Chapter 13

7.5K 495 8
                                    


"ဆရာ.....ဆရာ ခဏ "

"....."

ကောင်းကင်က သူ့ကို ရုံးတတ်ဖို့ပြောလာသည်မို့ သူအလျှင်အမြန်ထွက်လာရတာဖြစ်သည်။ကောင်းကင် ရဲ့ ပထမဆုံး အလုပ်ဝင်ရက်မှာ သူနောက်မကျချင်ဘူးလေ

ပန်းကုံး တွေ ကိုင်ပြီး ကားကိုတွေ့တာနဲ့ အသည်းအသန်ပြေးလာသည့်ကောင်လေးကြောင့် လမ်းဘေးချရပ်ပြီး ကားမှန်ဖွင့်ပေးလိုက်သည်။ ပါးပေါ်က ဝလုံးဝိုင်းဝိုင်းသနပ်ခါးလေးနှင့် ကြပ်တောင်စည်းစည်းထားသည့် ကောင်လေးကအမောတကောဖြင့်

"ဆရာ ဟိုနေ့က ပိုက်ဆံ အမ်းတာမစောင့်သွားလို့ဗျ 17000 ဒီမှာ ရေကြည့်ပါဗျ "

ကမ်းပေးလာသည့် ဟောင်းနွမ်း နေသည့် ပိုက်ဆံများ

" ထားလိုက်ပါ မုန့်ဖိုးပေးတာ"

"မယူပါဘူး ဆရာရယ် ပန်းဝယ် တာနဲ့ပဲ ဆရာ့ရဲ့ကျေးဇူးတွေ များနေပါပြီဗျ"

"လက်ထဲက ပန်းအကုန်ပေး"

"...." ကြောင်အမ်းအမ်းကြည့်နေတဲ့ က‌ေလးကို သူစိတ်မရှည်ပါ

"ပိုတာတွေ ယူထား မနက်တိုင်း ပန်းယူမယ် ကြိုပေးထားတာသဘာထားလိုက်"

"ဟုတ်ဆရာ ရပါတယ်ဗျ ဟီး"

သွားလေးတွေ ‌ေပါ်အောင်ထိရယ်ပြလာသည့်ကောင်လေးကို သူမျက်နှာလွှဲပြီး မောင်းထွက်လာခဲ့သည်။ ဒီဖြူစင်တဲ့ အရိပ်အမြုံလေးထဲမှာသူ မနစ်မွန်းချင်လို့များလား

......

"နောက်ကျတယ် "

"တောင်းပန်ပါတယ် ကောင်းကင် အကိုလည်း"

"ရိုရိုသေသေ သူဌေးဖြစ်ဖြစ် Boss ဖြစ်ဖြစ် ခေါ်ပါ အခုအချိန်မှာ ကျွန်တော်က The Unique ကုမ္ပဏီ ပိုင် စက်ရုံ အလုပ်ရုံတွေကို ဦးဆောင်မဲ့သူဖြစ်သလို Hotel လုပ်ငန်းရဲ့ ဥက္ကဋ္ဌ တစ်ယောက်ပါ ရိုရိုသေသေ ပြောဆိုဆက်ဆံ ဖို့လိုမယ် ကိုမိုးထက်ယံ "

တည်ကြည်လေးနက်ပြီး အမှန်တကယ်လေးစားစရာကောင်းသည့် ရုပ်ရည်နှင့် ကြည်လင်ပြတ်သားစွာ ပေါ်ထွက်လာသည့်စ ကားတို့ကြောင့် မိုးထက်ယံပြုံးလိုက်သည်ကောင်းကင်ဟာ တကယ်ပဲ အရွယ်ရောက်လာခဲ့ပြီပေါ့

I am not girl(Complete)Where stories live. Discover now