အပိုင်း (24)
ရှောင်းကဝမ့်ကိုချီပြီး အိမ်ကိုချီလာခဲ့သည်။ ဆရာဝန်ခေါ်မလို့လုပ်ပေမယ့် ဝမ်လေးကဆေးရုံဆေးခန်း ဆေးဆိုတဲ့စာလုံးကိုအလွန်မုန်းတာကို သတိရလိုက်တာကြောင့် မခေါ်ဘဲအိမ်ကိုပဲပြန်လာခဲ့လိုက်သည်။
"ဒေါ်လေးကျန်း ရေတစ်ခွက်လောက်ယူခဲ့ပေးပါ"
"ကောင်းပါပြီ သခင်လေးရှောင်း"
ရှောင်းကလည်း ဝမ့်ကိုချီ၍သူတို့ရဲအိပ်ခန်းထဲကို ဝင်လာခဲ့သည်။ ပြီးတော့ဝမ်လေးကို ကုတင်ပေါ်ဖြေးဖြေးလေးချလိုက်သည်။
"ဟူး. ခက်တာပါပဲကွာ.ဝမ်ကလည်းဆရာဝန်တွေကို. ကြောက်တာကိုး. မဟုတ်ရင်ဆေးတစ်လက်ဆိုပျောက်ပြီ🙀"
"အွန်း..အင်း..ယား.. ငါဘယ်ကိုရောက်နေတာလဲ.. ကြည့်လိုက်တော့မှရင်းနှီးနေသလိုပဲရော်"
"ထလာပြီလား.. "
"ဟင်..မင်းကဘယ်လိုလုပ်"
"ဝမ်ရာ..မင်းမနက်ကဘာမှမစားထားဘူးလား"
"မဟုတ်တာ"
"ကိုယ်မယုံဘူး. ဘာစားခဲ့တာလဲ.သေချာပြောပြ"
"ယုံချင်ယုံ၊ မယုံချင်နေကွာ. ငါအများကြီးစားထားပါတယ်ဆို"
"ဘာမှမဟုတ်ဘူး ကော်ဖီတစ်ခွက်ပဲသောက်ထားတာမဟုတ်လား "
"မဟုတ်ပါဘူးဟ"
"ဒါဆိုဘာတွေစားခဲ့တာလဲ"
"အမ်း.ငါက..ကြက်သားဘာဂါ၊ မာလာဟင်းတစ်ပွဲ၊ ထမင်းလိပ်တစ်ပွဲနဲ့ ခေါက်ဆွဲတစ်ထုပ်ပြီးတော့ လိမ္မော်ဖျော်ရည်တစ်ခွက်သောက်ထားသေးတယ်ဒီလောက်ဆိုရပြီလား"
"အော်..အဟမ်း..အင်း.. ဒါဆိုထူးဆန်းတယ် ဘာလို့မေ့လဲသွားတာပါလိမ့်"
"မသိဘူး..စားထားတာများလို့လားမသိ ရင်ပြည့်လာတာ အန်တော့လဲမထွက် ဟူး. အဲ့တာနဲ့မောသွားတာ သက်ပြငးတစ်ချက်ချပြီး ထိုင်ခုံပေါ်ထိုင်မလို့ကို ရုတ်တရက်ကြီးခေါင်းမူးလာတာဟ နောက်ပိုင်းငါလဲမမှတ်မိတော့ဘူး ဒါနဲ့မင်းကဘယ်လိုလုပ်ရောက်လာတာလဲ "
YOU ARE READING
ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်[COMPLETED]
FanfictionZhanyi ၊ school life ချိုချိုလေးပါ ဝင်ဖတ်ကြည့်ပေးပါအုံးနော် This is zhanyi ✔ not yizhan❌ Start date-27.3.2022 End date-22.2.2023