ep-33 uni

425 32 0
                                    

ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်

အပိုင်း (33)

နောက်နေ့ရောက်တော့...

ဝမ်တစ်ယောက်ပျော်နေလေ၏။ ဘာလို့လဲဆိုတော့ သူကသူများပါတီပွဲမှာ အပြတ်ကဲဖို့စီစဉ်ထားတာကြောင့်ပင်။
ပြီးတော့သူဟာ ရှောင်းကိုဆင်တူဝတ်စုံဝတ်ရမယ်လို့လည်း ပြောထားသေး၏။ သူတို့ကနက်ပြာရောင်ဝတ်စုံကို ဝတ်သွားကြမှာဖြစ်သည်။ ဝမ်ကတော့ချောင်ချိချိလေး ဝတ်ရမှာပေါ့။ ရှောင်းကတော့သူ့အတိုင်းနဲ့ အတိချုပ်ထားတာကြောင့် အလွန်သပ်ရပ်ပြီး ရုပ်ရှင်မင်းသားအတိုင်းချောမောခန့်ညားနေသည်။

ဝမ်ကတော့ရှောင်းကို မနာလိုဖြစ်နေတော့တယ်။ သူကျတော့မလှမပ ဝတ်ထားရချိန်မှာ ရှောင်းကလူပျိုရှုံးအောင် ချောမောနေသောကြောင့်ဖြစ်သည်။
"ရှောင်း..ဝတ်စုံလဲလိုက်ရင် မကောင်းဘူးလားဟင်"
ဝမ်မနေနိုင်တော့တာကြောင့် ရှောင်းကိုထိုသို့မေးလိုက်သည်။

ရှောင်းကလည်း ခေတ္တကြောင်သွားပြီး တစ်ချက်ရယ်လိုက်သည်။
"ကိုယ်ဝတ်ထားတာ ကြည့်လို့မကောင်းလို့လား"

ဝမ်ကခေါင်းတစ်ဆတ်ဆတ်ညိတ်ပြီး
"ဒါပေါ့..ဒါပေါ့.. အတိုင်းထက်လွန်ပဲ ငါတောင်မင်းယောက်ျားမို့ ကြည့်နေနိုင်တာ"

ရှောင်းကရယ်ချင်တာကို အတင်းဖိနှိပ်ပြီး
"အွန်းပါ ဒါဆို.ကိုယ်နောက်တစ်စုံလဲလိုက်မယ်"

နောက်တစ်စုံလဲလိုက်သော်လည်း..
ပို၍ပင်ကြည့်ကောင်းနေသောအခါ
ဝမ် မုဒ်"....😒😞"

"ဝမ် ဘာဖြစ်လို့လဲ ကြည့်လို့မကောင်းသေးလို့လား"

ဝမ်လည်းမထိန်းနိုင်တော့ပဲ ငိူချမိတော့သည်။
"ရှောင်းက..ငါ့ထက်.အင့်. ပိုချောနေတာ. ငါကကျဗိုက်စူစူနဲ့.ဟင့်.ဝါး😭😭😭"
တွေးရင်းတွေးရင်း ဝမ်းနည်းလာတာကြောင့် ဝမ်လေးငိုချမိတော့သည်။
(ဟုတ်သား ကလေးလဲလှချင်တာပေါ့ )

"အာ..အယ်..ဒါ.ဒါဆို.ဝမ်ကြိုက်တာပြောလေ ကိုယ်ဝတ်ပေးမယ်"
ရှောင်းလည်းဝမ်ငိုတော့ ပြာပြာသလဲဖြစ်သွားပြီး စနေရာကရပ်လိုက်တော့သည်။

 ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်[COMPLETED]Where stories live. Discover now