ep-25 uni

547 30 6
                                    

ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်

အပိုင်း (25)

ဝမ်လေးတစ်ယောက်အခုတလော နေလို့ထိုင်လို့မကောင်းဖြစ်နေခဲ့သည်။ သူအရမ်းကြိုက်တဲ့အစားအသောက်တွေကိုတောင်မှ မစားနိုင်တော့ပဲ စားပြီးတာနဲ့ထိုးအန်နေတော့သည်။ ရှောင်းလည်းအလွန်စိတ်သောကရောက်နေရ၏။ ဝမ်လေးကတစ်ချိန်လုံးအန်နေတာလေ။ ကြည့်ပါအုံး..မျက်နှာလဲဖြူဖျော့နေတာပဲ။ ဆေးခန်းသွားမယ်ဆိုတော့လည်းမသွားချင်။ ဒီနေ့တော့ရှောင်းကုမ္ပဏီကိုစောစောထွက်လာခဲ့၏။ မြန်မြန်အလုပ်လုပ်ရင် မြန်မြန်အလုပ်ဆင်းမယ်လေ။ အိမ်မှာဝမ်လေးကနေမကောင်းဖြစ်နေတာ။ အခုတောင်သူဘယ်လိုနေနေမလဲမသိ။ ဟာ..အိမ်ပြန်ချင်လိုက်တာ.. ဒါပေမယ့်အလုပ်ကလည်းမပြီးသေးဘူးဟ..ဟူး. မြန်မြန်လုပ်ရမယ်။ ဒါမှအိမ်ကိုမြန်မြန်ပြန်နိုင်မှာ..။

ဒါပေမယ့်ခါတိုင်းထက်ကို သူ့ရင်ထဲမှာဆစ်ခနဲဆစ်ခနဲဖြစ်နေပြီး ရင်ထဲကထုထည်ကလေးလံလာတာကြောင့် အိမ်ကိုဖုန်းခေါ်ကြည့်လိုက်သည်။

"ဟယ်လို"

"ဟယ်လိုသခင်လေးရှောင်း"

"အန်တီကျန်း..ဝမ်လေးရော.."

"သခင်လေးဝမ်က မနက်ကတည်းကနေအောက်ဆင်းမလာတာမို့ အပေါ်ထပ်သွားကြည့်လိုက်တော့ အန်နေတဲ့အသံတွေကြားနေရတာ အဲ့တာကြောင့်ဆေးသွားပေးမလို့လုပ်နေရင်း. သခင်လေးဖုန်းခေါ်လာတာနဲ့တိုးသွားတာ."

"ဒါဆို.ဒေါက်တာမြန်မြန်ခေါ်လိုက်လေ."

"ဟုတ်..ကျွန်မလည်းအခုပဲခေါ်တော့မလို့ပါ."

"အင်း. ကျွန်တော်အခုပဲပြန်လာခဲ့မယ်. ဒါဆိုဒါပဲနော်."

"ဟို..အလုပ်တွေက"

"ဟိုမှာ.ငါ့ယောက်ျားတစ်ယောက်လုံး နေမကောင်းဖြစ်နေတာကိုငါကဘယ်လိုလုပ် တစ်နေကုန်အလုပ်ပဲထိုင်လုပ်နိုင်မှာလဲ. သွားပြီ.ကျန်တာမင်းရှင်းလိုက်တော့.  "

ရှောင်းကလည်း ကားပါကင်ကိုခြေလှမ်းကျဲကြီးတွေနဲ့ အမြန်လျှောက်သွားပြီး ကားထဲဝင်၍အိမ်ကိုမောင်းသွားခဲ့သည်။

 ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်[COMPLETED]Where stories live. Discover now