ep-36 uni

486 31 0
                                    

ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်

အပိုင်း (36)

ရှောငး်သတိမထားမိလိုက်တာက သူ့အကျႌတွေကတွန့်ကြေနေတယ်ဆိုတာပင်။

သေချာတာကတော့ မနက်ဖြန်သတင်းမှာ ပွထနေတော့မည်။

ရှောင်းခြေလှမ်းကျဲကြီးတွေနှင့် ဝမ့်ဆီသို့သွားလိုက်သည်။.ဟိုကိုရောက်တော့ဝမ်က တစ်ခုခုကိုတင်းခံနေသလိုပင်။ ချွေးများလည်းမျက်နှာပေါ်တွင်အပြည့်။

ရှောင်းအလွန်စိတ်ပူသွားရပြီး အလျင်အမြန်ပင် ဝမ့်ဆီသို့သွားလိုက်သည်။
"ဝမ်..ဝမ်.ဘာဖြစ်လို့လဲ"

"ငါ...ငါဗိုက်နာတယ် ရှောင်း.."

"ဟာ."ရှောင်းလောသွားခဲ့ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေခဲ့သည်။

"မြန်မြန် ဆေးရုံကားခေါ်..မြန်မြန်"
"ဝမ်..ဘယ်တုန်းကနေ နာနေတာလဲ"

"အခုနလေးတင်မှ...နာတယ်..."
ဝမ့်ရဲ့ညည်းသံကြောင့်ရှောင်းပိုလောသွားခဲ့ပြီး ဝမ့်ကိုပွေ့ချီလိုက်သည်။ ထို့နောက်သူတို့ကားရှိရာသို့မြန်မြန်သွားသည်။  ပြီးတော့ကားတံခါးကိုမြန်မြန်ဖွင့်ပြီး ဝမ့်ကိုနောက်ခန်းထဲထည့်၍ ဆေးရုံသို့သွားတော့သည်။
............

သူတို့သားဖွားမီးရပ်အဆောင်သို့တန်းသွားခဲ့သည်။
လူတွေကလည်းပြည့်နေသဖြင့် အလှည့်ကမရ။
ရှောင်းကလည်းအခုမှဆေးရုံပြောင်းလည်းမမှီတော့မှန်းသိသည်။ တော်သေးတာကအမတစ်ယောက်က ကလေးမွေးနိုင်သွားလို့ပင်။ ဒါကြောင့်သူတို့လည်းအခန်းရသွားသည်။

ဆရာဝန်တွေကဝမ့်ကို ကုတင်ပေါ်ဖြည်းဖြည်းချလိုက်ပြီး ခွဲခန်းထဲဝင်သွားခဲ့၏။

ဝမ်ကရုတ်တရက်ရှောင်းလက်ကိုဆုပ်ကိုင်လိုက်သည်။
"ရှောင်း...ငါကြောက်တယ်..."
ဝမ်ငိုမိတော့မလိုပင်။ ဗိုက်ထဲကလှုပ်ရှားမှုများကသူ့ကိုအလွန်နာကျင်စေ၏။ ဖြစ်နိုင်ရင်အခုချက်ချင်းတောင် ထုတ်ပစ်လိုက်ချင်မိသည်။ မားလဲငါ့ကိုမွေးတုန်းကဒါမျိုးပဲနေမှာ။ ကျေးဇူးပါမားရေ..။ အား...နာတယ်..။

ခွဲခန်းထဲသို့ဝင်သွားကြပြီ။ ရှောင်းကအခုမှသူ့မားကိုဖုန်းခေါ်ရမယ်မှန်း သတိရလိုက်သည်။
သူ့မားကိုဖုန်းခေါ်လိုက်သည်။
သူ့မားကချက်ချင်းကိုင်လာသည်။ ကြည့်ရတာစာဖတ်နေသည်ထင်။

"ဟယ်လို...မား"

"အေး..သား.ရှောင်ရှောင်း.ဘာဖြစ်လို့လဲ"

"မား..ဝမ်မွေးတော့မယ်.."

"ဟမ်..နင်တို့အခုအိမ်မှာလား"
ရှောင်းဖုန်းထဲကနေအလောတကြီးလူပ်နေတဲ့ အသံကိုကြားနေရသည်။

"မဟုတ်ပါဘူး မား..ကျွန်တော်တို့ဆေးရုံမှာ"

"ဘယ်နားလဲ.."

"...." ရှောင်းဆေးရုံရဲ့လိပ်စာကိုပြောလိုက်သည်။

"အေးအေး ငါအခုပဲလာခဲ့မယ်။ "

ရှောင်းဖုန်းကိုပြန်သိမ်းလိုက်ပြီး စိတ်မအေးရစွာ ဟိုဖက်သွားသည်ဖက်လျှောက်လုပ်နေခဲ့သည်။ သူ့လက်ဖြားများကအေးစက်နေသည်။

"ဟူး ဝမ်ဘာမှမဖြစ်ပါစေနဲ့".

ထိုအချိန်တွင် ခွဲခန်းထဲမှ ဆရာဝန်ကထွက်လာပြီး
"လူနာကသွေးသွန်နေတယ်.. ခွဲမွေးမှရမယ် ဒီနေရာမှာလက်မှတ်လေးထိုးပေးပါ"

"ဟုတ်.. ရအောင်ကယ်ပေးပါဗျာ" ရှောင်းဇောချွေးတွေရောပြန်နေပြီ။
"ကျေးဇူးပြုပြီးဘာမှမဖြစ်ပါစေနဲ့ကွာ"

တစ်နာရီနီးပါးကြာတော့
ခွဲခန်းကမီးကအရောင်ပြောင်းသွားခဲ့သည်။ ဆရာဝန်ကအရင်ထွက်လာပြီးပြော၏။
"လူနာကအန္တရာယ်မရှိတော့ပါဘူး တော်သေးတယ်ပြောရမယ် ကလေးကသမီးလေးပါ ကိုယ်လက်အင်္ဂါအစုံပါပါတယ် မိခင် အဲ့ ဖခင်ကလည်းအဆင်ပြေပါတယ်ဗျာ"

"ကျေးဇူးပါဗျာ"
ရှောင်းဝမ်းသာပြီးမျက်ရည်တွေပါကျလာသည်။ သူဘယ်လောက်စိတ်ပူခဲ့ရလဲ သူအသိပေပဲမဟုတ်ချေလား။
သူနာပြုများကလည်း ဝမ့်ကိုသီးသန့်ခန်းထဲပို့ပေးလိုက်သည်။ ကလေးကိုလည်း ပုခက်သေးသေးလေးထဲထည့်ထားသည်။ ကလေးကမွေးခါစမို့ အသားအရည်ကရှုံ့တွပြီး နီတာရဲလေးဖြစ်နေသည်။ သူနာပြုကကလေးကိုရှောင်းထံသို့ကမ်းပေးလိုက်သည်။
"ကလေးကတကယ်ကိုချောတာပဲ အဖေနှစ်ယောက်ဆီကသေချာအမွေရထားတာပဲ" သူနာပြုကထိုသို့ပြောလိုက်သည်။

အစကတည်းက ကလေးကိုရုပ်ဆိုးလွန်းတယ်လု့ိထင်နေတဲ့ရှောင်းက ထိုအသံကြားမှ
"ဟုတ်သားပဲ.. ဘယ်မွေးကင်းစကလေးကစင်းလုံးချောပြီး မွေးလာမှာလဲ.."
ရှောင်းထိုအတွေးဖြင့်သူ့ဘာသာဖြေသိမ့်လိုက်သည်။

သူတို့တွေကဝမ်လေးရဲ့အခန်းရှိရာသို့ သွားကြသည်။ အခန်းထဲရောက်လာပြီး မကြာသေးခင်မှာပင်၊ ဝမ်မားတို့ရောက်လာခဲ့သည်။

Tbc~~~~~

19.11.2022 (sat)02:55pm

#အချစ်များစွာဖြင့်

#MyatNoe415

#2860 words

Feedback လေးများမျှော်လင့်လျက်.....

>>>>>>>><<<<<<<<<

 ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်[COMPLETED]Where stories live. Discover now