အပိုင်း(19)

219 9 12
                                    


အပိုင်း (19)

ဒီနေ့ကသူတို့နှစ်ယောက်ရဲ့ စေ့စပ်ပွဲနေ့ဖြစ်သည်။ သူတို့က 5star hotelတစ်ခုကို တစ်ညလုံးအပြီးအပျက်ငှါးထားခဲ့ကြသည်။ စေ့စပ်ပွဲ၌ လူတွေလည်းစည်ကားနေကြသည်။ ပါးနှစ်ယောက်ရဲ့စီးပွားဖက်တွေရော. မားတို့ရဲ့သူငယ်ချင်းတွေကိုရောဖိတ်ထားသဖြင့် အလွန်ပင်စည်ကားနေခဲ့သည်။

ဒါတောင်ရိပေါ်တို့ရဲ့သူငယ်ချင်းတွေမပါသေး။ သူတို့ကခန်းမထဲမှာမသွားကြပဲနဲ့ ရိပေါ်ရဲ့အခန်းနဲ့ရှောင်းကျန့်ရဲအခန်းတွေထဲမှာ ရစ်သီရစ်သီလှုပ်နေခဲ့ကြသည်။ ဝမ်ဟောက်ရွှမ်းက အကဲဆုံးဖြစ်သည်။ သူကသူ့ညီလေးကိုစကားတွေတစ်တွတ်တွတ်ပြောနေသဖြင့် ကြားထဲကမိတ်ကပ်လိမ်းပေးတဲ့လူတွေက နားမုဒိန်းကျင့်ခံနေကြရသည်။

"ရိပေါ်လေး.. ဘာလိုလိုနဲ့ရိပေါ်လေးတောင် ယောက်ျားယူတော့မယ် ဟောဒီက ကောကောကတော့အခုထိ ကောကောချစ်တဲ့လူကို ဖွင့်မပြောရသေးဘူး..ဟူး.. ဒါပေမယ့် ကြည့်ရတာရှောင်းကျန့်က.ငါတို့ရိပေါ်လေးကို ကြိုက်နေတယ်ထင်တယ်နော် ဟုတ်မှာပါ.. ငါတို့ရဲ့ရိပေါ်လေးက အရမ်းကိုလှတာဆိုတော့လေ.. ပြီးတော့.. @@$$%$#$"(M/N ငါဒီတစ်သက်ဆက်ရေးရအုံးမှာလား)

ခနနေတော့ ဝမ်မားတို့ရောက်လာခဲ့သည်။ သူတို့လည်းရိပေါ်လေးကိုကြည့်ပြီး

"ထျန်းန..ဒါကငါတို့ရဲ့ရိပေါ်လေးလား.. ဘယ်လိုဖြစ်ပြီးဒီလောက်တောင်လှနေရတာလဲ.. မားတောင်အခုနက မားရဲ့ရိပေါ်လေးကိုမမှတ်မိတော့ဘူးဖြစ်သွားတာ"

ရိပေါ်လည်းရှက်ရယ်ရယ်၍
"မားကလည်း.. ဝမ်လေးကလှတာဟုတ်ပါဘူး ဝမ်လေးကခန့်တာပါဆို"
ရိပေါ်က နှုတ်ခမ်းလေးဆူ၍ပြောသည်။

ဝမ်မားလည်းရယ်၍
"အင်းပါ.. ငါတို့ရဲ့ ဝမ်လေးကအခန့်ဆုံးပဲ လာမာမားမင်းကိုဖက်ပါရစေ"

ဝမ်မားလည်း ရိပေါ်ကိုဖက်၍ တိတ်တိတ်လေးမျက်ရည်ခိုးသုတ်လိုက်သည်။ ဘာလိုလိုနဲ့သူမရဲ့သားလေးက စေ့စပ်ရတော့မယ်။ ဒါပေမယ့်သူမကတော့ ငယ်ငယ်တုန်းက မာမားလို့ခေါ်ပြီးလှုပ်စိလှုပ်စိနဲ့ပြေးလာနေတဲ့ ဝက်ပုလုံးလေးလို့ထင်နေတုန်းပဲ။ သူမကfujoတစ်ယောက်ဖြစ်ပေမယ့် ရိပေါ်ကသူမရဲ့သားလေးလေ။ တကယ်တော့ဒီဟာကစေ့စပ်ပွဲမဟုတ်ပါဘူး။ လက်ဆက်ပွဲပဲဖြစ်သည်။ ဒါကြောင့်ဝမ်မားကငိုနေတာပေါ့။ သူမရဲ့သားလေးကနောက်နေ့ကစပြီး သူမနဲ့အတူမနေနိုင်တော့ဘူးလေ။

 ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်[COMPLETED]Where stories live. Discover now