ep-21 uni

583 37 0
                                    

ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်

အပိုင်း(21)

သူတို့ဟာနေ့လည်လောက်မှ နိုးလာခဲ့ကြသည်။ ဒါတောင်ရှောင်းကမနိုးချင်သေး။ ရိပေါ်အတင်းနိုးတော့မှနိုးလာတာဖြစ်သည်။ အမှန်ဆိုသူကရိပေါ်ကို ရိပေါ်မနိုးခင်ကတည်းကအစအဆုံးအကုန်လုပ်ထားပြီး ရိပေါ်ကိုပြုစုရမှာလေ၊ ဟုတ်ဘူးလား။

သူတို့ဟာနေ့လည်၁၂နာရီခွဲတော့မှ အခန်းထဲကနေထွက်လာတာကြောင့် မနက်စာနဲ့နေ့လည်စာပေါင်းပြီး စားလိုက်ကြရသည်။ ထို့နောက်သူတို့ဟာအရင်ဆုံး ဝမ်ပါးတို့အိမ်ကိုအရင်သွားလိုက်ကြသည်။ ဒါကရိပေါ်သောင်းကျန်းတာလဲပါမှာပေါ့။

သူတို့ဝမ်အိမ်တော်ကိုရောက်တော့..
အဲ့အိမ်မှာရှောင်းကျန့်တို့မိဘနှစ်ပါးလည်း ရောက်နေခဲ့ကြသည်။ သူတို့ဟာအစီအစဉ်တစ်ခုကိုလည်း ဆွဲထားခဲ့ကြသည်။ ဘာလဲဆိုရင်တော့ဖြင့် သူတို့နှစ်အိမ်ဟာအလောင်းအစားလုပ်ထားကြသည်။ အဲ့တာကတော့ ...

ဘယ်သူကအောက်ထိုင်လိုက်ရလဲဆိုတာပါပဲ၊ ရှောင်ပါးကလည်းသူ့သားသလူကောင်ရှည်တာကြောင့်အပေါ်မှာနေတယ်လို့ပြောသည်။ တစ်ဖန်ဝမ်ပါးကလည်း. သူ့သားကလည်းလူကောင်မသေးကြောင်းနှင့် .သူပဲအထက်ပုဂ္ဂိုလ်ဖြစ်နိုင်ကြောင်းပြောသည်။ နောက်တော့သူတို့နှစ်အိမ်ကပြိုင်ကြလေရဲ့။. ဘယ်သူကအထက်ပုဂ္ဂိုလ်ဖြစ်ကြောင်းဆိုတာကိုလေ။.သူတို့ဟာလောင်းကြေးအနေနဲ့ သူတို့ယခုလေလံပြိုင်နေတဲ့စီမံကိန်းကို လက်လျှော့ရမယ်ဆိုပြီးတော့ပေါ့။

ခနနေတော့သူတို့လောင်းကြေးရဲ့ အဓိကလူလေးတွေဖြစ်ကြတဲ့ ရှောင်းကျန်းနဲ့ ဝမ်ရိပေါ်တို့ရောက်ခဲ့ကြပြီ။

ရှောင်းနဲ့ဝမ်က အိမ်ထဲရောက်ရောက်ချင်းမှာပဲ
ဆိုဖာပေါ်မှာတောင်မထိုင်ရသေးခင်မှာ ရှောင်ပါးနဲ့ဝမ်ပါးက မေးခွန်းတွေတရစက်မေးလာခဲ့သည်။

"မင်းနဲ့သူ.မနေ့ကဘယ်သူကအပေါ် ဘယ်သူကအောက်ကလဲ"

"အမ်"....

"ဒါကဒီလိုပါ..အဟမ်း..မင်းတို့မနေ့ညက ဘယ်သူကအပေါ်ဘယ်သူကအောက်ကလဲ"

ရှောင်းနဲ့ဝမ်ရဲ့မျက်နှာတွေဟာ ခရမ်းချဉ်သီးက အဘေးလို့ခေါ်လို့ရလောက်အောင်ထိနီရဲသွားခဲ့၏။

"အဲ့တာက.."

"သေချာပေါက် ကျွန်တော်ကအပေါ်ပေါ့ ပါးတို့ကလဲ"
ဘယ်သူမှမပြောရသေးခင်မှာ ရိပေါ်ကအရင်ဦးဆုံးဖြေလိုက်သည်။

"ဟုတ်လို့လား ဒါဆိုမနေ့ကကိုယ့်အောက်မှာနေခဲ့တဲ့ ဘယ်သူလည််းမသိ"

"ခင်.. ခင်ဗျား.. တော်လိုက်တော့.."

"မရပါဘူး..ဟက်.."

ဝမ်ပါးတို့ဟာသူတို့ရှေ့မှာတောင်မရှောင်ပဲ ချစ်တီးတူးနေကြတဲ့ သူတို့နှစ်ယောက်ကိုကြည့်ပြီး လက်လန်သွားကြလေရဲ့။

"မင်းတို့ဘာစားပြီးပြီလဲ"

"ပေါင်မုန့်ကြော်စားထားတယ်ပါး"

"အေး.ဒါဆိုနေ့လည်စာတစ််ခါထဲဝင်စားလိုက်ကြတော့"

"ဟုတ်ကဲ့.ပါး."

"အေး အေးး"

"ထမင်းပြင်လိုက်ကြ"

သူတို့လည်းနေ့လည်စာစားပြီး သူတို့ရဲ့အိမ်ကိုပြန်လာခဲ့ကြသည်။

ပြန်ရောက်တာနဲ့ဝမ်က.ဖုန်းထုတ်ပြီးဂိမ်းဆော့တော့သည်။ နဂိုကတည်းက အဆဲတစ်လိုင်းဖြစ်နေပြီး. အခုဂိမ်းဆော့နေတာ ပိုပြီးတော့တောင်ဆဲနေတော့. သူတို့ရဲ့အိမ်လေးထဲမှာ.ဆဲသံလေးတွေက ပလုံစီအောင်ထွက်လာတော့သည်။

ရှောင်းလည်း မနေနိုင်တော့ဘဲ..
"ဟေ့.မင်းအသံနည်းနည်လောက်တိုးပေးလို့မရဘူးလား"

"အေးပါ...@#$%^#$%^-"

နားမဝံခံသာတ့ဲအထိဆဲနေကြတဲ့ ကောင်လေးတစ်ယောက်နဲ့ TVကြည့်နေကြတဲ့ကောင်လေးတစ်ယောက်တို့ဟာ ဖော်ပြလို့မရနိုင်စွာပဲ အချင်းချင်း ပနှံ့သင့်နေခဲ့ကြသည်။

Tbc~~~~

30.4.2022(mon) 10:31 am

#အချစ်များစွာဖြင့်

#MyatNoe415

#2301 words









 ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်[COMPLETED]Where stories live. Discover now