ep-9uni

1.1K 59 0
                                    

ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်

အပိုင်း(9)

(3)လလောက်ကြာတော့...
ရှောင်းလည်းသူ့မိသားစုပိုင် companyမှာအလုပ်ဆင်းနေပြီ၊ ရှောင်းဒီနေ့companyသွားနေတုန်းရင်ဘတ်ကဆစ်ခနဲ့ဖြစ်လာတာမို့ အိမ်ကိုဖုန်းခေါ်ကြည့်နေသည်၊ (ရှောင်းနဲ့ဝမ်ရဲ့အိမ်ပါနော်)

"ဟယ်လို "

"ဟုတ်ဘာပြောမလို့လဲသခင်လေးရှောင်း" အန်တီကျန်းကပြန်ဖြေလာ၏၊

"ရိပေါ်ရော"

"သခင်လေးဝမ်က မနက်ကတည်းကနေအခုထိအောက်မဆင်းလာသေးလို့ သွားကြည့်တာ သူ့အခန်းသွားတော့လဲ အန်နေတဲ့အသံတွေကြားနေရလို့ ဆေးသွားပေးမလို့လုပ်ရင်း သခင်လေးဖုန်းခေါ်နေတာနဲ့တိုးသွားတာ"

"အာ..ဒါဆိုဒေါက်တာမြန်မြန်ခေါ်လိုက်လေ "

"ဟုတ် ကျွန်မလည်းအခုခေါ်တော့မလို့ပါ"

"အင်း ကျွန်တော်လည်း ပြန်လာခဲ့မယ် ဒါဆိုဒါပဲနော်"
ရှောင်းဖုန်းချလိုက်သည်၊.

အန်တီကျန်းလည်း ဒေါက်တာကိုမြန်မြန်ဖုန်းဆက်လိုက်ပြီး သခင်လေးဝမ်နေမကောင်းဖြစ်ပြီးအန်နေလို့ ဆိုပြီးမြန်မြန်လာဖို့ပြောသည်၊.

အိမ်ကိုရောက်တော့ ဒေါက်တာကအရင်ရောက်နှင့်နေပြီး ဝမ့်ကိုစမ်းသပ်ပေးနေသည်၊ သူက ထပ်ခါထပ်ခါစမ်းသပ်၏၊.တစ်ခါစစ်ဆေးပြီးတိုင်းလဲ မျက်နှာပေါ်မှာ အံ့အားသင့်မှုအထင်းသားဖြင့်၊ နောက်ဆုံးတစ်ခေါက်စမ်းသပ်ပြီး ဆုံးဖြတ်ချက်ချလိုက်သောလေသံဖြင့် ရှောင်းကိုပြောလာသည်၊

"ဂုဏ်ယူပါတယ်ရှောင်းသခင်လေး ဝမ်သခင်လေးက ရင်သွေးလေးလွယ်ထားရပါတယ် အခုဆိုရင်၅ပတ်လောက်ရှိနေပါပြီ ဒါပေမယ့်မသေချာသေးတော့ဆေးရုံမှာနောက်တစ်ခေါက်ထပ်ပြီးစစ်ဆေးစေချင်ပါတယ်"

"ဖြစ်နိုင်လို့လားရိပေါ်ကအမျိုးသားတစ်ယောက်လေ"

"ဟုတ် ကျွန်တော်လည်းဒီနယ်ပယ်မှာ မထူးချွန်ဘူးဆိုပေမယ့် ဝမ်သခင်လေးမှာတကယ်ပဲကိုယ်ဝန်ရှိနေပါတယ် ကျွန်တော်လည်းထပ်ခါထပ်ခါစမ်းသပ်ထားတာပါ ဒါမျိုးကရှားတယ်ဆိုပေမယ့် ဥပမာပြောရမယ်ဆိုရင် အကယ်၍ မိခင်ရဲ့ဗိုက်ထဲမှာ boy&girl အမွှာရှိနေမယ်ဆိုရင် မိန်းကလေးဘက်ကသားအိမ်ကယောက်ျားလေးဘက်ကိုရောက်သွားတာမျိုးပါ တစ်ချို့တွေကတော့ ဒွိလိင်အဖြစ်မွေးဖွားတာလိုမျိုးလည်းရှိပေမယ့် အဲ့ဟာတွေကအရမ်းရှားပါးပါတယ်၊ တစ်ချို့က ဝမ်းဗိုက်ချင်းဆက်နေတာမျိုးတွေလည်းရှိပါတယ် အဲ့လိုမျိုးဆိုရင်ဘယ်ဘက်ကိုရွေးရမလဲဆိုပြီးတော့အရာဝန်တွေကမေးပါတယ်........ #$%#$%&*#$%&"(တော်ပြီဆက်မရှင်းပြတတ်တော့ဘူး ဆေးပညာလည်းမသိတော့ အမှားပါရင်လည်းသည်းခံဖတ်ပေးကြပါလို့)

ခနနေတော့ဝမ်လေးကမျက်တောက်ကိုပုတ်ခပ်ပုတ်ခပ်လုပ်ရင်းမျက်လုံးလေးတွေဖွင့်လာသည်၊သူတွေ့လိုက်ရတာက ရှောင်းကျန့်က ထိုင်ခုံပေါ်မှာထိုင်ပြီးကုတင်ပေါ်မှာလက်တွေကိုထား၍ ခေါင်းကိုလက်ပေါ်မှာထားပြီးအိပ်နေသည်၊(လက်နှစ်ဖက်ကိုရှေ့ဆန့်ပြီး လက်မောင်းပေါ်မှာခေါင်းတင်ပြီးအိပ်နေတာ)

ရှောက်းလည်းဝမ်ကနည်းနည်းလေးလှုပ်လာတော့သူလည်းနိုးလာသည်၊

"ဝမ်သက်သာလား ကိုယ်ဘာလုပ်ပေးရအုံးမလဲ နေလို့ကောင်းလား ရေဆာလား အခုဘာစားချင်နေလဲ ရင်ထဲမှာရောမအီမသာဖြစ်နေလား"

သူ(ဝမ်)နိုးကတည်းကနေ စကားတွေအဆက်မပြတ်ပြောနေတဲ့ရှောင်းကြောင့် ရိပေါ်လေးက မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ရှောင်းကို ကြည့်နေသည်၊.ခနနေတော့ အသိပြန်ဝင်လာသလိုဖြစ်သွားပြီး

"ဟင့်အင်း သန့်စင်ခန်းထဲပဲသွားမယ်'လို့ပြောပြီးအမြန်ဆင်းဖို့လုပ်တော့ ရှောင်းကပြာပြာသလဲဖြင့်

"ဝမ်ကအခုမပေါ့မပါးကြီးနဲ့ကို ကိုယ်ပို့ပေးမယ်လေ"

"ဟမ် ဘာမပေါ့မပါးလဲ' ဝမ်ကနားမလည်လို့ရှောင်းကိုမေးတော့ရှောင်းက ဆရာဝန်ပြောသမျှကိုဝမ့်ကိုပြန်ပြောပြသည်၊

"ဒီလိုဝမ်ရဲ့ #$%@&%$@#$%----"

"ဘာာာ" အိမ်ထဲတွင်ဝမ်ရိပေါ်ရဲ့အော်သံကြီးကရုတ်တရက်ထွက်ပေါ်လာသည်၊.အိမ်ရှေ့ကသစ်ပင်ပေါ်မှာရှိတဲ့ငှက်လေးတွေလည်းလန့်လွန်းလို့ ဝုန်းခနဲ ပျံတက်သွားကြသည်၊


TBC ~~~~~~~~

17.4.2022(sun)3:39pm

ဒီအပိုင်းကအရှည်ကြီးပဲ😍

 ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်[COMPLETED]Where stories live. Discover now