အပိုင်း(17)

235 12 10
                                    


အပိုင်း(17)

ရိပေါ်နဲ့ရှောင်းတို့ဝမ်အိမ်တော်ကိုရောက်နေလေပြီ။ အမူးသမားရိပေါ်လေးကလည်းရှောင်းကိုတစ်ညလုံးမအိပ်ပဲရစ်နေ၏၊ ရှောင်းကချော့ပြောရတော့သည်။ တော်သေးတာက ဝမ်ပါးနဲ့ဝမ်မားတို့မထကြလို့၊ ရှောင်းလည်းဝမ့်ကိုဆက်ချော့နေရသည်။ ဝမ်ကလည်း ငါခေါင်းမူးတယ်၊ အန်ချင်တယ်လို့ပြောပြီးရှောင်းပေါ်ကိုအန်ချလိုက်သည်။

"အား...ဝမ်ရိပေါ်မင်းတော့ငါ့ကိုတော်တော်ဒုက္ခပေးတာပဲ အခုကြည့်အုံး ငါကဝတ်ဝရာအင်္ကျီလည်းမပါလာဘူး မင်းရဲ့အင်္ကျီက ငါ့ထက်ဆိုဒ်နည်းနည်းသေးတယ်ဟ.. ဟူး..လာ ရေချိုးထားတာတောင်မကြာသေးဘူး.. အခုပြန်ရေချိုးရတော့မယ်"

ရှောင်းလည်း ဝမ့်ကိုရေချိုးခန်းထဲပြန်ဆွဲခေါ်သွားခဲ့သည်။ အဝတ်တွေကိုလည်းအကုန်ပြန်ချွတ်လိုက်ပြီး နောက်တစ်ခေါက်ရေပြန်ချိုးရတော့၏၊ ဝမ်ကလည်းအငြိမ်မနေ အမူးသမားလေးကရေမချိုးချင်ဘူးဆိုပြီး ရေချိုးခန်းထဲမှာပတ်ပြေးနေသည်။ ရှောင်းလည်း လိုက်ဖမ်းရတော့၏။ ဝမ်ကရေချိုးခန်းတံခါးကဖွင့်ထားတာကြောင့် အပြင်ထွက်လိုက်ပြီး ကိုယ်တုံးလုံးလေးနဲ့ပြေးနေ၏၊ နောက်ကရှောင်းကလည်း ကိုယ်တုံးလုံးလေးနဲ့လိုက်ဖမ်းနေရပြန်သည်၊ သူတို့လည်းပြေးရင်းနဲ့မောသွားတာကြောင့် အိပ်ရာပေါ် ဘုန်းကနဲ လှဲချလိုက်ပြီး မကြာခင်မှာပဲအိပ်ပျော်သွားကြသည်။

နောက်နေ့မနက်မှာတော့....
(အစပိုင်းတုန်းကအကြောင်းလေးတွေပါနော်)
ဝမ်ပါး..."ဟုတ်ပါတယ်.. ခင်ဗျားတို့ဝမ်လေးကိုမှတ်မိသေးကြလား.. ပါးဖောင်းဖောင်းလေးနဲ့ အစားပုတ်တဲ့ ဝက်ပုလုံးလေးလေ..သူကအခုချိန်ထိမထသေးဘူးထင်တယ်..ကျွန်တော်တို့သူ့ကိုသွားနိုးလိုက်ကြတာပေါ့..ဒီကောင်လေးကမနေ့ညကညနက်မှပြန်လာတာလေ..ကားသံကြားလိုက်ပေမယ့် အိပ်ချင်နေတော့မနက်မှလာတော့မယ်ဆိုပြီးတော့ ဆက်အိပ်လိုက်တယ်လေ.. ကျွန်တော်သိတယ် ဒီကောင်လေးက နေ့လည်လောက်မှနိုးလာလိမ့်မယ်ဗျ.."

ရှောင်ပါး.."ဟုတ်လား..ကျွန်တော်တို့လည်း ဝမ်လေးကိုမတွေ့တာကြာတော့.ဝင်ကြည့်လို့ရမလားဗျ.. ပြောရအုံးမယ်.. ကျွန်တော့်သားရှောင်းကျန့်ကိုသိတယ်မလား..ဟိုယုန်ကလေးနဲ့တူတယ်လို့ပြောတဲ့ကလေးလေးလေ."

ဝမ်ပါး.."အော်...မှတ်မိပြီ..ရှောင်လင်းရေ..ကောင်လေးကယုန်လေးနဲ့တူပြီး အရမ်းချစ်ဖို့ကောင်းတာလေ... ကောင်းပါပြီဗျာ..သူကအပေါ်ထပ်မှာနေတာ..ကျွန်တော်တို့သွားကြမယ်လေ"

ရှောင်းမား.."ကောင်းပါပြီရှင့်..ဒါဆိုသွားကြတာပေါ့"

သွားနေတဲ့တစ်လျှောက်လုံးလဲ သူတို့လေးယောက်ကအာလူးဖုတ်သွားကြသည်။

ရှောင်းပါး..."ဒီဟာကသူ့ရဲ့အခန်းပါ..အစိမ်းရောင် crazy ဆိုတော့တစ်ခန်းလုံးလဲ အစိမ်းရောင်တွေပဲဖြစ်နေတာပေါ့ဗျာ.."

ချလောက်... တံခါးကိုဖွင့်လိုက်တဲ့နောက်မှာတော့ သူတို့လေးယောက်ဟာ.. ခြေချင်းလက်ချင်းလျှက်နွယ်ပြီးအိပ်နေကြတဲ့ လူနှစ်ယောက်ဆီသို့အကြည့်ပို့မိလိုက်ကြသည်။

"အင်း..ဝမ်.အိပ်လိုက်ပါအုံး..မနေ့ကတစ်ညလုံးကိုယ်တို့နှစ်ယောက်မအိပ်ခဲ့ရဘူးမှတ်လား"

"Yarrr.ဟေ့ကောင်ဝမ်ရိပေါ်.."

အိမ်တော်ကြီးထဲမှာဝမ်ပါးရဲ့အသံက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ "ကျွီ..ကျွီ.."သစ်ပင်ကလေးပေါ်မှာ နားနေတဲ့ငှက်ကလေးတွေလည်း လန့်သွားကြပြီး အဝေးသို့ပျံသန်းသွားခဲ့ကြသည်။

"မင်းတို့နှစ်ကောင် အဝတ်တွေအမြန်ဝတ်ပြီးအောက်ဆင်းခဲ့ကြ"

ဝမ်ပါးကပြောပြီးအောက်ထပ်ကိုဆင်းသွားခဲ့သည်၊ ရှောင်းပါးလည်းအဲ့လူကရင်းနှီးနေတယ်လို့ ထင်မိနေတာကြောင့် သေချာစူးစိုက်ကြည့်နေသည်။ စက္ကန့်အနည်းငယ်ကြာတော့အဲ့ကောင်လေးက သူ့ရဲ့မွေးရကျိုးနပ်တဲ့သားလေးဖြစ်တဲ့ ရှောင်းကျန့်လေးဆိုတာသိသွားခဲ့သည်။

"ဟေ့ကောင် ရှောင်းကျန်းမင်းကဘယ်လိုလုပ်"

ရှောင်းပါပါးသွေးအန်သွားခဲ့သည်။

"အင်းးး.. ပါးလား. မဖြစ်နိုင်တာ ဒီမှာပါးမှမရှိတာ ဘယ်ကနေပါးရဲ့အသံကြားနေရတာလဲဟ ဒါမှမဟုတ် စာအုပ်ထဲကလို အယောင်ဆောင်ထားတဲ့အိပ်မက်မိစ္ဆာ သရဲများလား.."

အော်ဆဲမလို့ပြင်နေတဲ့ရှောင်းပါးဟာ.. သူ့ရဲ့ချစ်လှစွာသောသားလေးရေဗာင်းကျန့်ပြောတဲ့စကားတွေကြောင့် စကားလုံးတွေကလည်ပင်းမှာတစ်နေတော့သည်။ တော်ပြီ. မပြောတော့ဘူး ..တော်တော်မွေးရကျိုးနပ်တဲ့သားလေး. ပျော်လွန်းလို့မျက်ရည်တွေတောင်ဝဲမတတ်ဖြစ်သွားရတယ်....အဟွန်း.. @$%#$

Tbc~~~~~

15.5.2022(sun)4:23pm

#အချစ်များစွာဖြင့်
#MyatNoe415
#3250 words

 ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်[COMPLETED]Where stories live. Discover now