ep-15 uni

735 44 0
                                    

Uniသမားလေးတွေဖတ်လို့ရကြလားဟင်

ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်

အပိုင်း (15)

ရိပေါ်တစ်ယောက်သူ့အရင်အကြောင်းတွေကိုပြန်မြင်နေရသည်။ သူတို့သက္ကသိုလ်တက်တုန်းက အကြောင်းတွေပေါ့၊
ရိပေါ်ကကျောင်းရဲ့အလှနတ်ဘုရားမလေးကိုကြွေသွားတာကနေစသည်။ သိတဲ့အတိုင်း သက္ကသိုလ်ပျော်ကျောင်းသားဆိုတော့ ကျောင်းစာတွေကိုလည်းမလုပ်။  တစ်နေ့မှာ သူတို့ရဲ့ဆရာကစာစစ်တော့သည်။မရရင်ရှေ့ထွက်ခိုင်းပြီး10ချက်ရိုက်တော့သည်။
ရိပေါ်လဲစာမလုပ်တော့မရတဲအဖွဲ့ထဲကိုပါခါနီးဖြစ်နေတုန်း ပိုင်ဝေဝေက သူမ၏စာအုပ်ကိုရိပေါ်ကိုပြလိုက်သည်။ သူမကသူမရဲ့အတန်းဖော်စာမရလို့စာအုပ်ပြတယ်ပေါ့၊ပြီးတော့သူကလည်းချောတယ်လေနော့။ ရိပေါ်လည်း အဲ့အချိန်ကတည်းကပိုင်ဝေဝေကို ကြွေသွားခဲ့သည်။ ဆယ်ကျော်သက်လေးတွေရဲ့ စိတ်ကစားတာကြောင့်လည်းပါသည်၊

ထိုနေ့ကစပြီးသူကပိုင်ဝေဝေကိုလိုက်တော့သည်။ ဒါပေမယ့်ပိုင်ဝေဝေကသဴ့ကိုရှိတယ်လို့တောင်မထင်။ သူမ ကြိုက်တဲ့သူကလည်း သူ့ရဲ့အိမ်ဘေးနားကအိမ်ကရှောင်းမိသားစုရဲ့ တစ်ဦးတည်းသောသားဖြစ်နေတဲ့ ရှောင်းကျန့်ကိုပဲဖြစ်သည်။ ထို့အချိန်ကစပြီး ရိပေါ်ဟာရှောင်းကျန့်ကိုမျက်မုန်းကျိုးသွားခဲ့၏၊ အဲ့တာကြောင့်ရှောင်းမခံရပ်နိုင်လောက်အောင်ထိ ဖြစ်အောင်တစ်မျိုးပြီးတစ်မျိုးရန်စတော့သည်။ သူ့ရဲ့နတ်ဘုရားမလေးဖြစ်တဲ့ ပိုင်ဝေဝေရှေ့မှာဆိုပိုစိုး။

ဒါပေမယ့်ရှောင်းကသူ့ကိုစိတ်ဝင်စားနေတယ်လိ့ုထင်သွားခဲ့သည်။ ပိုင်ဝေဝေရှေ့မှာလည်းပိုပြီးလုပ်ပြတော့ ရိပေါ်ကပိုင်ဝေဝေနဲ့သူ့ကိုသဝန်တိုနေပြီး သူ့ကိုရန်စနေတယ်လို့ထင်သွားခဲ့သည်။ သူလည်ရိပေါ်ကိုတဖြည်းဖြည်းစိတ်ဝင်စားလာ၏။ တကယ်တော့ truth & dereဆော့တုန်းကဆို ရှောင်းကဝမ့်ကိုဖွင့်ပြေတော့ာမလိုတောင်ဖြစ်သွားခဲ့သေးသည်။

ဒါပေမယ့် အဲ့မိတ်ကပ်၁၀ထပ်လောက်လူးထားတဲ့ပိုင်ဝေဝေက သူ့အနားကိုပဲကပ်နေတော့ သူလည်းဝမ့်ရဲ့အနားသွားချိန်မရတော့ဘူးဖြစ်နေသည်။ အဲ့နေ့ညက သူတို့နှစ်ယောက်အခန်းထဲမှာ အတူတူရှိနေတုန်းရှောင်းကမထိန်းနိုင်တော့ဘဲ ဝမ့်ကိုအတင်းနမ်းတော့၏၊ အရက်ရှိန်ကလည်း တဖြည်းဖြည်းထိုးတက်လာခဲ့သည်။
ဝမ်လည်းရှောင်းကိုတုန့်ပြန်အနမ်းတွေပြန်ပေးလာတော့ ရှောင်းလည်းသူ့စိတ်သူမထိန်းနိုင်တော့တဲ့ထိဖြစ်သွားခဲ့သည်။ marking ရာတွေကိုပေးမလို့လုပ်တုန်း ရုတ်တရက်သူအသိပြန်ဝင်လာသည်။ ထို့ကြောင့်သူလည်းဝမ့်ကိုတဖြည်းဖြည်းလွတ်လိုက်တော့သည်။

'သူဘာတွေလုပ်နေမိတာလဲ ရိပေါ်ကသူ့ကိုကြိုက်ပေမယ့် အခုလိုအခြေအနေကိုသူလက်ခံနိုင်သေးမှာမဟုတ်ဘူး အဲ့တာကြောင့်ဝမ့်ကိုဖွင့်ပြောပြီးတော့မှပဲရှေ့ဆက်တော့မယ်'

ရိပေါ်မှာတော့သူက နတ်ဘုရားမလေးကိုဖွင့်ပြောတော့မလို့လုပ်ပေမယ့် သူ့နတ်ဘုရားမလေးကသူ့ကိုမှမချစ်တာ တော်ကြာနေအသဲတွေကွဲနေအုံးမယ်ဆိုပြီး မဖွင့်ပြောလိုက်တော့၊

သူစိတ်ထင်တာလားမသိ တစ်ခါတစ်လေပိုင်ဝေဝေကသူ့စိတ်ထဲမရောက်ဘဲ၊သူ့အချစ်ပြိုင်ဘက်ကြီးဘဲစိတ်ထဲရောက်နေတာကို၊ဒါပေမယ့် ကြည့့်ရတာသူကရှောင်းကိုကြည့်မရတာနည်းနည်းလေးလျှော့တော့မှပဲရမယ်ထင်တယ်၊ အဲ့လိုတွေးနေတဲ့ရိပေါ်ဟာသူကကွေးခြင်းရဲ့လမ်းစဖြစ်တဲ့ထဲမှာရောက်နေတာကိုမသိလိုက်ဘူး ၊

ဒါပေမယ့် သူကတစ်နေ့မှာတေ့ာနတ်ဘုရားမလေးကိုဖွင့်ပြောရမယ်လို့ကျိမ်းဝါးလိုက်သည်။ အဲ့နေ့ကသူတို့အပြင်မှာသွားဆော့တဲ့နေ့မှာပေါ့။ သူကဖွင့်အြောတော့မလို့လုပ်ပေမယ့်၊ သူမကအဲ့ဒီရှောင်းကျန့်နားပဲကပ်နေတော့သူ့စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်သွားခဲ့သည်။ ဝေဝေလေးကရှောင်းကျန့်နားကိုကပ်နေတော့ သူကသဝန်တိုနေတယ်လို့ပဲမှတ်လိုက်သည်။

'ဒါပေမယ့် သူမကဘာလို့ရှောင်းကျန့်နားကိုဘာလို့အဲ့လောက်ထိတောင်ကပ်နေတာလဲဟ ကြည့်ပါအုံး ထိနေတာများသူမက မိန်းကလေးဆိုတာသတိရသေးလားမသိ၊ ဟေး..ဘာလို့သူ့ဘက်ကိုပိုပြီးကပ်သွားရတာလဲ ဟာကွာ.... တောက်...ဟိုဘက်ကရောဘာလုပ်နေတာလဲ. မြန်မြန်ခွာချလေ..မျက်နှာကြီးကပြုံးဖြီးနေတာပဲ.. မြန်မြန်ဖြုတ်လိုက်တော့...မြန်မြန်.. @#$%@#$'
ရိပေါ်က သူသဝန်တိုတာက လူမှားနေတယ်ဆိုတာ သတိမထားမိသေးဘဲဆက်လက်ပေါက်ကွဲနေ၏။

Tbc~~~~~

8.5.2022(sun)7:51pm

#အချစ်များစွာဖြင့်
#MyatNoe415
#3000 words

ဟီးနည်းနည်းရှည်သွားလို့စိတ်ရှုပ်သွားကြလားဟင် ရေးရင်းအရှိန်ပါသွားလို့မနည်းဖြတ်ချလိုက်ရတယ်.








 ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်[COMPLETED]Where stories live. Discover now