ep-37 uni

486 30 1
                                    

ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်

အပိုင်း (37)

ဝမ်မားတို့ရောက်ရောက်လာချင်း အရင်ဆုံးမေးတာကဝမ်လေးကိုပင်။

"ဝမ်လေးရော သူဘယ်လိုနေသေးလဲ"

ရှောင်းကဝမ်လေးရဲ့စောင်ကိုသေချာပြင်ပေးပြီး
"စိုးရိမ်စရာမရှိတော့ပါဘူးတဲ့မား"

"တော်သေးတာပေါ့"
ဝမ်မားအခုမှသက်ပြင်းချနိုင်တော့သည်။

ထိုအချိန်မှာnurseမက ကလေးတွန်းလှည်းလေးဖြင့် ကလေးကိုသယ်လာသည်။
မွေးထားတာကသမီးလေးတစ်ယောက်။ ရှောင်းနဲ့တော်တော်များများတူသည်။ ကလေးက.လေနဲ့ထိတွေ့ရတော့ အစကရှုံ့တွနေတဲ့အသားအရည်လေးက တဖြည်းဖြည်းပန်းရောင်သန်းလာသည်။

ကလေးကဝမ်လေးလိုအသားဖြူတော့ ရှောင်းပုခက်ထဲကနေချီလိုက်တဲ့အခါ ကျိုးပဲ့သွားတော့မည့်သယောင်ဖြစ်နေသည်။

"ကလေးကိုသေချာထိန်းကိုင်လေ "
ရှောင်းမားကဆူသည်။ ဘယ့်နှယ်..ကလေးကိုဘယ်လိုကိုင်ထားလဲမသိ။ သူမကရှောင်းကိုမျက်စောင်းထိုးလိုက်ပြီး ရှောင်းလက်ထဲက ကလေးကိုအသာအယာပွေ့ချီလိုက်သည်။

"လူချောလေးပဲ ဖွားမြေးလေးက"
ရှောင်းမားကထိုသို့ဆိုတော့ ဝမ်မားပါမနေနိုင်ကလေးကိုလာမြူတော့သည်။

"ကလေးကဝမ်လေးနဲ့တော်တော်တူတယ် ဝမ်လေးငယ်ငယ်ကနဲ့တစ်ရုပ်ထဲပဲ"

ရှောင်းမားကပြန်ပက်ပြောလိုက်သည်။
"ဘယ့်နှယ်.သားရှောင်းနဲ့တူတာပါ နှာခေါင်းကိုကြည့်လိုက် သားရှောင်းနဲ့တစ်ထပ်ထဲပဲ"

"သားဝမ်နဲ့တူတာပါဆို"

မားနှစ်ယောက်ငြင်းခုန်နေတုန်း ဝမ်လေးအင်းအဲလုပ်ပြီး သတိရလာပြီ။ အလင်းကစူးနေသဖြင့် ပြန်မှိတ်လိုက်သည်။

"မား ဝမ်လေးသတိရလာပြီ"

"မား..ရေ.."

ရှောင်းလဲရေနွေးအမြန်စပ်ပြီး ခွက်ကိုပိုက်တပ်၍ဝမ်လေးကိုသောက်စေသည်။

 ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်[COMPLETED]Onde histórias criam vida. Descubra agora