ep-40 uni

631 31 2
                                    

ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်

အပိုင်း (40)

(အပိုင်း14နောက်ကဟာပြန်ရောက်ပါပြီ)

ဝမ်တစ်ယောက်အတိတ်တုန်းကဟာတွေ ပြန်မြင်နေသည်။ စဉ်းစားကြည့်လိုက်တော့ ပျော်စရာတွေများခဲ့သား။

အဲ့တုန်းကရိုစီဆိုတဲ့ကောင်မလေးက မိုက်ရူးရဲဆန်ပြီး ကလေးအကွက်တွေနဲ့ ဝမ်တို့ကိုလာကစားချင်ခဲ့တာလေ...။

နောက်တော့သူ့လုပ်ရပ်ရဲ့ အကျိုးဆက်ကို သူပြန်ခံစားသွားရပြီလေ။

သူ့ကိုဖမ်းတုန်းက ရိုစီဆိုတဲ့သူမက ဖမ်းခံမယ့်အစားသေလိုက်မယ်ပြောပြီး စားပွဲနဲ့ခေါင်းနဲ့ဆောင့်ပြီး သတ်သေသွားသည်။

ရှောင်းအခန်းထဲဝင်လာတော့ မျက်လုံးပွင့်လျက်တစ်ခုခုကိုတွေးတောလျက်ရှိနေသော ဝမ့်ကိုမြင်လိုက်ရသည်။

"ဝမ်နိုးလာပြီလား"

ရှောင်းကဝမ့်ကို ခေါင်းအုံးပေါ်မှီစေလိုက်ပြီး ရေနွေးတစ်ခွက်ထည့်ပေးကာမေးလိုက်သည်။

"အင်း ရှောင်း ကလေးတွေရော"

"Nurseမ ခေါ်သွားတယ်"

"အော်...."

"ဝမ်.."
"သက္သာလား"

"အင်း သက်သာပါတယ်"

"ဝမ်ရယ် သမီးတုန်းကလို ခွဲမွေးလည်းရတဲ့ဟာကိုကွား"

"ရှောင်းရာ ငါအဆင်ပြေနေပါပြီဆို"

"ဒါပေမယ့် ဝမ် မင်းကယောက်ျားလေးလေကွာ"

"အခုခေတ်ဆေးပညာကပိုပြီးတွင်ကျယ်လာပါပြီရှောင်းရာ"

"မတော်တဆဆိုတာပြောလို့ရရဲ့လား!"
ပြောရင်းနဲ့ရှောင်းမျက်လုံးများကနီရဲတက်လာပြီ။

ဝမ်လည်းဘယ်လိုချော့ရမယ်မှန်းမသိ။ နောက်ဆုံးအံကြိတ်ပြီး ရှောင်းကိုစကားလုံး (၂)လုံးနဲ့ခေါ်လိုက်သည်။

"ကိုကို"

ရှောင်းတန့်သွားပြီးနားကြားမှားနေသည်ဟုထင်နေ၏။ သို့သော်နောက်တစ်ခါခေါ်လာတဲ့အချိန်ကျ နားကြားမှားတာမဟုတ်ဘူးဆိုတာသိသွားသည်။

 ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်[COMPLETED]Where stories live. Discover now