ep-32 uni

446 32 0
                                    

ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်

အပိုင်း (32)

ဝမ်လေးတု့ိနေ့လည်စာစားပြီး ဝမ်ကရုံးခန်းထဲကဆိုဖာရှည်ကြီးပေါ်ထိုင်ပြီး ဂိမ်းဆော့နေသည်။ ရှောင်းကတော့သူလုပ်လက်စအလုပ်ကို လုပ်နေလေသည်။
လေထုကအေးချမ်းပြီးကြည်နူးစရာပင်။ ဒါပေမယ့်အဲ့တာကိုအသံတစ်သံကဖျက်လိုက်၏။

"မန်နေဂျာရှောင်း "
(ရှောင်းကမန်နေဂျာပဲရှိပါသေးတယ်နော် သူကအောက်ခြေကနေလုပ်တာဆိုတော့)

"ဝင်လာပါ"

"ဟုတ်ကဲ့ ဒါကဒီနေ့အတွက်အစီအရင်ခံစာတွေပါ"

"အင်း ထားခဲ့"

"ဟုတ်ကဲ့ဗျ"

"ဘာပြောစရာရှိသေးလို့လဲ"

"အဲ့တာက အခုနကမမလေးရိုစ့်က ဖိတ်စာတစ်စောင်ထားသွားပါတယ် လာဖြစ်အောင်လာဖို့လဲပြောထားပါတယ်"

ဝမ်ကလဲရုတ်တရက်ဝင်ပြောလာသည်။
"ရှောင်း.သွားရအောင်လေ"

ရှောင်းလဲဝမ့်ဖက်ကိုလှည့်၍မေးလိုက်၏။

"ဝမ်ကသွားချင်လို့လား"

"အင်း..အဲ့ကမုန့်သွားစားမို့"
ဝမ်ကအသနားခံတဲ့မျက်နှာပေးလေးလုပ်ပြီး ရှောင်းကိုချွဲတော့သည်။

အစကတည်းကဝမ့်ကိုအလိုလိုက်အကြိုက်ဆောင်ထားတဲ့ရှောင်းကလည်း ချက်ချင်းကိုသဘောတူလိုက်တော့သည်။

"အင်းပါ သွားကြတာပေါ့ ဒါနဲ့အချိန်က.."

"မနက်ဖြန် ည(၈)နာရီကနေစမှာပါ"

"အင်း ဝတ်စုံပြင်ထားပေး"

"ဟုတ်ကဲ့"

"သွားလို့ရပြီ"

"ဟုတ်"

"ရှောင်း ငါ..ငါလေ"

"အင်း.ဘာစားချင်တာလဲ"

"အင်းးးး..မသိသေးဘူး ရှောင်း. အရင််ဝတ်စုံပြင်ထား..ကျန်တာနောက်မှ"

 ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်[COMPLETED]Where stories live. Discover now