) Author by Period-K Main Lead Couple Kaungkin Htet Yan + Saint Bhone Myat Start date - 13 March 2022 End date-24 Feb 2022 Main Chapter ended-50 parts Extra Chapter -