ep-28 uni

506 33 0
                                    

ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်

အပိုင်း (28)

"လောလောဆယ် အဲ့တာကအကောင်းဆုံးရွေးချယ်မှုပါ."

"ဗျာ.. သူ.သူကဘာဖြစ်လို့လဲဗျ"

"ပြောရမယ်ဆိုတော်တော်ထူးဆန်းတယ်. ကြည့်ရတာယောက်ျားလေးတစ်ယောက်နဲ့တူပေမယ့် သူကကိုယ်ဝန်လွယ်ထားရတယ်လေ. ဒါပေမယ့်ထူးဆန်းတာက အထဲကဟာကလှုပ်နေတယ်ဗျ ဒါပေမယ့်ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သူကယောက်ျားလေးတစ်ယောက်လေ. ဟူး.ဘာတွေမှန်းလဲမသိတော့ပါဘူးဗျာ. ဒါကြောင့်ဆေးရုံသွားတာကအကောင်းဆုံးပါ"

"ဟူး. တော်သေးတာပေါ့"

"ဗျာ.ဘာကိုတော်သေး"

"ဘာမှမဟုတ်ဘူး ဒါဆိုကျွန်တော်သူ့ကိုအိမ်ခေါ်သွားလိုက်တော့မယ်နော်. "

"ဟုတ် ကျွန်တော်ပြောတာမှတ်မိတယ်မလား သွားဖြစ်အောင်သွားနော်"

"ဟုတ်. ကျေးဇူးပါဗျ"

"မလိုပါဘူး"

ရှောင်းလည်းဝမ့်ကိုသယ်၍ အိမ်ပြန်သွားခဲ့သည်။ အိမ်ပြန်ရောက်တာနဲ့တစ်ပြိုင်နက် မိသားစုဒေါက်တာကိုခေါ်လိုက်သည်။ ဒေါက်တာခမျာလည်း နေ့လည်စာစားနေတုန်း တန်းလန်းကြီးထားခဲ့ရပြီး အမြန်သွားခဲ့ရသည်။

"ဝမ်လေးကိုစမ်းသပ်ပေးပါအုံး."

"ဟုတ် "

ဒေါက်တာလည်းဝမ့်ကိုစမ်းသပ်ပေးနေ၏။ ဗိုက်မှာစမ်းသပ်တဲ့အချိန်မှာ
"ဟူး"

"ဘာ.ဘာဖြစ်လို့လည်း"

"ဘာမှမဖြစ်ပါဘူး. သဋေသားကကြီးလာပြီလေ ဒီခုကသူကန်တာလေ ဒါပေမယ့်မိခင်ရဲ့အခြေအနေကောင်းရင် အခုလိုဖြစ်စရာအကြောင်းမရှိပါဘူး."

"အဲ့.အဲ့တာက. နေ့လည်ကကိစ္စကြောင့်ပါ"

"ဘာဖြစ်သွားတာလဲ."

ရှောင်းလည်းနေ့လည်တုန်းကဖြစ်ခဲ့တာတွေကို ပြောပြနေ၏။
"အဲ့လိုဖြစ်သွားတာပါ"

 ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်[COMPLETED]Tempat cerita menjadi hidup. Temukan sekarang