ep-26 uni

508 41 0
                                    

ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်

အပိုင်း (26)

ဒီလိုနဲ့သူတို့လည်း အတန်းတက်ခဲ့ပြီ။ တတိယနှစ်ကိုရောက်ပြီလေ။ အဲ့တော့စာတွေလည်းပိုများလာမယ်လေ။ အဲ့တာကြောင့်ဝမ်လေးက ကိုယ်လေးလက်ဝန်ရောရှိနေတာနဲ့ပေါင်းပြီး ရှောင်းကပါနားလိုက်မလို့လုပ်ပေမယ့် ကိုယ်ဝန်သိပ်မရှိသေးပါဘူးဆိုပြီး ဝမ်လေးကပူဆာတာကြောင့် နှစ်လလောက်တက်မလို့လုပ်လိုက်သည်။

ဒီနေ့ကသူတို့ရဲ့ တတိယနှစ်စရဲ့ ပထမဆုံးနေ့ဖြစ်သည်။ ထို့ကြောင့်ခါတိုင်း(၁၀)နာရီလောက်မှ ထတဲ့ဝမ်လေးဟာ ဒီနေ့မနက်မှာတော့အစောကြီးထ၍ အစွမ်းကုန်ရွိုင်းနေတော့သည်။ ကိုယ်ဝန်ရှိနေမှန်းတောင်သိတော့မယ်မထင်။ သီချင်းလေးတညည်းညည်းနဲ့ အလှပြင်နေ၏။ သူလေးကနဂိုရုပ်ခံလေးရှိတော့ အခုလိုရွိုင်းလိုက်တော့ အရမ်းရွိုက်နေတာပေါ့။

ရှောင်းလည်းအမြန်ပြင်လိုက်ရတာကြောင့် မှန်တောင်မကြည့်အားတော့။ သူလေးဗိုက်ဆာရင်စားဖို့ အစားအသောက်တွေပြင်ပေးရအုံးမယ်လေ။ ရှောင်းကျန့်ဘဝကအခုတော့ကလေးထိန်းကြီးကိုဖြစ်လို့ပေါ့။ ဒါပေမယ့်သူလေးအတွက်ဆို ကျေနပ်ပါတယ်။ ဟူး.. မြန်မြန်လုပ်မှပဲ.. သူလေးကအရမ်းလည်းစိတ်မရှည်ဖြစ်တတ်ပြီး အရမ်းလည်းလောတတ်သေးတာ။

"မြန်မြန်လာလေ..ခနနေနောက်ကျတော့မှာပဲ"

"အေးပါ..ဝမ်လေးရဲ့.ဒီမှာကိုယ်ကမင်းစားဖို့.. အစားအသောက်တွေလုပ်ပေးနေတာလေ.."

"အဟမ်းးး. အင်းပါ. ဒါဆိုလည်းဖြည်းဖြည်းချင်းသွားကြတာပေါ့.."

"အဟက်..အစားပုတ်လေး"
တိုးတိုးလေးပဲပြောရဲတယ်။ ခနနေသူလေးကကိုယ့်ကိုလာထိုးနေမှ ဘယ်လိုလုပ်ကြမလဲ ပရိတ်သတ်ကြီးတို့..။

"သွားကြတော့မယ်လေ"

"အင်းအင်း.."

သူတို့လည်းကျောင်းကိုသွားလိုက်ကြသည်။ တော်သေးတာပေါ့။ ကျောင်းတက်ဖို့ဆယ်မိနစ်လိုသေးတယ်။
သူတို့အတန်းသစ်ထဲကိုဝင်လိုက်တော..
"ရိပေါ်လေးသက်သာလာပြီလား"

 ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်[COMPLETED]Where stories live. Discover now