ep1 uni

3K 117 2
                                    

ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်

အပိုင်း 1

ပေကျင်းသက္ကသိုလ်တွင်

"ရှောင်းကျန့် ကျားရို"

"ဝမ်ရိပေါ် ကျားရို"

ကျောင်းသူလေးများက သူ့ထက်ငါအပြိုင်အားပေးနေကြတယ်။

"Ready 1 2 3 go"

ပြောတာနဲ့တစ်ပြိုင်နက် ကျောင်းသားများက အနိုင်မခံအရှူံးမပေးဆိုတဲ့ ဂုဏ်ပုဒ်ကို ဆောင်ထားပြီး ပြေးနေကြတယ်။ ဒီတစ်သုပ်ပြိုင်တဲ့လူတွေကတော့ ဝမ်ရိပေါ်၊ ရှောင်းကျန့် ၊ ဝမ်ကျိုးချန် ၊ လျှိုဟိုက်ခွမ်း ၊ ဝမ်ဟောက်ရွှမ်း  နဲ့ အခြားအခန်းက ကျောင်းသားနှစ်ယောက်လည်း ပါတယ်။

ဒီနေ့က ကျောင်းအားကစားကျင်းပတဲ့နေ့မို့လို့ ကျောင်းသားကျောင်းသူတွေလည်း ကွင်းအပြည့်ဖြစ်နေတယ်။
ခနနေတော့ ပြိုင်တဲ့လူတွေထဲကနေ ရှောင်းကျန့်၊ ဝမ်ရိပေါ် နဲ့ လျှိုဟိုက်ခွမ်း တို့က ကြိုးနဲ့ နီးလာတယ်။ တစ်ဆက်တည်းမှာပဲ ရှောင်းကျန့်က ပြေးတဲ့အရှိန်တင်လိုက်တော့ ပထမဆုံးပန်းဝင်သွားတယ်။ အဲဒါကို ဝမ်ရိပေါ်က ကြိတ်မနိုင်ခဲမရဖြစ်နေတာပေါ့။ ဘာလို့လည်းဆိုတော့ သူတို့ရဲ့ မေဂျာကွင်းကို ရိပေါ်က ကြိုက်နေတာလေ။

ဒါပေမယ့် မေဂျာကွင်းက ရှောင်းကျန့်ကိုပဲ သဲသဲလှုပ်ချစ်နေပြီး သူ့(ရိပေါ်)ကိုရှိတယ်လို့တောင် မထင်တော့ ရိပေါ်က ရှောင်းကျန့်ကို မုန်းနေတယ်။

အဲ့တာကြောင့် ရိပေါ်ကရှောင်းကျန့်ကို အမြဲတမ်း လိုက်ပြိုင်နေတတ်တယ်။ ဒါပေမယ့် အဲ့တာတွေက ရှောင်းကျန့်ရဲ့ မျက်လုံးထဲမှာတော့ သူ့ကိုကြိုက်လို့ သူနဲ့ နေရာတကာ လိုက်ပြိုင်နေတယ်လို့ ထင်သွားတယ်။ (တွေးချလိုက်ပုံများ😂)

အခုန နေရာကို ပြန်သွားလိုက်ကြရအောင်...
ပြိုင်ပွဲလညိး ပြီးသွားတော့ မေဂျာကွင်းက ရှောင်းကျန့်ဆီကိုလာပြီးပြောလိုက်သည်။

"ဂုဏ်ယူပါတယ်နော် ကျန့် ဒါမှမဟုတ် ဒီလိုလုပ်ပါလား။ ကျွန်မရှင့်ကို ဂုဏ်ပြုတဲ့အနေနဲ့ နေ့လည်စာဝယ်ကျွေးမယ်လေ"

ပိုင်ဝေဝေက ရုံးပဒေသီးကိုမှ ရှားစောင်းလက်ပတ်သုတ်ထားတဲ့လေသံနဲ့
ပြောနေသည်။

"ညီမရဲ့ စေတနာကို အစ်ကိုလက်ခံပါတယ်။ ဒါပေမယ့်ကိုယ် ကိုယ့်သူငယ်ချင်းတွေနဲ့ချိန်းပြီးသား ဖြစ်နေလို့ပါ ဆောရီးပါနော်"

"ဒါဆိုလည်း အစ်ကိုအားတဲ့အချိန် ဝေ့ကိုပြောလေ ဝေ ကြိုတင်ဘိုကင်လုပ်ထားလိုက်မယ်လေ"

သူတို့နှစ်ယောက်စကားပြောနေတာကို အဝေးကနေ ဂျယ်လီကို ရှာလကာရည်ထဲနှစ်ထားတဲ့ရုပ်နဲ့ ကြည့်နေတဲ့သူ နှစ်ယောက်လဲ ရှိနေတယ်တဲ့

Tbc~~~

27.3.2022(sun) 11:46am

 ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်[COMPLETED]Where stories live. Discover now