ep-34 uni

412 31 0
                                    

ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်

အပိုင်း (34)

ဝမ်နဲ့ရှောင်းခြံဝင်းထဲရောက်လာတော့.
ရိုစီဆိုတဲ့မိန်းကလေးဟာ သူ့သူငယ်ချင်းတွေနဲ့စကားပြောနေရာက
ရှောင်းတို့ကိုလာနှုတ်ဆက်၏။ ရှောင်းကိုနှုတ်ဆက်တာဆိုပိုမှန်မည်။ (လင်ချာနေရာ)

"ကျန့်.ရောက်လာပြီလား "

"အင်း."

"အဟင်း. ဒို့နဲ့အတူတစ်ခွက်လောက်သောက်ပေးမလား မိတ်ဖြစ်ဆွေဖြစ်အနေနဲ့ပေါ့"

"တော်ပါ. ကျွန်တော်မသောက်တော့ပါဘူး"

"ဘာလို့လဲ ကျန့်ရဲ့ တစ်ခွက်ပဲလေ"
စကားပြောနေတာတောင် ရိုစီရဲ့လက်တွေကအညိမ်မနေပါ။ ရှောင်းရဲ့လက်မောင်းတွေကို မတော်တဆလား၊ တမင်တကာလုပ်တာလားမသိ၊ ခနခနထိနေသည်။
'ရှင် ဒို့လိုမိန်းမလှလေးကိုတစ်ခါထဲကြွေကျပစ်လိုက်စမ်းပါ. ဝါး. သူ့ရဲ့လက်မောင်းတွေကကြီးတာပဲ. ဒီလူကိုသာငါပိုင်ရင်တော့ အဟင်းဟင်း'' ('..'ဒါကစိတ်ထဲကပြောတာပါ)

"ခင်ဗျားလက်ကိုဖယ်လိုက်ရင်ကောင်းမယ်နော်"
ဝမ်လေးလဲညိမ်မနေနိုင်တော့ပါ။ ဘေးမှာသူ့ကာမပိုင်ရှိနေတာတောင်. လာမြူဆွယ်ရဲသေးတယ်။ ဒီမိန်းကလေးတော်တော်မသိတတ်တာပဲ။ သူများလင်ကိုလာစနိုက်ချင်နေတာ။ ဒါမျိုးတွေကျောင်းတုန်းကနေအများကြီး ကြုံခဲ့ရပြီးပြီ။ အခုတော့ နည်းအသစ်လေးနဲ့ ဖယ်ရှားရမှာပေါ့။ (ဝမ်လေးပေါက်ကရတွေလုပ်ပါတော့မယ်)

"ရှောင်း...."

"ဗျာ ဝမ်"

"ရှောင်းရေ. ငါ့ကိုအဲ့ရှေ့နားကမုန့်လေးယူပေးပါလားဟင်"

"ယူပေးမှာပေါ့ဗျာ"

"ဟီးဟီး အာဘွား 😘😘"

"အွန်း😊😊"

သူတို့ကိုကြည့်နေသူအပေါင်းများဟာလည်း ရှောင်းနဲ့ဝမ်ရဲ့လုပ်ရပ်များကြောင့်. မျက်လုံးတွေပြူးသွားကြတော့သည်။

"ယောက်ျားလေးနှစ်ယောက်ပေမယ့်. တကယ်ချစ်တာပါလား.."

"သာမာန်စုံတွဲတွေတောင် သူတို့လောက်မချစ်နိုင်ဘူးထင်တယ်"

 ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်[COMPLETED]Donde viven las historias. Descúbrelo ahora