ep-23 uni

542 40 0
                                    

ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်

အပိုင်း (23)

ဒီနေ့တော့ ရိပေါ်တစ်ယောက်ထဲကျောင်းကို အစောကြီးထွက်လာခဲ့သည်။ ဘာကိုစိတ်တိုင်းမကျမှန်းလည်းသူမသိပေ။ သူသိတာကသူ့ရင်ဘတ်ထဲမှာအဆင်မပြေဘူးဆိုတာပါပဲ။ ထို့ကြောင့်သူကကျောင်းစောစောလာပြီး ကန်တင်းမှာထိုင်နေသည်။ အဲ့တာကလည်းဘယ်သူမှမမြင်နိုင်တဲ့ ထောင့်ဆုံးနားကခုံလေးမှာ နေရာယူထားသည်။ သူက လိမေ္မာ်သီးဖျော်ရည်တစ်ခွက်နှင့်၊ ကြက်သားဘာဂါတစ်ခုမှာလိုက်သည်။ ပြီးတော့သူကရုတ်တရက်ကြီးမြင်လိုက်ရတဲ့ အစပ်ဟင်းလျာတွေကြောင့် မကြုံစဖူးတံတွေးတွေမျိုချလိုက်မိသည်။ သူကမာလာဟင်းတစ်ပွဲကိုလည်း အစပ်များများထည့်ပြီး နောက်ထပ်ထမင်းလိပ်တစ်လိပ်လည်း မှာလိုက်သေးသည်။ (ကျောင်းနားကပါ၊ကျောင်းဝင်းထဲကမဟုတ်)

အစားအသောက်တွေကမကြာခင်ပဲရောက်လာခဲ့သည်။.အရင်ဆုံးလိမေ္မာ်သီးဖျော်ရည်က အရင်ရောက်လာခဲ့ပြီး၊ နောက်မှကြက်သားဘာဂါနှင့်အတူ မှာထားသမျှတစ်မျိုးပြီးတစ်မျိုးရောက်လာခဲ့သည်။ ရိပေါ်လည်းရောက်လာတာနဲ့တစ်ပြိုင်နက် ဇွန်းတစ်ချောင်း၊တူတစ်စုံကို အလျင်အမြန်ပင်ထုတ်ယူလိုက်ပြီး အစားအသောက်များကို စတင်ဆွဲတော့သည်။ မာလာဟင်းလေးစားလိုက်၊စပ်ရင်ဖျော်ရည်လေးသောက်လိုက်၊ ပြီးရင်ဘာဂါလေးစားလိုက်၊ နောက်ကျရေညှိထမင်းလိပ်ကိုစားတော့သည်။ (ရေးနေရင်းနဲ့ ဂလု..)

အပီအပြင်ဆွဲသွားပြီးတော့ သူကပိုက်ဆံရှင်းလိုက်ပြီး ကျောင်းထဲသို့ဝင်လာခဲ့သည်။
'စားကောင်းကောင်းနဲ့စားနေတာ ကျောင်းတက်သွားပြီလားမသိ' သူလည်းမြန်မြန်လျှောက်သွားလိုက်သည်။

"ဟို.ဒီကရှောင်ကောကော.. ဟိုရုံးခန်းကိုဘယ်လိုသွားရတာလဲဟင်" ရုတ်တရက်လမ်းသွားနေသော ရိပေါ်ကိုမိန်းကလေးတစ်ယောက်က လမ်းကိုတားလိုက်ပြီးရုံးခန်းကို ဘယ်လိုသွားရမလဲလို့မေးနေသည်။

သူလည်းကျောင်းသူအသစ်ထင်လို့ ရုံးခန်းသွားတဲ့လမ်းကိုညွှန်ပြလိုက်သည်။

 ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်[COMPLETED]Where stories live. Discover now