ep-3 uni

1.5K 81 2
                                    

ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်

အပိုင်း(3)

သူတို့တွေက ည(10)နာရီလောက် ရောက်တော့ လမ်းခွဲလိုက်ကြသည်။ ကျောင်းသားတွေကလည်း မူးတဲ့လူကမူး ၊ မောက်တဲ့လူကမောက်နဲ့ ။

ဝမ်ရိပေါ်လည်း သောက်တဲ့စံချိန်က လွန်သွားတော့ အမူးလွန်ပြီး သူ့ဘေးမှာထိုင်နေတဲ့လူကို ထိုင်ရစ်နေတော့သည်။ အမောင်ဝမ်ရိပေါ်ရစ်သမျှကို ခံနေရတဲ့သူကတော့ သူ့ရဲ့ဝမ်းကွဲတဖြစ်၊ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းလဲဖြစ်တဲ့ ဝမ်ဟောက်ရွှမ်းပါ။

(ကဲ ဝမ်ရစ်ပေါ်လေးရောက်လာပါပြီနော်😁)
"မင်းစဉ်းစားကြည့်စမ်းပါ အေ့ ဟောက်ရွှမ်းရာ အေ့"

ဘလိုင်းကြီးလာစဉ်းစားခိုင်းနေတော့ သူရစ်သမျှခံနေရရှာတဲ့ အမောင်ဟောက်ရွှမ်းလေးခမျာ ကြောင်အသွားရရှာသည်။

"အဲ့ဒီရှောင်ကျန့်ဆိုတဲ့လူကလေ ငါ့ကိုသိပ်စိတ်အနှောက်အယှက်ပေးလွန်းတယ်"

ဒီစကားကြားပြီး ဟောက်ရွှမ်းရဲ့စိတ်ထဲမှာတော့

!အော်~ ငါ့ညီလေးသနားပါတယ်ကွာသူ့ခမျာကျောင်းရဲ့ king ကို ကြိုက်နေတာဆိုတော့လဲ ဟူးးး နေပါအုံး ငါတို့ရဲ့ ပေါ်တိလေးက ဘယ်အချိန်တုန်းက ကွေးသွားတာလဲဟ!

ဟောက်ရွှမ်းတစ်ယောက် အတွေးတွေက ပလုံစီနေလေသည်။ ဝမ်ရိပေါ်က ဆက်ပြောလာသည်။

"အဲ့ဒါအဲ့ဒီရှောင်းကျန့်ကြောင့်ပဲ အဲ့ကောင်က ငါကြိုက်နေတဲ့ ဝေဝေလေးက သူ့ကိုကြိုက်နေတာလေ သူမ ဒီနေ့အဲ့ကောင်ရှောင်းကျန့်ကိုခွဲျနေတာများ မြင်လို့ကိုမကောင်းဘူး"

ပြောနေရင်းနဲ့ အသံက ရှာလကာရည်တစ်ပုလင်းလောက်သောက်ထားတဲ့ လေသံနဲ့ ပြောနေတာကိုသူ့ကိုယ်သူတောင် သတိမထားမိဘူး။

အဲ့ဒါကို ဘေးကသောက်နေတဲ့ ဟောက်ရွှမ်းက ရှေ့ကဟာတွေက ဆူဆူညံညံအသံတွေကြောင့် တစ်ဝက်ပဲကြားလိုက်ပြီး နောက်ဆုံးစာကြောင်းကိုတော့ ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။ ပြီးတော့ အသံကလည်း ရှာလကာရည်သောက်နေတဲ့အသံဆိုတော့ သူညီက ရှောင်းကျန့်ကို ကြိုက်နေတယ်ထင်ပြီး ဟောက်ရွှမ်းတစ်ယောက် သူ့ညီကို သနားပြီးရင်း သနားနေရှာသည်။ (ဆိုးဆလပ်ရွက်ပါ ပေါ်တိလေးရေ😂😂)

!အော် ပေါ်တိလေးခမျာ သူကြိုက်နေတဲ့သူက ယောက်ျားလေးဖြစ်နေတော့ သူ့ခမျာ ဖွင့်ပြောရခက်နေမှာပေါ့!ဆိုပြီးတွေးနေသည်။(သောက်တလွဲ ညီအစ်ကိုတွေ 😂😂)

"ပေါ်တိလေးရာ မင်းဒီတစ်ခါတော့ စိတ်မကောင်းဖြစ်လို့ရတယ် ဒါပေမယ့် ဒီတစ်ခေါက်ပဲနော် ပြီးတော့ ဒီလောကမှာ လူတွေမရှားပါဘူးကွား မင်းနောက်တစ်ယောက်ရှာချင်ရင် ဒီအစ်ကိုရဲ့တာဝန်ထားလိုက် ဒီအစ်ကိုမင်းကိုရှာပေးမယ်" ဆိုပြီး သူ့ရင်ဘတ်သူပုတ်ပြနေသည်။

အဲ့ဒါကို အဝေးကနေ ပြုံးပြီးကြည့်နေတယ့် လူတစ်ယောက်ရယ် ၊ သတ်ဖြတ်ချင်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတဲ့ ကောင်လေးတစ်ယောက်နဲ့ အဲ့ကောင်လေးကို ချစ်ရည်ရွှမ်းနေတဲ့ မျက်လုံးတစ်စုံနဲ့ကြည့်နေတဲ့ ကောင်မလေးတစ်ယောက်လည်း ရှိနေသည်။

Tbc~~~~~

29.3.2022(tue) 8:22 am

 ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်[COMPLETED]Where stories live. Discover now