ep-13 uni

795 50 0
                                    

Uniလေးတွေဖတ်လိုရလားရှင့်

ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်

အပိုင်း (13)

သူတို့နှစ်ာက်မနက်စာစားပြီးသွားတော့.tvအတူကြည့်နေကြသည်။.ရှောင်းကလည်း နှစ်ရက်ခွင့်ယူထား၏။ ဘာလို့ဆိုမနက်ဖြန်ဗိုက်ဗိုက်လေးကို အက်ထရာဆောင်းသွားရိုက်မှာမို့လို့ဖြစ်သည်။ အခုဆိုရင်ဝမ်လေးရဲ့ဗိုက်က၆လတောင်ရှိနေပြီ။ ဒီတစ်ခေါက်ကိုယ်ဝန်ဆောင်တာက အရင်တစ်ခေါက်ကထက်ပိုပြီးကြီးနေသည်။ အမွှာလေးတွေများဖြစ်နေနိုင်မလား။ ရှောင်းလည်းဒီနေ့ဝမ့်ကိုအဝစားထားခိုင်းသည်။ ဘာလို့ဆိုမနက်ဖြန်ဆေးစစ်ရမှာမို့စားခွင့်မရှိဘူးလေ။ ဝမ်လည်းအဲ့တာကိုသိတာကြောင့်တစ်မျိုးပြီးတစ်မျိုးစားနေ၏၊ သူ့ပါးစပ်နဲ့လက်ကလည်းအစားတွေနဲ့ပြတ်တယ်ရယ်လို့မရှိဖြစ်နေသည်။ 

"ရှောင်း အဲ့နားက မုန့်လေးတစ်ချက်လောက်"

"အင်းပါ ဗိုက်ဗိုက်ကလေးရယ် အများကြီးမစားနဲ့နော် တော်ကြာနေ ဟောဒီကဗိုက်ကြီးလဲပွင့်ထွက်သွားနေပါအုံးမယ်"

"ဘာ ရှောင်း ဒီဗိုက်ရအောက်ဘယ်သူလုပ်ခဲ့တာမို့လို့လဲ အခုဆိုရင်ငါကလုပ်ချင်တာမလုပ်ရ စားချင်တာတွေကိုလည်းမစားရနဲ့ အခုလောလောဆယ်တော့ ငါ့ကိုအေးဆေးစားခွင့်လေးတော့ပေးပါ"

ကြည့်....ကိုယ်ကတစ်ခွန်းလေးပဲပြောရသေးတာကို စက်သေနတ်လိုမျိုးပေါက်ပေါက်ဖောက်နေပြန်ပြီ ကိုယ်ကသူ့ကိုစိတ်ပူတာကိုသူမသိလေရောသလား ဒါတော့စိတ်ထဲကနေပဲပြောထားရမယ် တော်ကြာနေဗိုက်ဗိုက်ကစိတ်တိုပြီး ငါ့ကိုစကားမပြောပဲနေနေအုံးမယ်

ရှောင်းလည်းအတွေးတွေထဲလက်ပြစ်ကူးနေတာကြောင့် ဝမ်ဘာပြောလည်းမသိလိုက်ပေ။

"ရှောင်း..ရှောင်း..ငါ့ကိုအဲ့မုန့်ယူပေးလို့. တကယ်ထဲမုန့်လေးပဲယူခိုင်းတဲ့ဟာကို သူ့ကျောင်းကဘယ်ကောင်မလေးကိုများသတိရနေလည်းမသိ၊ "

"အာာ..ဝမ်ကလည်း.အဲ့လိုမဟုတ်ပါဘူးကွာ ကိုယ်စဉ်းစားနေတာကဟောဒီကဗိုက်ထဲကဟာလေးက ယောကျာ်းလေးလား မိန်းကလေးလား ဆိုပြီးစဉ်းစားနေတာပါ၊ပြီးတော့သူထွက်လာရင်ဘယ်လိုရုပ်ကလေးဖြစ်နိုင်မလဲ ကိုယ်နဲ့တူမလားဒါမှမဟုတ်မင်းနဲ့တူနေမလားလို့လေ"

"အား ရှောင်းကတော့ တကယ်ချွေတတ်တာပဲ ဒါနဲ့နေပါအုံးဒီလိုအပြောလေးတွေနဲ့ဘယ်နှစ်ယောက်ကိုများချွေခဲ့လဲမသိပါဘူး"

"မဟုတ်တာဝမ်ကလည်း ကိုယ်ကမင်းတစ်ယောက်တည်းကိုပဲပြောဘူးတာပါ တခြားကောင်မလေးတွေဆိုရင်
လှည့်တောင်မကြည့်ဖူးဘူး"

"အော် ဒါဆိုအခွင့်အရေးရရင်ကြည့်မယ်ဆိုတဲ့ သဘောကိုပြောတာပေါ့ ဟုတ်လား "

"အဲ့လိုလည်းမဟုတ်ပါဘူးဝမ်ရယ် ကိုယ့်ဆီမှာအခုချိန်ထိဝမ်တစ်ယောက်ထဲပဲရှိဘူးတာပါ"

"ကောင်းပြီလေ အလျှောက်ကောင်းလို့ အထောင်းသက်သာသွားတယ်မှတ် အခုတော့ငါ့ကို ဟိုနားကအာလူးကြော်ထုပ်လေးယူပေးအုံး"

"အိုကေ မင်းသဘောအတိုင်းပဲ"

နောက်နေ့ရောက်တော့....
သူတို့တွေကမိသားစုပိုင်ဆေးရုံသို့သွားနေကြသည်။. အက်ထရာဆောင်းရိုက်မဲ့အချိန်ရောက်တော့ သူတို့ရဲ့ခြေဖျားလက်ဖျားတွေကအေးစက်လို့ ဒေါက်တာလည်းစမ်သပ်ပေးလိုက်၏။ မှန်ဘောင်အထက်မှာ ယောက်ျားလေးအမွှာနှစ်ယောက်ကနေရာယူထားသည်။

"Con conပါဗျာ ယောကျာ်းလေးအမွှာလေးတွေပါ ဒီမှာတွေ့လားသူတို့နှစ်ယောက်ကခင်ဗျားတို့နှစ်ယောက်ကိုနှုတ်ဆက်နေကြတာ "

ရှောင်းတို့လည်းပျော်လွန်းလို့မျက်ရည်တောင်ဝဲသွားကြသည်။ မျှော်လည်းမျှော်လင့်နေကြသည်။ ဒီကလေးလေးတွေကနောက်လအနည်းငယ်ဆိူအပြင်ထွက်လာကြတော့မှာလေ။ ရှောင်းဆိုကလေးအဝတ်အစားကုမ္ပဏီတွေတောင်မှဆက်သွယ်နေပြီ။ မားတို့လည်းပျော်နေကြသည်။ သူတို့တွေကယောက်ျားလေးတွေဖြစ်လို့ရင်သွေးလေးတွေမရနိုင်ဘူးလို့ထင်ထားကြတာ။ အခုတော့ဒုတိယကိုယ်ဝန်တောင်နောက်(4)လလောက်ဆိုမွေးတော့မည်။ ဝမ့်ကိုလည်းအရင်ကထက်ပိုပြီးသည်းသည်းလှုပ်နေကြသည်။ စားချင်တာပြောလိုက်တာနဲ့ချက်ချင်း မျက်စိရှေ့ရောက်လာတာတွေပေါ့။ သူတို့အားလုံးလည်းပျော်ရွှင်နေကြသည်။

Tbc~~~~~

28.4.2022(thur)7:50am

#အချစ်များစွာဖြင့်
#MyatNoe415
#2770words

မနက်အစောကြီး ရေးထားတာဟီး ဒီအပိုင်းလည်းနည်းနည်းရှည်တယ်နော် ကြယ်လေးတွေ ပေးခဲ့ကြပါအုံးရှင့်

 ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်[COMPLETED]Where stories live. Discover now