ep-24 uni

507 35 0
                                    

ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်

အပိုင်း (24)

ရှောင်းကဝမ့်ကိုချီပြီး အိမ်ကိုချီလာခဲ့သည်။ ဆရာဝန်ခေါ်မလို့လုပ်ပေမယ့် ဝမ်လေးကဆေးရုံဆေးခန်း ဆေးဆိုတဲ့စာလုံးကိုအလွန်မုန်းတာကို သတိရလိုက်တာကြောင့် မခေါ်ဘဲအိမ်ကိုပဲပြန်လာခဲ့လိုက်သည်။

"ဒေါ်လေးကျန်း ရေတစ်ခွက်လောက်ယူခဲ့ပေးပါ"

"ကောင်းပါပြီ သခင်လေးရှောင်း"

ရှောင်းကလည်း ဝမ့်ကိုချီ၍သူတို့ရဲအိပ်ခန်းထဲကို ဝင်လာခဲ့သည်။ ပြီးတော့ဝမ်လေးကို ကုတင်ပေါ်ဖြေးဖြေးလေးချလိုက်သည်။

"ဟူး. ခက်တာပါပဲကွာ.ဝမ်ကလည်းဆရာဝန်တွေကို. ကြောက်တာကိုး. မဟုတ်ရင်ဆေးတစ်လက်ဆိုပျောက်ပြီ🙀"

"အွန်း..အင်း..ယား.. ငါဘယ်ကိုရောက်နေတာလဲ.. ကြည့်လိုက်တော့မှရင်းနှီးနေသလိုပဲရော်"

"ထလာပြီလား.. "

"ဟင်..မင်းကဘယ်လိုလုပ်"

"ဝမ်ရာ..မင်းမနက်ကဘာမှမစားထားဘူးလား"

"မဟုတ်တာ"

"ကိုယ်မယုံဘူး. ဘာစားခဲ့တာလဲ.သေချာပြောပြ"

"ယုံချင်ယုံ၊ မယုံချင်နေကွာ. ငါအများကြီးစားထားပါတယ်ဆို"

"ဘာမှမဟုတ်ဘူး ကော်ဖီတစ်ခွက်ပဲသောက်ထားတာမဟုတ်လား "

"မဟုတ်ပါဘူးဟ"

"ဒါဆိုဘာတွေစားခဲ့တာလဲ"

"အမ်း.ငါက..ကြက်သားဘာဂါ၊ မာလာဟင်းတစ်ပွဲ၊ ထမင်းလိပ်တစ်ပွဲနဲ့ ခေါက်ဆွဲတစ်ထုပ်ပြီးတော့ လိမေ္မာ်ဖျော်ရည်တစ်ခွက်သောက်ထားသေးတယ်ဒီလောက်ဆိုရပြီလား"

"အော်..အဟမ်း..အင်း.. ဒါဆိုထူးဆန်းတယ် ဘာလို့မေ့လဲသွားတာပါလိမ့်"

"မသိဘူး..စားထားတာများလို့လားမသိ ရင်ပြည့်လာတာ အန်တော့လဲမထွက် ဟူး. အဲ့တာနဲ့မောသွားတာ သက်ပြငးတစ်ချက််ချပြီး ထိုင်ခုံပေါ်ထိုင်မလို့ကို ရုတ်တရက်ကြီးခေါင်းမူးလာတာဟ နောက်ပိုင်းငါလဲမမှတ်မိတော့ဘူး ဒါနဲ့မင်းကဘယ်လိုလုပ်ရောက်လာတာလဲ "

 ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်[COMPLETED]Dove le storie prendono vita. Scoprilo ora