ep-31 uni

441 35 0
                                    

ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်

အပိုင်း (31)

ဝမ်လေးအိမ်မှာ ဘာမှလုပ်စရာမရှိတာကြောင့် ပျင်းနေခဲ့သည်။
"ဘာလုပ်စရာရှိလဲ စဉ်းစားစမ်း.. အား.ရှောင်းရဲ့အလုပ်ကိုသွားလည်ရမယ်"

ရုံးခန်းထဲမှာအလုပ်လုပ်နေတဲ့ ရှောင်းတစ်ယောက် ရုတ်တရက်အေးစိမ့်သွားသလိုခံစားလိုက်ရ၏။
"ရုတ်တရက်ချမ်းလာပါလား ဘာတွေဖြစ်လာမလဲမသိ"

"ကဲ ဒါမျိုးကမနှေးသင့်ဘူး အခုပဲသွားရမယ်😁"
"အန်တီကျန်းရေ. ရှောင်းအတွက်နေ့လည်စာလေးထုတ်ပေးပါလား"

"ဟုတ်ကဲ့ပါ သခင်လေးဝမ်ရေ."

"ဟီးဟီး"

ဝမ်လည်း ဂျိုင့်ကိုယူပြီး ကားနှင့်ထွက်လာခဲ့သည်။
ရှောင်းကုမ္ပဏီကိုရောက်တော့.. ကားပါကင်ကိုတိုက်ရိုက်သွား၍ ပါကင်ထိုးပြီးရှောင်းရဲ့ရုံးခန်းထဲကို လာခဲ့လိုက်တော့သည်။
တံခါးကိုဖွင့်လိုက်တော့
"ဟင်.. ဒါ..ဒါတွေက.. ငါ..ငါမင်းတို့ကို..မနှောက်ယှက်တော့ပါဘူး. "
လို့ပြောပြီးတံခါးပိတ်၍ထွက်သွားခဲ့သည်။

"ဝမ်..ဝမ်ထင်သလိုမဟုတ်ပါဘူး"
"ကိုယ်ရှင်းပြပါ့မယ်..ဝမ် ရပ်ပါတော့.." ရှောင်းလည်းနောက်ကပြေးလိုက်ပြီး ဖြေရှင်းချက်တွေပေးနေသည်။

"အဟက်..အင်း.ရှင်းပြ" ဝမ်လဲလမ်းလျှောက်နေရာကရပ်လိုက်ပြီး ရုံးခန်းထဲသို့ဝင်သွား၍ ထိုင်ခုံပေါ်ထိုင်လိုက်ပြီးပြောလိုက်သည်။

"ဒါကဒီလိုပါ."

^^^^^^^^^
ရှောင်းတစ်ယောက်ရုတ်တရက် အေးလာခဲ့တာကြောင့် စကားတချို့ကိုရေရွတ်ပြီး အလုပ်ဆက်လုပ်နေလိုက်သည်။
"သခင်လေးရှောင်း. တစ်ဖက်ကလုပ်ငန်းရှင်ရဲ့သမီးဖြစ်တဲ့. ရိုစီလာပါတယ်"

"သူကဘာလာလုပ်တာလဲ.. အင်း ဝင်ခဲ့ခိုင်းလိုက်"

"ဟလို ကျန့်.." အနီရောင်ကိုယ်ကျပ်ဝတ်စုံကို ဝတ်ထားတဲ့ညို့အားပြင်းတဲ့အလှရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ထိုသို့ဆို၍ဝင်လာခဲ့သည်။

 ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်[COMPLETED]Where stories live. Discover now