ep-4 uni

1.4K 85 2
                                    

ဒါပြီးရင်ဒီတစ်ပါတ်အတွက်၄ပိုင်း ပြီးသွားပါပြီနော်

ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်

အပိုင်း 4

ဝမ်လေးမနက်နိုးလာတော့ သူ့ဘေးမှာအပေါ်ပိုင်းဗလာနဲ့အိပ်နေတဲ့လူတစ်ယောက်လည်းညရှိနေသည်။ သူကတော့(ဝမ်)အဲ့လူရဲ့ရင်ခွင်ထ၌မှာရောက်နေသည်။ ခြေတွေလက်တွေကလည်း အချင်းချင်း လျှက်နွယ်လို့။  ဝမ်လေးက အခြေအနေကို သေချာမစမ်းစစ်မိသေးခင်မှာ တံခါးဖွင့်သံကြားလိုက်ရသည်။

"ဟုတ်တာပေါ့ ဒါကဝမ်လေးရဲ့အခန်းလေ သူ့ကိုမှတ်မိသေးတယ်မဟုတ်လား သူက....."

အဲ့လူကြီးက(ဝမ်ပါး)ပြောသာပြောနေတာ ဘယ်သူမှ သူ့စကားကိုနားမထောင်နေလို့ သူတို့ကိုကြည့်လိုက်သည်။ သူတို့ကြည့်နေကြတဲ့နေရာကို ကြည့်လိုက်တော့ သူချက်ချင်းလက်ငင်းသွေးတက်သွားသည်။

"ဟေ့ကောင် ဝမ်ရိပေါ်...."

သူတို့အိမ်ကြီးထဲမှာ ဝမ်ပါးရဲ့အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ဝမ်လေးလည်း အလန့်တကြားထလျုက်မိပေမယ့် သူ့ကိုဖက်ထားတဲ့သူက ပြောသည်။

"အင်း.. ဝမ်. အစောကြီးရှိနေသေးတာကို ထတော့မလို့လား ပြန်အိပ်ပါအုံး မနေ့က ပင်ပန်းထားတယ်မဟုတ်လား"

သူပြောတဲ့စကားဘယ်အတိုင်းအတာထိရောက်သွားမှန်းမသိတဲ့ ထိုလူက ဆက်၍ပြောသည်။

"မင်းမနေ့က တော်တော်ဆိုးတာပဲ ငါ့ကိုတောင်အနားယူခွင့်မပေးဘူး"

အိပ်ချင်မူးတူးလေသံဖြင့်ပြောလိုက်ပေမယ့် ဘေးကဝမ်ပါးတို့က သေချာကြားလိုက်ရသည်။

"ဟေ့ကောင် ရှောင်းကျန့်.... "

ဒီတစ်ခါတော့ ဝမ်ပါးရဲ့အသံမဟုတ်တော့ပါဘူး။ ရှောင်းကျန့်ရဲ့ မွေးဖသခင်ရှောင်ပါးပါးပဲ ဖြစ်ပါသည်။
ပါးနှစ်ယောက်ရဲ့နောက်မှာလည်း ဝမ်မားနဲ့ရှောင်မားက အသီးသီး နေရာယူလျက် ရှိနေသည်။

"အင်းးး.. ပါးလား. မဖြစ်နိုင်တာ ဒီမှာပါးမှမရှိတာ ဘယ်ကနေပါးရဲ့အသံကြားနေရတာလဲဟ ဒါမှမဟုတ် စာအုပ်ထဲကလို အယောင်ဆောင်ထားတဲ့အိပ်မက်မိစၦာ သရဲများလား.."

သူ့သားကိုအော်မလို့ပြင်နေတဲ့ရှောင်ပါးတောင် သူ့သားရဲ့စကားတွေကိုကြားပြီး သူပြောမယ့်စကားတွေက လည်ပင်းမှာတစ်နေတော့သည်။

"ဟေ့ကောင်ထစမ်း"
ဆိုပြီးကျန့်ကို အတင်းနိုးနေသည်။

"ဟမ် ပါးလား ပါးကဘယ်လိုလုပ်ပြီးဒီကို......"

"အေးဟုတ်တယ် ငါကမင်းရဲ့ပါးကွ ဘယ့်နှယ် ငါကအစက မင်းတို့နှစ်ယောက်ကိုအချင်းချင်းမိတ်ဆက်ပေးမလို့ကွ ဒါပေမယ့် အခုလိုဖြစ်သွားပြီဆိုတော့ ဟူး.."

ရှောင်ပါးက သက်ပြင်းတစ်ချက်ချလိုက်ပြီး ဝမ်ပါးဘက်ကို လှည့်၍ပြောလိုက်သည်။

"ဒီအဆင့်ထိဆောင်ဖြစ်ပြီးသွားပြီဆိုတော့ သူတို့နှစ်ယောက်ကို အမြန်ဆုံးလက်ထက်ပေးလိုက်ကြတာပေါ့"

ဝမ်ပါးကလည်း
"အဲ့လိုပဲလုပ်ရတော့မှာပေါ့ကွာ"

နောက်က ရှောင်မားနဲ့ဝမ်မားရဲ့ မျက်နှာတွေက အပြုံးတွေနှင့် ဝေဆာနေကြသည်။ သူတို့ရဲ့အပြုံးကိုအဓိပ္ပါယ်ဖော်လျှင် ' we are fujoshi' ဆိုပြီးတော့ပေါ့။

"ဒါဆိုရင် ငါတို့လည်းနေ့ရက်ကောင်းတွေရွေးကြတာပေါ့ဗျာ"

"ဟုတ်ပြီ ဟိုနှစ်ကောင်အဝတ်တွေအမြန်ဝတ်ပြီး အိမ်အောက်ဆင်းလာခဲ့" ဟုဆိုရင်း အိမ်အောက်ကို ဆင်းသွားကြသည်။

Tbc~~~~~

5.4.2022(tue) 5:51pm

 ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်[COMPLETED]Where stories live. Discover now