ep-41 uni final

1K 35 3
                                    

ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်

အပိုင်း (41)

ရက်အနည်းငယ်ကြာတော့....
ဝမ်တို့ဆေးရုံကဆင်းခဲ့ပြီ။ လတ်တလောမှာတော့ရှောင်းမားတလှည့်၊ ဝမ်မားတလှည့် ကလေးလာထိန်းပေးသည်။

သမီးတို့တုန်းကငြိမ်ပေမယ့် သည်သားလေးနှစ်ယေက်ကျမှ ဘာဖြစ်သည်မသိ။ အမြဲဗျာများနေရသည်။

ဟော အခုလည်း သေးပေါက်ထားပြန်ပြီထင်တယ်။ ဟာကွာ  ဖြစ်နိုင်ရင်ဗိုက်ထဲပြန်သွင်းလိုက်ချင်တယ်။ ဝမ်တစ်ယောက်ပွစိပွစိရည်ရွတ်ကာ သားငယ်လေးရဲ့ဖင်တုန်းလေးကို အူယားဟန်ဖြင့်ရိုက်လိုက်သည်။

သားငယ်လေးကသူ့ကိုကြောင်ကြည့်သည်။ သိပ်မကြာလိုက်။ မျက်လုံးများကငွေ့ရည်သိုင်းလာပြီး အော်ငိုတော့သည်။ အငယ်လေးကငိုတော့ အကြီးလေးကပါ အားကျမခံအော်ငိုသည်။

ဝမ်လည်းပြာပြာသလဲဖြင့်ပြန်ချော့လိုက်ရသည်။
"အိုကွယ် ပါပါးသားလေးတွေ တိတ်တော့  တိတ်ပါတော့ကွယ် လိပ်ကြီးကိုက်လိမ့်မယ်"

အခန်းထဲဝင်လာတဲ့ရှောင်းက သီချင်းသံကိုကြားလိုက်ရပြီး မေးခွန်းထုတ်ဟန်ဖြင့်မေးလိုက်သည်
"ဝမ် ဘာလို့လိပ်ကကိုက်မှာလဲ"

"မသိရင်အသာနေစမ်းပါ"

"ဟာ ဝမ်ကလည်း ကိုယ်ကမသိလို့မေးတာကို"

"မသိရင်ပိုကောင်းတယ် လိပ်မတွေကတော်တော်ဆိုးပဲ"

"ဟင် ဟုတ်လား ဘယ်လိုဆိုးတာ"

"အဲ့တာကလေ"

"အူဝါးးး ငဲ အူဝါးး"
ကလေးကငိုလေတော့ ရှောင်းခင်မျာမေးချိန်တောင်မရလိုက်ပဲ ကလေးကိုချော့နေရတော့သည်။

ကလေးကတော်ယုံနဲ့မတိတ်။ ဝမ်လည်းစိတ်တိုလာတာနဲ့ အကျႌလှန်ကာနို့တိုက်လိုက်တော့ တိကနဲငြိမ်ကျသွားပြီး တပြွတ်ပြွတ်စို့နေတော့သည်။

ရှောင်းကတော့ရှေ့ကမြင်ကွင်းလေးကို
သွားရည်ကျယုံမှတစ်ပါး။ လှပတဲ့မြင်ကွင်းလေးကိုပယ်ပယ်နယ်နယ်ပစ်မှားနေတော့သည်။

ဝမ်တစ်ယောက် ကလေးကိုနို့တိုက်နေတုန်း ဘေးနားကကြက်သီးထစရာ အငွေ့အသက်များပြည့်နှက်လာတာကြောင့် ရှောင်းကိုကြည့်လိုက်တော့ သ့ကောင်သားကြီးကသူ့ကို ဝါးစားမလို အကြည့်များဖြင့်ကြည့်နေတာကိုတွေ့လိုက်ရသည်။

🎉 You've finished reading ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်[COMPLETED] 🎉
 ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်[COMPLETED]Where stories live. Discover now