ep-18 uni

590 43 0
                                    

ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်

အပိုင်း (18)

အောက်ထပ်မှာ ဝမ်ပါးတို့ကစေ့စပ်မယ့်အကြောင်းတွေဆွေးနွေးနေကြသည်။ ကျွန်မတို့ရဲ အဓိကဇာတ်ကောင်လေးတို့ခမျာ မနက်မိုးလင်းလင်းချင်းစေ့စပ်ပေးတာကို ခံလိုက်ရသည်။

"နောက်တစ်ပါတ်အင်္ဂါနေ့မှာ မင်းတို့စေ့စပ်ရမယ် ပြီးတော့ ဒီနှစ်ကျောင်းပြီးရင် မဂ်လာတန်းဆောင်ပေးမယ် ဘယ်လိုလဲအရမ်းတွေပျော်သွားကြတယ်မလား.. ပြီးတော့ဒီအကြောင်းကိုသတင်းစာတိုက်တွေကိုပို့လိုက်.သူတို့ရဲ့မဂ်လာပွဲက အကြီးကျယ်ဆုံး အခန်းနားဆုံးဖြစ်အောင်လုပ်ရမယ်.. မဖြစ်သေးပါဘူး အခုကတည်းကနေ ဘိုကင်ကြိုလုပ်ထားမှပဲ.. ဒီနေ့ကသောကြာနေ့ဆိုတော့သိပ်မလိုတော့ပါဘူး.. မင်းတို့တွေအချိန်ခနပဲခွဲကြရမှာပါ.. ပြီးတာနဲ့ တစ်သက်လုံးအတူတူ သေအတူရှင်မကွာနေသွားရမှာပါ.. မင်းတို့ကအစကတည်းက သားတို့ကြိုက်နေကြပါတယ်လို့ပြောရင် ဘာဖြစ်မှာကြ.. "

"ပါး..သားတို့ကအဲ့လိုမဟုတ်.. "

"တော်တော်..ရပြီ..သွားအစားစားပြီးရင်ကျောင်းသွားတော့ ကျန်တာဒီပါးတို့ရဲ့တာဝန်ထား"

ရိပေါ်တို့လည်းရှင်းပြခွင့်မရလိုက်ကြ၊ သူတို့သဘောနဲ့သူတို့အစအဆုံးလုပ်သွားကြသည်။ သူတို့လည်း ဘာမှစားချင်စိတ်မရှိတာကြောင့် ကော်ဖီကိုတကြိုက်ထဲသောက်ပလိုက်ကြပြီး. ကျောင်းကိုသွားခဲ့ကြသည်။

သိကြတဲ့အတိုင်းအင်တာနက်ခေတ့ဆိုတော့ ကျောင်းကလူတော်တော်များများကအဲ့အကြောင်းကိုသိနေကြလေပြီ၊ ထို့ကြောင့်သူတို့လာတာနဲ့ဝိုငိးစကြတော့သည်။ ထိုအချိန်မှာ သတင်းစာတိုက်တော်တော်များများက သူတို့ရဲ့စေ့စပ်ပွဲအကြောင်းကိုကြေညာခဲ့သည်။ weibo accမှာရော သတင်းစာမှာရော. မဂ္ဂဇင်းတချို့မှာရောရေးထားကြသည်။ ထိုသတင်းကြောင့် နှုတ်ခမ်းနီမလေးတွေရော သူတို့ရဲ့ ဇနီးဖန်တွေရော.. သူတို့ကိုကြွေနေကြတဲ့လူတွေအားလုံးဟာ ဖန်သားနန်းတော်ကြီးကိုတည်ဆောက်မိသလို ဖြစ်သွားကြရပြီး မုန့်တွေအများကြီးဝယ်ယူ၍ အခန်းထဲဝင်တံခါးသော့ခတ်လိုက်ပြီး  ဝမ်းနည်းပတ်လက်ငိုကြွေးနေကြသည်။ ငိုပြီးရင်ခနနား မုန့်စားပြီး ဆက်လက်၍ငိုနေကြသည်။ အဲ့နေ့ကမုန့်ဆိုင်တွေလည်းတော်တော််များများရောင်းထွက်သွားကြ၍ အလွန်ဝမ်းသာနေကြသည်။
(M/Nဗက်ဟက်ဟက် နောက်တစ်ခါအဆငိတွေတွေ့တိုင်းလျှောက်ငမ်းမနေကြနဲ့ တော့ကြာရှသွားကြအုံးမယ်အမိတို့....)

ရှောင်းနဲ့ဝမ်ကျောင်းရောက်တော့ ကားပါကင်မှာပဲရောက်ရုံရှိသေး. ရုတ်တရက်ကျောင်းသူတစ်ယောက်ကအော်ပြောလိုက်သည်။

"သူတို့ဒီမှာ..မြန်မြန်လာကြ..ကျယ်မေ့တို့"

"ဘယ်မှာလဲနေရာပြောခဲ့ ခေတ်သစ်လေယျာဉ်ပျံစီးပြီးလာခဲ့မယ်"

"ဒီဟာက..@#$% ..နေရာမှာ"

ကျောင်းသူလေးများက အမြန်ရောက်လာခဲ့ကြသည်။ စာရွက်ကြီးတစ်ခု(ကတ်ထူ)လည်းကိုင်ထားကြပြီး သူတို့ရဲ့ idolကိုလာတွေ့နေကြသလိုကြီးဖြစ်နေကြသည်။ ရှောင်းနဲ့ဝမ်လည်း လန့်သွားခဲ့ကြသည်။ ရုတ်တရက်ကြီးသူတို့ဘက်ကိုပြေးလာတော့ လန့်ပြီးတစ်ယောက်လက်တစ်ယောက်ကိုင်ပြီး ပြေးနေကြ၏၊ နောက်ကသူတွေကလည်းအော်ပြောရင်း လိုက်လာနေကြသည်။ အဲ့မြင်ကွင်းကြောင့် ကျောင်းလာနေတဲ့လူတွေလည်းလန့်သွားခဲ့၏။ တချို့ဆိုဖုန်းထုတ်ပြီးဓာတ်ပုံရိုက်နေကြသည်။ မြင်ကွင်းကလည်း ရှုပ်ထွေးနေကြသည်။

"ရပ်..ရပ်ကြပါအုံး..ဟောဟဲ..ဟောဟဲ.. ဒီမှာအသက်ထွက်တော့မယ်..ဟောဟဲ"

အဲအသံကြားလိုကိတော့မှသူတို့လည်းပြေးရာက ရပ်လိုက်သည်။

"ဟောဟဲ"..ဟောဟဲ...

အဲ့အသံကတစ်ဆောင်လုံးကြားဖို့လုံလောက်၏။

"ဒီ..ဒီမှာ.. ငါတို့ကအဲ့သတင်းကအမှန်လားဆိုတာ မေးမလို့ပါ..ဘာလိ့ပြေးနေကြတာတုန်း"

"အော်သိဘူးလေ.. ငါတို့လဲ ရုတ်တရက်ဆိုတော့ လန့်သွားပြီး ပြေးမိသွားတာပေါ့.. အဟမ်း.... အဲ့သတင်းကအမှန်ဟုတ်တယ် နောက်အပါတ်ကျရင်ငါတို့စေ့စပ်တော့မှာ... နင်တို့အားလုံးကို.ဖိတ်တယ်နော်"

"Ahhhhတကယ်ကြီးပဲ..နောက်ဆုံးတော့ ငါshipတ့ဲအတွဲကrealဖြစ်လာပြီ..ရေးး...."

Fujoshi တစ်သိုက်လည်း အပျော်လွန်ပြီး မုန့်တွေဝယ်ကျွေးနေကြသည်။ လာခဲ့မယ်လို့လည်းဆက်ဆက်ပြောလိုက်သေးသည်။

"ဒါနဲ့စကားမစပ် ငါzhanyi gpတစ်ခုတွေ့ထားတယ် ဝင်ကြမလား"
သူမကတော့ အခုနက သူတို့ကိုမေးခွန်းတွေမေးနေတဲ့ မိန်းကလေးပဲဖြစ်သည်။

"ဟေး ငါဝင်မယ်.ပေးအုံးgp linkလေး"

"အိုကေ.ဒီမှာ. .&#%&#%^&"

"ကျေးဇူးကျယ်မေ့"

"မလိုပါဘူး"

"ငါလည်းပါမယ်"+18

"ငါရောပဲ"+22

ထိုနေ့ကzhanyi version ficတွေအများကြီးထွက်ခဲ့သည်။ ယောက်ျားလေးတွေကလည်းပျော်နေကြသည်။ သူတို့ရဲ့ရန်သူုကြီးတွေမှမရှိကြတော့တာ။ဟုတ်ဘူးလား။

်Tbc~~~~~

18.5.2022(wed)12:58pm

#အချစ်များစွာဖြင့်
#MyatNoe415
#3104 words

 ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်[COMPLETED]Where stories live. Discover now