ep-38 uni

512 31 1
                                    

ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်

အပိုင်း (38)

အွန်လိုင်းပေါ်မှာ ရှောင်းရဲ့သတင်းကမြင်မကောင်းအောင်ပလူပျံနေသည်။ ရှောင်းနဲ့ဝမ်ကတော့ကလေးကို စောင့်ရှောက်နေတာကြောင့်မသိရှိခဲ့။

ဝမ့်ရဲ့အကိုတစ်ဝမ်းကွဲ ဝမ်ဟောက်ရွှမ်းက သူ့ကိုဖုန်းဆက်လာခဲ့သည်။

ရှောင်းကဝမ့်ကိုမနက်စာကျွေးပြီးတုန်း ဝမ်ဟောက်ရွှမ်းကမဆက်စဖူးဖုန်းတွေဆက်နေတာကြောင့် အလွန်ထူးဆန်းသွားရသည်။ ဒါပေမယ့်ဖုန်းကိုဝမ်လေးကိုပေးလိုက်ဆဲပင်။

"ဝမ်လေး မင်းသိပြီးပြီလား"
ဝမ်ဟောက်ရွှမ်းရဲ့အလောတကြီးအသံက ဖုန်းစခရင်ထဲကထွက်ပေါ်လာခဲ့သည်။

"ဘာကိုလဲ အဆက်အစပ်မရှိ"
ဝမ်လေးကဘာကိုမှမသိထားတာသေချာလေပြီ။ ဒါဆိုဟိုကောင်ရှောင်းကျန့်က ဝမ်လေးကိုအလုံပိတ်ပြီးထားတာနေမယ်။ (A/Nဟိုကတောင်မသိနေဘူး)

ဝမ်ဟောက်ရွှမ်းခင်မျာတွေးရင်းတွေးရင်း သူ့ညီအတွက်တရားမျှတမှုမရှိဘူးလို့ မြင်ယောင်လာခဲ့သည်။ သူ့ညီခင်မျာကလေးလဲမွေးလိုက်ရသေး၊ ဟိုကောင်စုတ်ကကျသူ့ညီကိုတန်ဖိုးမထားတတ်။ ဟိုလယွမကိုကျ...။

"ဝမ်လေးရယ် ဒီလောက်လိုင်းပေါ်မှာ ဟစ်ထနေတဲ့ဟာ"

"အေး.ငါအခုကြည့်လိုက်မယ်"

"မကြည့်ခင်ဒေါသလျော့ထားနော် ဝမ်လေး"

"အင်းပါ"

ဖုန်းချလိုက်ပြီးလိုင်းပေါ်တက်လိုက်တာ မြင်လိုက်ရတဲ့သတင်းက အလွန်မျက်စိစူးဖွယ်ကောင်းလှသည်။ ဝမ်ဘာမှမပြောဘဲ ဖုန်းကိုရှောင်းဆီသို့ကမ်းပေးလိုက်သည်။

ရှောင်းဖုန်းထဲကသတင်းကိုကြည့်လိုက်ပြီး ခေါင်းနပန်းကြီးသလိုခံစားလိုက်ရသည်။

"ဒါ..ဒါက..ဝမ်လေး ကိုယ်မလုပ်ခဲ့ဘူးနော်"

"ကျွန်တော်ယုံတယ် အရေးကြီးတာကခင်ဗျားကိုဘယ်သူက အကွက်ချလိုက်လဲဆိုတာပဲ။"

 ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်[COMPLETED]Où les histoires vivent. Découvrez maintenant