ep-16 uni

667 44 0
                                    

ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်

အပိုင်း(16)

(ဒီမှာပြောချင်တာက သူတို့နမ်းတုန်းကဟာကညနေပိုင်းပါ ဝမ်ကပြန်ထသွားပြီး ပါတီပွဲမှာပြန်သွားသောက်တာပါ ဒါကနောက်ကြောင်းပြန်ခြင်းတစ်ခုပါ၊ အဆက်အစပ်မရှိမှာဆိုးလို့ အစပိုင်းမှာပါတယ်နော်)

ရှောင်းကအရက်မူးနေပြီးရစ်နေတဲ့ ရိပေါ်လေးကိုမျက်တောင်မခတ်ကြည့်နေ၏၊ တစ်ခါစကားပြောတိုင်းဆူထွက်လာတဲ့ နှုတ်ခမ်းဆူဆူလေးကိုငေးကြည့်ရတာလည်းအမော၊ သတွေးတွေလည်းမျိုချရလွန်းလို့ အာခေါင်တွေလည်းခြောက်နေပြီ၊ ထို့ကြောင့်ရှောင်းက ရှေ့မှာရှိနေတဲ့အရက်ခွက်ကိုကောက်မော့ထည့်လိုက်သည်။

ရိပေါ်လေးကလည်း ဟောက်ရွှမ်းကိုရစ်လို့ကောင်းနေ၏။
ဟောက်ရွှမ်းကလည်း သူ့ညီကရှောင်းကျန့်ကိုကြိုက်နေတယ်ထင်ပြီး နောက်ထပ်ကောင်းတာတွေအများကြီးရှိတယ်။သူမိတ်ဆက်ပေးမယ်ဆိုပြီးပြောနေ၏။

ထိုအချိန်တွင် သူကြိတ်ခွက်နေတဲ့ သူတို့အတန်းက စုန့်ကျီရန်ကသူ့နားကိုလာပြီး စကားလာပြောနေတော့ သူလည်းသူ့ညီဖြစ်တဲ့ရိပေါ်ကိုမေ့သွားခဲ့သည်။

အဲ့အချိန်မှာတခြားအတန်းကကောင်လေးတွေကရိပေါ်ကိုရိသဲသဲလာလုပ်ကြသည်။

သူတို့ထဲကတစ်ယောက်ဆိုရင် ရိပေါ်ကို
"ဟေး အလှလေး ကိုယ်တို့နဲ့လိုက်ခဲ့ပါလား ကိုယ်တို့မင်းကို ကောင်းကောင်းကြီး..ပြုစုပေးမယ်လေ..ဟဟ.."

အရာအားလုံးကိုအတိုင်းသားကြားနေရတဲ့ ရှောင်းကျန့်လဲအငြိမ်မနေနိုင်တော့၊ သူတို့စလာကတည်းကနေသူ့ခမျာဒေါသထွက်နေရတာ။ ထို့ကြောင့် ရှောင်းလည်း သူတို့အနားသွားလိုက်ပြီး အဲ့လိုပြောတဲ့တစ်ယောက်ကို ဘာစကားမှမပြောဘဲ ထိုးချပလိုက်သည်။

ဟိုဘက်ကလည်း ကျောင်းလူဆိုးတွေဆိုတော့ သူတို့တွေကသူတစ်ပြန်ကိုယ်တစ်ပြန်ချကြ၏။ ရှောင်းလည်း ကြာလာတော့ အထိနာလာသည်။ ထို့ကြောင့်သူကမြန်မြန်ပြေး ဝမ့်ကိုခေါ်၍ ပြေးထွက်ခဲ့သည်။

"ဟော.ဟဲ...ဟောဟဲ...."

အမူးသမားလေးရိပေါ်ကတော့အခြေအနေမသိသေးဘဲ

"ဘာလို့ငါ့ကို...အေ့.
ဆွဲတာလဲ..အေ့..ပြန်ပို့ပေး..အေ့.. ငါပြန်သွားသောက်မလို့....အေ့"

ရှောင်းလည်းဆက်သောက်ချင်နေသေးတဲ့ ရိပေါ်ကိုအဆောင်ဘက်ဆွဲခေါ်သွားပြီး ရေချိုးခန်းထဲဝင်သွားသည်။ ပြီးတော့ရိပေါ်ကိုရေအမြန်ချိုးခိုင်းလိုက်သည်။ ရိပေါ်လည်းငြင်းပြီး အရက်ပဲဆက်သောက်မယ်လို့ပြောနေတာကြောင့် ရေချိုးခန်းထဲမှာ ဝရုန်းသုန်းကားဖြစ်သွားပြီး သူတို့နှစ်ယောက်လည်း ရေတွေရွှဲရွှဲစိုသွားတော့သည်။

ရှောင်းလည်းဝမ့်ရဲ့အင်္ကျီတွေကိုအမြန်ချွတ်လိုက်သည်။ ထို့နောက်ဝမ့်ကိုအပြင်ဘက်ဆွဲခေါ်လာပြီး ကုတင်ပေါ်ကိုပြစ်ချလိုက်ပြီးပြောလိုက်၏၊

"အိပ်တော့..ဝမ်"

ဝမ်ကအတင်းရုန်းတော့သူကဝမ့်ကိုဆွဲဖက်လိုက်ပြီးထပ်ပြောသည်၊

"ဝမ်.အိပ်တော့ပါဆို..."

"မအိပ်ဘူး..ငါအိမ်ပြန်မယ်....ငါအိမ်ပြန်ချင်တယ်....ငါ့ကိုပြန်ပို့ပေး"

"နောက်ကျနေပြီလေ..ဝမ်ရယ်.. မနက်ဖြန်ကိုယ်လိုက်ပို့ပေးမယ်နော်...အခုတော့အိပ်တော့နော်"

"ဟင့်အင်း... ရဝူး..အိပေါ်ယေးကအိမ်ပြန်ချင်ယာပါချို...လိုက်ပို့ပေးပါညော်...ညော်ယို့..."

မပီကလာပီကလာလေးပြောပြီး ချွဲနေတဲ့ရိပေါ်ရဲ့ new ver လေးကြောင့် ရှောင်းလည်း အရည်ပျော်ကျသွားပြီး နောက်ဆုံးတော့ ရိပေါ်ကို အိမ်လိုက်ပို့ပေးမယ်လို့ပြောလိုက်ရသည်။

"အွန်း.. ဝမ်..အဝတ်လဲလိုက်..ကိုယ်လိုက်ပို့ပေးမယ်.."

"ယေး..တကယ်ညော်..လိမ်ရဝူး..မဟုတ်ရင်တော့..အင်း"

ရှောင်းလည်း ဆက်၍နားထောင်နေသည်။
ဝမ်လည်းဆက်၍စဉ်းစားနေ၏။ စဉ်းစားရင်းတဖြည်းဖြည်းခေါင်းရှုပ်လာတာကြောင့် ဆက်မပြောတော့ပဲ ရှောင်းကိုမြန်မြန်လိုက်ပို့ပေးဖို့ပြော၏။

"ဟာ..နာလည်းသိတော့ဝူး..ရှောင်း..နာ့ကိုမြန်မြန်လိုက်ပို့ပေးပါချို"

"အွန်းပါ... ဟုတ်ပါပြီ.. ဟောဒီကသခင်လေးသဘောအတိုင်းပါပဲဗျ...."

သူတို့နှစ်ယောက်လည်း အဝတ်အစားတွေလဲပြီး ဝမ်အိမ်တော်ကိုအတူသွားခဲ့ကြသည်။

Tbc~~~~~

12.5.2022(thurs) 7:04pm

#အချစ်များစွာဖြင့်
#MyatNoe415
#2680 words









 ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်[COMPLETED]Место, где живут истории. Откройте их для себя