ep-29 uni

454 32 0
                                    

ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်

အပိုင်း (29)

အခုဆိုရင်ဝမ်လေးရဲ့ကိုယ်ဝန်က လေးလကျော်လို့ငါးလထဲပင် ရောက်နေခဲ့ပြီ။ ဒါပေမယ့် အတန်းကဘယ်သူကမှမသိရှိကြပေ။ ဝမ်လေးကအစကတည်းကအင်္ကျီအပွတွေပဲ ဝတ်တတ်တာကြောင့်ဖြစ်မည်ထင်သည်။ နဲနဲဝတယ်လို့ထင်ရတာကလွဲပြီး ကျန်တာကထူးဆန်းမှုမရှိကြပေ။ ထို့ကြောင့်လည်းဝမ်လေးကိုယ်ဝန်ရှိနေတာကို ယခုချိန်ထိမည်သူမျှမသိရှိကြပေ။ ဒါပေမယ့်သူတို့ကအားကျနေကြသည်။ ရှောင်းလိုဂရုစိုက်တတ်တဲ့ကောင်လေးမျိုးကို သူတို့လည်းရချင်တယ်လေ။ (ဆုတောင်းလိုက်ပါဗျ)

တချို့ကောင်လေးတွေဆိုလျှင် ဒါမိျုးသာရခဲ့ရင် တစ်သက်လုံးကွေးပေးနိုင်ပါတယ်လို့တောင် ပြောနေကြသေးသည်။ မိန်းကလေးတွေကလည်းထို့အတူပင်။ အချို့သောမိန်းကလေးတွေဆိုလျှင် ရှောင်းကိုတောင်လာမြူဆွယ်ကြသေးသည်။ အဲ့ထဲမှာ အရင်တုန်းကဝမ်လေးရဲ့ခွက် ယခုလက်ရှိအချစ်ပြိုင်ဘက်ဖြစ်နေတဲ့ school queen ဖြစ်တဲ့ ပိုင်ဝေဝေကအဆိုးဆုံးပင်။ လမ်းမှာလည်းတမင်လားမသိ။ ခနခနတွေ့နေရသည်။ ဒါပေမယ့်ရှောင်းကိုမပြောမိပေ။ ရှောင်းကအလွန်အားနာတတ်တယ်လေ။ သူပြောရင်တောင်ရမှာမဟုတ်မှန်းသိတာကြောင့် ပုံမှန်လိုပဲဆက်နေမိသည်။

ဒီနေ့တော့ဝမ်လေးတို့ကျောင်းနောက်ကျ၏။ ဘာကြောင့်လဲဆိုတော့ ဝမ်လေးကလာနေရင်းလမ်းမှာ ဗိုက်ဆာတယ်ဟုပြောလာတာကြောင့်ပင်။ ထို့ကြောင့်ရှောင်းလည်း ကားပေါ်ကနေမနီးမဝေးမှာရှိနေတဲ့ မုန့်ဆိုင်ငယ်လေးတစ်ခုသို့သွားပြီး တစ်မျိုးနည်းနည်းစီဝယ်ခဲ့ပေးလိုက်သည်။

ဝမ်လေးကတော့မုန့်တွေကားထဲရောက်တာနဲ့ သူ့ယောက်ျားကိုတောင် လှည့်မကြည့်အားပဲ တစ်ခုပြီးတစ်ခုပါးစပ်ထဲထည့်နေခဲ့သည်။ ရှောင်းကလည်းအဲ့တာကိုသဘောတကျနဲ့ ကြည့်နေတာပေါ့။ ဝမ်လည်းသူ့ဘက်လှည့်ကြည့်လိုက်တော့ သူ့ကိုစိုက်ကြည့်နေတာကို တွေ့သွားပြီးသီးသွားခဲ့သည်။

"အဟွတ်အဟွတ် ရှောင်း ရေ"

"ရော့ ဒီမှာ ဖြေးဖြေးသောက်"

 ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်[COMPLETED]Where stories live. Discover now