ep-17 uni

641 51 0
                                    

ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်

အပိုင်း(17)

ရိပေါ်နဲ့ရှောင်းတို့ဝမ်အိမ်တော်ကိုရောက်နေလေပြီ။ အမူးသမားရိပေါ်လေးကလည်းရှောင်းကိုတစ်ညလုံးမအိပ်ပဲရစ်နေ၏၊ ရှောင်းကချော့ပြောရတော့သည်။ တော်သေးတာက ဝမ်ပါးနဲ့ဝမ်မားတို့မထကြလို့၊ ရှောင်းလည်းဝမ့်ကိုဆက်ချော့နေရသည်။ ဝမ်ကလည်း ငါခေါင်းမူးတယ်၊ အန်ချင်တယ်လို့ပြောပြီးရှောင်းပေါ်ကိုအန်ချလိုက်သည်။

"အား...ဝမ်ရိပေါ်မင်းတော့ငါ့ကိုတော်တော်ဒုက္ခပေးတာပဲ အခုကြည့်အုံး ငါကဝတ်ဝရာအင်္ကျီလည်းမပါလာဘူး မင်းရဲ့အင်္ကျီက ငါ့ထက်ဆိုဒ်နည်းနည်းသေးတယ်ဟ.. ဟူး..လာ ရေချိုးထားတာတောင်မကြာသေးဘူး.. အခုပြန်ရေချိုးရတော့မယ်"

ရှောင်းလည်း ဝမ့်ကိုရေချိုးခန်းထဲပြန်ဆွဲခေါ်သွားခဲ့သည်။ အဝတ်တွေကိုလည်းအကုန်ပြန်ချွတ်လိုက်ပြီး နောက်တစ်ခေါက်ရေပြန်ချိုးရတော့၏၊ ဝမ်ကလည်းအငြိမ်မနေ အမူးသမားလေးကရေမချိုးချင်ဘူးဆိုပြီး ရေချိူးခန်းထဲမှာပတ်ပြေးနေသည်။ ရှောင်းလည်း လိုက်ဖမ်းရတော့၏။ ဝမ်ကရေချိုးခန်းတံခါးကဖွင့်ထားတာကြောင့် အပြင်ထွက်လိုက်ပြီး ကိုယ်တုံးလုံးလေးနဲ့ပြေးနေ၏၊ နောက်ကရှောင်းကလည်း ကိုယ်တုံးလုံးလေးနဲ့လိုက်ဖမ်းနေရပြန်သည်၊ သူတို့လည်းပြေးရင်းနဲ့မောသွားတာကြောင့် အိပ်ရာပေါ် ဘုန်းကနဲ လှဲချလိုက်ပြီး မကြာခင်မှာပဲအိပ်ပျော်သွားကြသည်။

နောက်နေ့မနက်မှာတော့....
(အစပိုင်းတုန်းကအကြောင်းလေးတွေပါနော်)
ဝမ်ပါး..."ဟုတ်ပါတယ်.. ခင်ဗျားတို့ဝမ်လေးကိုမှတ်မိသေးကြလား.. ပါးဖောင်းဖောင်းလေးနဲ့ အစားပုတ်တဲ့ ဝက်ပုလုံးလေးလေ..သူကအခုချိန်ထိမထသေးဘူးထင်တယ်..ကျွန်တော်တို့သူ့ကိုသွားနိုးလိုက်ကြတာပေါ့..ဒီကောင်လေးကမနေ့ညကညနက်မှပြန်လာတာလေ..ကားသံကြားလိုက်ပေမယ့် အိပ်ချင်နေတော့မနက်မှလာတော့မယ်ဆိုပြီးတော့ ဆက်အိပ်လိုက်တယ်လေ.. ကျွန်တော်သိတယ် ဒီကောင်လေးက နေ့လည်လောက်မှနိုးလာလိမ့်မယ်ဗျ.."

ရှောင်ပါး.."ဟုတ်လား..ကျွန်တော်တို့လည်း ဝမ်လေးကိုမတွေ့တာကြာတော့.ဝင်ကြည့်လို့ရမလားဗျ.. ပြောရအုံးမယ်.. ကျွန်တော့်သားရှောင်းကျန့်ကိုသိတယ်မလား..ဟိုယုန်ကလေးနဲ့တူတယ်လို့ပြောတဲ့ကလေးလေးလေ."

 ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်[COMPLETED]Where stories live. Discover now