ep-39 uni

496 35 1
                                    

ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်

အပိုင်း (39)

မြို့၏တစ်နေရာတွင် ကောင်မလေးတစ်ယောက်နှင့် ကောင်လေးတစ်ယောက် တွေ့ဆုံနေကြသည်။

ကောင်လေးကစကားစသည်။
"အဆင်ပြေလား"

ကောင်မလေးကဟွန့်ဆိုတဲ့အသံကို လုပ်လိုက်ပြီး
"ငါလုပ်တာဘယ်တုန်းကမအောင်မြင်တာရှိလို့လဲ"

"ဟုတ်တာပေါ့ဗျာ ဒါဆိုသတင်းကောင်းစောင့်နေမယ်နော်"

"စောင့်နေလိုက်ပါ အဟက်"

"ကဲ ဒါဆိုကျွန်တော့်ကို ခွင့်ပြုပါအုံး ရှောင်းကတော်"

"ဟုတ်ကဲ့ ဥက္ကဌကြီး"

အပြုံးကိုယ်စီနဲ့ လူနှစ်ယောက် လမ်းခွဲခဲ့ကြသည်။ အနာဂတ်ရဲ့ရွှေရောင်လွမ်းနေသော နေ့များကိုစိတ်ကူးယဉ်လျက်နှင့်။

_______________>>>>>>><<<<<<<<____________



ရိုစီ့ကိုစောင့်ကြည့်ခိုင်းထားတဲ့ လူဆီကနေ massageတစ်စောင်ဝင်လာလို့ ရှောင်းဝင်ကြည့်လိုက်သည်။

"ကလေးသူငယ်အကွက်တွေနဲ့ လာလှည့်စားချင်နေတာပဲ အဟက်"

[သက်သေတွေထပ်စုထား
နောက်အပါတ်ကျဘယ်သူအနိုင်ဆိုတာ ပေါ်လာတော့မှာလေ]

{ဟုတ်ကဲ့ သခင်dark}

ရှောင်းတစ်နေကုန် ဝမ်လေးနဲ့အဖော်ပြုပေးနေသည်။

သမီးဦးလေးဆိုတော့ ဘာမှလဲမလုပ်တတ်ကြ။
အစကတော့ မားတို့ကလာပြီးလုပ်ပေးသည်။
ဒါပေမယ့် ဝမ်လေးကကိုယ်တိုင်လုပ်ချင်သည်။

ရက်နည်းနည်းကြာတော့
ဆေးရုံကဆင်းခွင့်ရပြီ။ ချုပ်ရိုးလဲဖြေပြီးပြီ။ လက်တလောတော့ အိမ်မှာပဲ ကလေးကိုပြုစုနေသည်။

ရှောင်းကတော့အလုပ်သွားပြီ။
ပျက်ထားတာလဲကြာနေပြီလေ။ တော်သေးတာကရှောင်းပါးကဦးစီးနေသေးလို့ပင်။

ဝမ်လေးကတော့ သမီးလေးကိုအဝတ်လှဲပေးပြီး
မေအော်လေးအတွက် နို့ပြင်ပေးနေသည်။ နို့ဘူးကိုခါပြီး အပူချိန်စမ်းရန် လက်ပေါ်သို့အစက်အနည်းငယ်ချလိုက်သည်။

 ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်[COMPLETED]Where stories live. Discover now