Chapter 26

6.3K 383 17
                                    

"Hello စိမ့်ငယ် ကိုယ်ဒီနေ့ လာမခေါ်ဖြစ်ဘူး"

"....."

စကားပြန်မပြောပေမဲ့ ဖုန်းလည်းကျမသွားသေး။ဒီဟာ စိမ့်ငယ် ကောက်သွားတာဖြစ်သည်။ကောင်းကင် ကလည်း   စိမ့်ငယ် အမူအရာ အကုန်ကို တိုက်ရိုက်သိနေသူဖြစ်တာကြောင့် သူ အိမ်တော်ကို ပြန်နေရင်း ကားပေါ်မှာ အသည်းအသန် ချော့မြူရတော့မည်။

"ဟို လူကိစ္စတစ်ခုလုပ်ထားလို့ မိသားစု meeting ဆိုပြီး ဖေဖေက ခေါ်လို့ ပါစိမ့်ငယ်ရယ်
ကိုယ်လည်း စိမ့်ငယ်ကိုပဲဦးစားပေးချင်တာ အခုက ဖေဖေက လုံးဝ မလာလို့ မရလောက်တဲ့ အထိ ခေါ်နေတာ ကိုယ့်လည်း..."

"ရပါပြီ စိမ့်ကို မမေ့မလျော့ပဲဖုန်းဆက်တာ ကျေးဇူး"

"ကိုယ့်ကိုချစ်လား"

ထိုအမေးစကား၌ စိမ့်မျက်ခုံးတွေတွန့်ကျိုးသွား၏။ဘာလို့ဒီမေးခွန်းကို သူကရွေးချယ်လိုက်ရတာလဲ

"ကိုယ်  ချစ်တယ်ဆိုတာ သိတယ်မလား "

"မသိဘူး"

"အဆိုးလေး ကျောင်းသွားချိန် ရောက်ပြီ သွားတော့ နေ့လည်ကျ ကိုယ်လာခဲ့မယ် "

"ဟုတ် Marry Brown ဝင်ပြီးကြက်ကြော် ဝယ်ခဲ့"

"ဟုတ်ပါပြီ ခင်ဗျာ"

"ချစ်တယ် "

စိမ့်ငယ်ထံက ကြားလိုက်ရတဲ့ ထိုစကားသံလေးကြောင့်ကောင်းကင်ရင်ထဲနွေးကနည်း

ဖုန်းကို ယုယုယယ နမ်းလိုက်မိတယ်။တစ်ဖက်သူရဲ့ ပါးပြင်အမှတ်နဲ့ပေါ့

........

ကောင်းကင်အိမ်တော်ကိုရောက်တော့ ခပ်တည်တည် သာသူ့နေရာသို့ဝင်ထိုင်လိုက်သည်။ ဟိုမိန်းမကြီးနဲ့ သူ့သားကတော့ မျက်နှာ မကောင်းကြ ဖေဖေကလည်း ဒေါသတကြီး ဖြစ်နေတာမျိုး ငြိမ်သက်နေတဲ့ စကားဝိုင်းမှာ ဖေဖေက ဖြစ်နေတဲ့ ပြသနာ အစုံကိုပြောပြတော့ ထိုလူ့မျက်နှာကိုကောင်းကင်လှမ်းကြည့်လိုက်မိတယ်

ဝင်းကို နဲ့သိပ်တူတယ် ။ ဝင်းကိုလည်း သူမိဘတွေစကားကိုမလွန်ဆန်နိုင်တဲ့ကောင်ပဲ။ဝင်းကို ကမိဘနဲ့ သူ့ချစ်သူကြားမှ ပဲလှော်ကြားဆားညှပ်သလို အချိန်တော်တော်ကြာ ရူးမလိုဖြစ်ခဲ့ဖူးတယ်။ပြီးတော့ သူက သူငယ်ချင်းတွေဆုံတိုင်း ငိုရင်းပြောပြတတ်တယ်

I am not girl(Complete)Where stories live. Discover now