ep-12 uni

872 52 0
                                    

ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်

အပိုင်း(12)

ည(1)နာရီလောက်ရောက်တော့...
ရိပေါ်တစ်ယောက်ဗိုက်ဆာလို့နိုးလာ၏၊ ရှောင်းကိုကြည့်လိုက်တော့လည်း အိပ်မောကျနေတာကြောင့်မနိုးရက်တော့။ သူလည်းကိုယ်ဆိုးတဲ့ဒဏ်ကို အကြာကြီးခံခဲ့ရတာကြောင့်မို့လည်းပါ၏။
ထို့ကြောင့်တိတ်တိတ်လေးထလို့ပြင်၏၊ ရှောင်းလည်းဘေးနားကလှုပ်ရှားသံကိုကြားတော့နိုးလာ၏၊

"ဝမ် ဘာဖြစ်လို့လဲ အပေါ့သွားမလို့လား"

"မဟုတ်ပါဘူး ငါနည်းနည်းဗိုက်ကဆာချင်သလိုဖြစ်နေလို့"

ရှောင်းလည်းမျက်လုံးပြူးသွားသည်။ ဟုတ်တယ်လေ အခုနအိပ်ရာဝင်ခါနီးတုန်းက နွားနို့ကတစ်ခွက် ပေါင်မုန့်ကလေးချပ် ဘီစကွပ်ကတစ်ထုပ် ခေါက်ဆွဲကတစ်ပန်းကန်တောင်စားထားတော့ ရှောင်းသူပြောတော့မျက်လုံးပြူးတာလဲမဆန်း။

"နော် နော်လို့ ငါburgarစားချင်ပါတယ်ဆို ပြီးတော့milk teaရောပဲ ဟီး"

စားချင်တာတွေကို ရေရွတ်ပြီးရိပေါ်တစ်ယောက်အလှဆုံး အချိုမြိန်ဆုံးအပြုံးကိုပြုံးပြ၍ ရှောင်းကိုမျက်နှာချိုသွေးနေ၏၊
ရှောင်းလည်းမှာပေးလိုက်ရသည်။ ဒါမှမဟုတ်ရင်ဒီညတော့အိပ်ဖို့လမ်းမမြင်။ တော်သေးတာကအနီးနားမှာ ၂၄နာရီ စတိုးတွေရှိလို့။

"ဒင်..ဒေါင်".

ခနနေတော့မှာထားတာရောက်လာသည်။
ရိပေါ်လည်းစားချင်တာစားရလို့ မျက်နှာကြီးက ပြုံးဖြီးနေလေ၏၊ စားပြီးသွားတော့ သူတို့လည်းပြန်အိပ်လိုက်ကြ၏။

"ရှောင်းငါ့ကိုဖက်ထားပေး"

"အွန်း ဝမ်ကောင်းသောမနက်ပါ"

"အွန်း ရှောင်း ဟီး"

သူတို့လည်းအိပ်တာမနက်၉နာရီမှ ပြန်နိုး၏၊ ရှောင်းနိုးလာတော့ဘေးကိုကြည့်လိုက်တော့ ဘေးမှာကနေရာအလွတ်လေးဖြစ်နေသည်။ နေရာကလည်းအေးစက်နေခဲ့ပြီ။ ဝမ်ကဘယ်တုန်းကနေ ထသွားလဲမသိဘူး။
ရှောင်းလည်း ကိုယ်လက်သန့်စင်ပြီးအိမ်အောက်ကို ဆင်းလာခဲ့သည်။ အိမ်အောက်မှာတော့ ဝမ်က ပေါက်စီနှစ်လုံးကို လက်နှစ်ဖက်မှာကိုင်ထားပြီး တဟ်ဖက်ကိုတစ်လုပ်စားနေ၏၊ ဘေးမှာလည်း နွားနို့ကနှစ်ခွက်နဲ့။

"ရှောင်း မောနင်း နိုးလားပြီလား အန်တီကျန်းကိုအသစ်လုပ်ခိုင်းလိုက်နော် ငါ့ဟာတော့ဝင်စားဖို့စိတ်တောင်မကူးနဲ့"

ရှောင်းတစ်ယောက်ဝမ့်ကိုစကားတောင်မပြောနိုင်တော့။ ရှောင်း ဝမ့်ကိုလက်လန်သွားခဲ့ပြီ။ ဒီကလေးရောက်လာကတည်းက ဝမ်ကပိုပိုပြီးအစားကြီးနေတော့ ဗိုက်ထဲကဘေဘီလေးတွေကအစားပုတ်လေးတွေပဲဖြစ်ရမယ်။

Tbc~~~~~
25.4.2022(mon)3:51pm

#အချစ်များစွာဖြင့်
#MyatNoe415
#1660words

 ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်[COMPLETED]Donde viven las historias. Descúbrelo ahora