ep-6 uni

1.3K 83 0
                                    

Rlလေးထဲထည့်ပေးတဲ့သူတွေရော၊ ဖတ်ပေးတဲ့အတွက်ရော၊ ကြယ်လေးတွေပေးတဲ့အတွက်ကျေးဇူးအထူးပါလို့😁😁

ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်

အပိုင်း(6)

2026ခုနှစ်~~~
သူတို့နှစ်ယောက်လက်ထပ်ထားတာ (5)နှစ်ရှိခဲ့ပြီ။ ဒီအချိန်တွေမှာ သူတို့နှစ်ယောက်က ရန်ဖြစ်လိုက်ပြန်တည်လိုက်နဲ့ သမီးလေးတစ်ယောက်တောင်ရှိခဲ့လေပြီ။

လွန်ခဲ့တဲ့ (5)နှစ်တုန်းက....
အဲ့အချိန်တုန်းက ရိပေါ်ကတော့ ရှောင်းကျန့်က သူ့ကိုကြတ်ကြိုက််နေလို့လား၊ ဒါမှမဟုတ်ရင် ဘာကြောင့်စေ့စပ်ပွဲကိုလက်ခံခဲ့တာလည်းဆိုပြီး သောင်းကျန်းနေသည်။

ရှောင်းကလည်းသူ့ကိုပြန်မေးလိုက်တော့ ခေတ္တကြောင်သွားပြီး ထစ်ထစ်အအနဲ့ပြန်ပြောလာသည်။

"အာ..ဒါက ငါက မားရဲ့အမိန့်ကို မလွန်ဆန်နိုင်လို့လေ"
ပြီးတော့ သူကပြန်မေးလိုက်သည်။
"မင်းကရော ဘာလို့မငြင်းတာလဲ ဒါမှမဟုတ် .....ငါ့ကိုချစ်နေတာတော့မဟုတ်ပါဘူးနော်" နောက်ဆုံးစကားကိုတော့ပြီတီတီအသံနဲ့မေးလာသည်။

"ငါလည်းအတူတူပဲလေ ငါလည်းပါးထက်မားကိုကြောက်ရတယ်၊ တကယ်ထဲ တစ်ယောက်ထဲရှိတဲ့ သားနုနုထွတ်ထွတ်ချောချောလေးကိုမှ လင်ပေးစားနေရတယ်လို့၊ ကြားလိူ့မှကောင်းသေးရဲ့လား"

မဂ်လာဆောင်တဲ့နေ့👨‍❤️‍👨
အလှပြင်ခန်းထဲတွင်

"အမယ် ငါတိူ့ဝမ်လေးကတယ်လှနေပါလား"လို့ ဝမ်မားကလှမ်းစသည်။

"မားကလည်း သားကလှတာမဟုတ်ပါဘူး ခန့်တာဗျ" နှုတ်ခမ်းကိုတစ်တောင်လောက်ဆူပြီး ဝမ်လေးကပြောသည်။

တကယ်တော့ဝမ်မားပြောတာကတောင်လိုသေးသည်။ မျက်နှာမှာလည်းဘာအဖုအပိန့်တွေမှ မရှိဘူး၊ ပြေပြစ်တဲ့နှာဖူးပြင်နှင့် နှာတံလေးကလည်း ဖြောင့်တန်းနေပြီးမှထိပ်ပိုင်းလေးမှာလုံးဝန်းနေသည်၊ ကြယ်ရောင်လိုတလက်လက်တောက်ပနေတဲ့ အညိုရောင်မျက်ဝန်းလေးတွေနှင့် ပေါက်ဆီလုံးလေးတွေလိုပါးဖောင်းဖောက်းလေးတွေရယ် စိတ်ကောက်နေသဖြင့် အနည်းငယ်စူထွက်နေတဲ့ ပန်းနုရောင်နှုတ်ခမ်းသားများသည် အရောင်ခပ်ပါးပါးတင်ထား၍ အရောင်ကပိုရင့်နေသယောင်။ bodyကလည်း ပခုံးပြင်မကျယ်တကျယ်ကိုမှ လျှောဆင်းသွားပြီး လက်တစ်ပွေ့စာတောင်မရှိတဲ့ခါးသိမ်သိမ်လေးတွေနှင့် အင်္ကျီကလည်း အတိအကျတိုင်းချုပ်ထားတာကြောင့် လုံးဝန်းနေသောတင်ပါးလေးများနှင့် ခြေတံရှည်ရှည်တို့က ထင်းထွက်နေလေသည်။ (အမလေး မောတာဟယ်)

"အခမ်းအနားစတင်ပါပြီ"

တံခါးများဖွင့်လိုက်သည်နှင့်တပြိုင်နက် သတို့သားနှစ်ဦးရှေ့မှ ပန်းကျဲသူလေးများက လမ်းတစ်လျှောက်ပန်းများကျဲလျက်သွားနေပြီး နောက်ကသူတို့သားနှစ်ယောက်ကလည်း လိုက်လာနေသည်။

"အသင်ရှောင်းကျန်သည် အမောင်ဝမ်ရိပေါ်အား တသက်လုံးမခွဲအတူ ပြဿနာများအတူတကွ ဖြေရှင်းရင်း ချစ်ချစ်ခင်ခင် လက်ခံပေါင်းသင်းနေပါမည်လော"

"ကျွန်တော်ဆန္ဒရှိပါသည်"

"ဒီဘက်က အသင်ဝမ်ရိပေါ်ကရော.....&@&**"(အခုနကစာပါပဲ)

"ကျွန်တော်..." အခန်းအနားတစ်ခုလုံးက အသံတစ်စက်မျှမထွက်ပဲ သေချာအာရုံစိုက်နားထောင်နေကြသည်။

"ကျွန်တော်ဆန္ဒရှိပါသည်"

"ကောက်းပါပြီ ဒါဆိုရင်သင်တို့နှစ်ယောက်က ယခုချိန်ကစပြီ လင်မယား..အဲ့.. လင်လင်တွေဖြစ်သွားကြပါပြီခင်မျာ"

"ဖြောင်း......ဖြောင်း......ဖြောင်း...."'(လက်ခုပ်တီးသံ)

Tbc~~~~~~

9.4.2022(sat) 3:07pm

 ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်[COMPLETED]Dove le storie prendono vita. Scoprilo ora