Chapter 4

16.1K 908 32
                                    

စိမ့် အိမ်ကိုရောက်တော့ ဖွားဖွားက ထူးဆန်းစွာ တံခါးပေါက်ဝ မှာ စောင့်နေသည်။ စိမ့် ရင်ထဲ မှာကြောက်လန့် တုန်လှုပ်နေသည်မို့ စိမ့်အတွေ့ချင်ဆုံး ကမေမေပဲ ဒါပေမဲ့ သူမေမေ့ဆီသွားဖို့ ဖွားဖွားက လမ်းပိတ်ထားသဖွယ် အိမ်တော်ထဲကို အားနာသမှုဖြင့်ခေါ်လာသည့် ကိုမိုးက စိမ့်နှင့် ဘေးကပ်လည်းပါလာသေးသည်။

" ပထမသခင်လေး မိုးထက်ယံပါလာတာပဲ လာ ဧည့်ခန်းထဲ ဝင်ထိုင်ချေ "

"ဟုတ်ကဲ့ အန်တီမြတ်"

ဖွားဖွားက စိမ့်ရဲ့ ပုခုံးကို အသာလေးမှီရင်း ဆိုဖာနားထိ ခေါ်လာစေသည်။ သူတို့သုံးယောက်မျက်နှာချင်းဆိုင် ထိုင်ပြီး တဲ့ အချိန် အစေခံတွေကလည်း စားသောက်ဖွယ် ရာ တစ်ချို့နှင့် လာရောက်ဧည့်ခံပေးကြသည်။

"မြေးမလေး ကို ဒုတိယ သခင်လေး ခေါ် သွားတယ်ဆိုလို့ မြေးမလေးက စိတ်ကောက်နေတယ် ထင်ပ ကွယ် ငိုပြီး ပါသွားတယ် ကြားတယ်"

စိမ််က ဘာကိစ္စစိတ်ကောက်ရမှာလဲ စိမ့်နဲ့ သူနဲ့ ကသိတာလည်းမဟုတ်ဘူး စိမ့်ကို အဲ့ လူကအတင်းဆွဲခေါ်သွားတာလေ

"ဟုတ်ပါတယ် ကောင်းကင် ကိစ္စနဲ့ တောင်းပန်ချင်လို့ ပါ သူက နည်းနည်း မရင့်ကျက်သေးလို့ အခုလိုကိစ္စတွေ ဖြစ်သွားရတာပါ ဖေဖေ့ဆီတော့ သတင်းမရောက်စေချင်ဘူး အန်တီရယ် လူငယ် တွေကိစ္စဆိုတော့လေ"

"စိတ်ချပါ သခင်လေးရယ် အခုကလည်း ဝတီလည်း မှားတာပဲ သခင်ငယ်လေးကို ဘာတွေ ဒေါသထွက်အောင်လုပ်လဲ မှ မသိတာ အန်တီမြတ်တို့လည်း အပြစ်မကင်းပါဘူး"

"ဟုတ်ပါပြီ အန်တီမြတ်က ခွင့်လွှတ်တော့ကျွန်တော်ဝမ်းသာပါတယ် ဒါဆိုရင်ပြန်ခွင့်ပြုပါအုံး ဝတီ ကိုယ်ပြန်ပြီနော်"

စိမ့် ကိုမိုးကို ခေါင်းငြိမ့်ပြလိုက်သည်။ကိစ္စ အစအဆုံးမှာ စိမ့်က ခံရသူ ပါ စိမ့်က နစ်နာသူဖြစ်ပါရဲ့ နဲ့ ဘာကြောင့် စိမ့်အမှားရှိနေရတာလဲ။ဖွားဖွားက သူ့ကို ကာကွယ်ပေးမယ်လို့ စိမ့်ထင်ခဲ့တာ ဒါပေမဲ့ ဖွားဖွားက ဒီသူဌေးမိသားစုကြီးကို မျက်နှာ လို မျက်နှာရ လုပ်ကာ တစ်ဖန်တောင်ပြန်တောင်းပန်လိုက်သေးတယ်တဲ့လေ စိမ့်နှလုံးသားထဲ ကျင်တတ်နေတဲ့ ခံစားချက်ကြောင့် မျက်ရည်တို့ကပိုးပိုးပေါက်ပေါက်ကျလာတော့သည်။

I am not girl(Complete)Where stories live. Discover now