Part 3

3.4K 189 28
                                    

မိုးထက် တံခါးဖွင့်လိုက်တော့မှောင်မဲနေတဲ့ အခန်းတွင်းကြောင့် ထပ်ပြီးရေရွတ်မိပြန်တယ် "အခန်းမီးတွေလည်းမဖွင့်ထားပြန်ဘူး သူပြန်လာတာတောင်လာမကြိုဘူး" တတွတ်တွတ် ပြောနေရတော့ မိုးထက်မျက်မှောင်ကြုတ်လျှက် မီးဖိုခန်းမှ စားပွဲအတွင်း သူမနက်ကစားထားတဲ့ ပန်းကန်တွေကလည်း ဒီအတိုင်းပင်။

"အာလူး......မင်းငပျင်းလေးလုပ်နေတာလား ဟမ် "

"..."

"အာလူး အာလူး "

မိုးထက်အာလူးကိုမတွေ့ပြန်ဘူး ဖုန်းအလျှင်အမြန်ခေါ်လိုက်ပေမဲ့ ကုတင်ဘေးက စင်လေးပေါ်မှဖုန်းမြည်သံကြားလိုက်ရသည်။မူမမှန်တဲ့အဖြစ်အပျက်ကြောင့် သူတကယ်ကြောင်အစွာ ထိုင်ချမိသည်။တရိပ်ရိပ်ပေါ်လာတဲ့ငိုနေတဲ့ အာလူးမျက်နှာလေး စကားသံတွေနဲ့အတူ ထွက်သွားတဲ့ကျောပြင်လေးတစ်ခု

မိုးထက်ကြမ်းပြင်ထက် ဒူးထောက်လျက်သား လဲကျသွားသွားတယ်။သူအာလူးကိုတကယ်ပဲ ထွက်သွားဖို့ခွင့်ပြုခဲ့တာပေါ့။ပုံမှန်အသိစိတ်ရှိမနေတဲ့သူ့ကို အာလူးကခွင့်မလွှတ်ပေးနိုင်ခဲ့ဘူး။လူတွေအားလုံးကသူတို့လိုဘက်မပြည့်တဲ့အခါ မိုးထက်ကိုစွန့်ခွာသွားကြစမြဲပဲ။မာမီရော ဦးထက်ယံအပါအဝင်ပေါ့။ နောက်ဆုံးကျန်ရစ်ခဲ့ရတာ သူပဲ .....နောက်ဆုံး ကျန်ခဲ့တဲ့သူက သူပါပဲ

......

မနက်နိုးလာရင်လိုက်ရှာမိပြန်တယ် ကိုယ်တိုင်အသိသတိနဲ့နေနေပေမဲ့ မီးဖိုခန်းထဲဝင်ကာ အကြာကြီးထိုင်စောင့်ရင်း သက်ပြင်းချကာ ရုံးသို့သာထွက်ခဲ့လျှက် ။ ကောင်းကင်နဲ့ ဘုန်းမြတ်မှာရင်သွေးလေးရှိနေကြောင်းသိရသည်။ကောင်းကင်လည်း သူ့ရဲ့ချစ်ရသူနဲ့ရရှိသည့် ရင်သွေးငယ်ကြောင့်အတော်လေးပျော်ရွင်လို့နေပါသည်။မိုးထက်အနေနဲ့လည်းချစ်ဖြစ်သူရဲ့အိမ်ထောင်ရေးဟာ အတော်လေးဖရိုဖရဲဖြစ်နေသည်ကိုသိရတော့ စိတ်အတော်လေးရှုပ်ထွေးရသည်။ကောင်းကင်အနားမှာလည်း သူနဲ့ ဟိန်းဇက်ကလွဲပြီးမရှိတာကြောင့် မိုးထက်သူ့အပူကိုဘေးဖယ်ကာ ကောင်းကင်အနားရှိနေပေးခဲ့ရသည်။

အိမ်ပြန်လာချိန်တိုင်းအထီးကျန်ရသည်။မနက်စာညစာတွေ ပုံမှန်ရယ်လို့ရှိမနေတော့ဘဲ မီးခလုတ်လေးပိတ်ချိန်ကအစ ကျောပြင်သေးသေးလေးကပဲ သူ့ကိုခြောက်လှန့်နေခဲ့သည်။နှစ်ပတ်လောက်အကြာမှာ ကောင်းကင်နဲ့စကားလက်ဆုံကျရင်း စိမ့်ဘုန်းမြတ်အနားမှာ အကူထားဖို့အတွက် အာလူးလေးကိုထားပေးမယ်ဆိုပြီးသတိလက်လွတ်ပြောမိလိုက်တယ်။

I am not girl(Complete)Where stories live. Discover now