ep-8 uni

1.3K 70 0
                                    

ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ် 

အပိုင်း(8)

နောက်နေ့နေ့လည်ခင်းတွင်.....
ဝမ်တစ်ယောက်သူ့ရဲ့မျက်လုံးလေးများကိုဖွင့်လိုက်သည်၊ 'ဟင်ဒါကဘယ်နေရာမှာလဲ' နောက်မှအကြောင်းစုံကို ပြန်သတိရသွားသည်၊
'အားး ငါကရှောင်ကျန့်ရဲ့topတာကို ခံလိုက်ရတာပေါ့'လို့စိတ်ထဲကနေအော်ဟစ်နေပြီး တရုတ်သေတရုတ်မော 'ငါတို့ကတရုတ်တွေလေ ကုလားတွေမှမဟုတ်တာ ဟုတ်ဘူးလား အဲ့တော့ တရုတ်သေတရုတ်မောပေါ့' ပြောနေရက်းစိတ်ထဲကပေါက်ကရအတွေးတွေကြောင့် ဝမ်တစ်ယောက်ဒေါသထွက်နေ၏၊ ထို့ကြောင့်ဘေးမှာအိပ်နေတဲ့ရှောင်းကို လက်ဝါးစာတစ်ချက်ကျွေးလိုက်သည်။ 'မှတ်ပြီလားသူများသားနုနုထွတ်ထွတ်လေးကို အားကြီးနဲ့လုပ်တာ ဝံပုလွေယုန်ဆိုးကြီး' အဲ့လိုပြောနေတဲ့ဝမ်ဟာ တွေးနေရင်းနဲ့တဖြည်းဖြည်းရှောင်းက ိုအမြင်မကြည်လာတော့ဘူး၊

"ဟုတ်တယ်လေ အမြင်ကကြည်ကိုမကြည်ချင်တော့ဘူး ပုံမှန်ဆိုသူကအရင်နိုးအကုန်အဆင်သင့်လုပ်ပြီးမှ ငါ့ကိုလာနိုးရမှာမဟုတ်လား"
အဲ့လိုတွေနေတဲ့အဖြောင့်ကြီးရိပေါ်ဟာသူကိုယ်တိုင် အောက်ပုဂိ္ဂုလ်ရာထူးကို ရယူလိုက်တာကို သတိမထားမိဘဲရှိနေ၏၊
ရှောင်းလည်း လန့်နိုးလာခဲ့၏၊ ဘေးကိုတစ်ချက်ကြည့်လိုက်တော့ ဝမ်ကအဝတ်ဗလာနဲ့၊ သူ့ရဲ့ခန္ဒာကိုယ်မှာလည်း အနီရောင်သန်းနေသောအကွက်လေးတွေကဟိုတစ်ကွက်ဒီတစ်ကွက်နှင့် တစ်ကိုယ်လုံးအပြည့်ဖြစ်နေတာကို အိပ်ချင်မူးတူးဖြစ်နေတဲ့ရှောင်းတစ်ယောက်တွေ့လိုက်ရသည်၊ အပေါ်ကိုတစ်ချက်ကြည့်လိုက်တော့ ထိုကောင်လေးက သူ့ကိုဒေါသမျက်ဝန်းများဖြင့်ကြည့်နေသည်ကိုလည်းတွေ့လိုက်ရသည်။ မျက်စိပွတ်ပြီးပြန်ကြည့်လိုက်တော့ ဝမ်ရဲ့မျက်နှာကိုသူတွေ့လိုက်ရ၏၊
ဘာဖြစ်တာလဲဆိုပြီးပြန်စဉ်းစားကြည့်လိုက်တော့ မနေ့ကအကြောင်းတွေက သူ့စိတ်ထဲမှာနေရာပြန်ယူလာသည်၊

"Yarrr ဝမ်..ရိ..ပေါ်...မင်း.မင်း"

ရှောင်းလည်းအဲ့စကားတစ်လုံးကလွှဲပြီး ပြောစရာစကားရှာမရခဲ့၊ အဲ့တာပဲပြောနေတော့ ဒေါသထွက်နေတဲ့ဝမ်ကလည်းစိတ်မရှည်တော့၊

"ဘာကြည့်နေတာလဲ တော်တော်ကြည့်လို့ကောင်းနေလို့လား စောစောထပြီးကျွန်တော့်ကိုပြုစုရမှာ ခင်ဗျားရဲ့တာဝန်မဟုတ်လား"

ဝမ်အော်လိုက်တော့မှရှောင်းလည်းအသိပြန်ဝင်သွားသလိုဖြစ်သွားပြီး 'အော်..အင်း'လို့ပြောပြီး ရေချိုးခန်းထဲဝင်သွား၏၊ ခနနေတော့ရှောင်းကအောက်ပိုင်းကို တပတ်တစ်ထည်ပတ်ပြီးပြန်ထွက်လာသည်၊

"မင်းလည်းသန့်ရှင်းရေးလုပ်လိုက်အုံး"
ဝမ်လည်းထလိုက်ပေမယ့် စူးပြီးအောင့်လာတဲ့အောက်ပိုင်းကြောင့် ပြန်ထိုင်ကျသွားရသည်၊
ရှောင်းလည်းခပ်မြန်မြန် ဝမ့်ကိုပွေ့ချီလိုက်ပြီး ရေချိုးခန်းထဲဝင်သွားခဲ့သည်၊.ရေနွေးစပ်ထားတဲ့ရေချိုးကန်ထဲမှာဝမ့်ကိုဖြေးဖြေးချင်းချလိုက်သည်၊ (ရေချိုးကန်ထဲမှာချလိုက်တယ်လို့ပြောတာနော် တော်ကြာယူတို့တစ်မျိုးတွေးမှာဆိုးလို့)ပြီးတော့ ရှောင်းကအပြင်ပြန်ထွက်လာခဲ့သည်၊

ရိပေါ်လည်းရေချိုးနေတုန်းသူ့ရဲ့ခန္ဒာကိုယ်ကိုကြည့်လိုက်တော့ 'သေနာကြီး၊ ယုန်စုတ်ကြီး သူများအသားနုနုထွတ်ထွတ်လေးကိုမှမစာမနာ'

ရှောင်းလည်းbreakfastကိုမြန်မြန်ပြင်လိုက်သည်၊ တော်ကြာနေဝမ်ကသူ့ကိုပြန်အော်နေမှဖြင့်၊

ရိပေါ်လည်းသူ့ခန္ဒာကိုယ်ကို သန့်သန့်ရှင်းရှင်းဖြစ်အောက်ဆေးကြောလိုက်သည်၊ သူထွက်လာတော့ရှောင်းလည်း မနက်စာကို ပြင်ပြီးနေခဲ့ပြီ၊ ထို့နောက်သူတို့ဟာ မနက်စာကိုအတူတကွစားလိုက်ကြပြီး ပြန်အိပ်လိုက်ကြသည်၊ ဟုတ်တယ်လေ သူတို့မနေ့ကတစ်ညလုံးမှမအိပ်ထားတာ၊အိပ်လိုက်တာ ညနေ(4)နာရီမှ သူတို့နှစ်ယောက်ကပြန်နိုးလာသည်၊

Tbc~~~~~~

16.4.2022(sat)4:03pm

 ကျွန်တော့်အချစ်ပြိုင်ဘက်က ကျွန်တော့်ယောက်ျားဖြစ်လာတယ်[COMPLETED]Tahanan ng mga kuwento. Tumuklas ngayon