Intro

14K 640 34
                                    

Unicode

ရဲ့ချင်ငယ်ငယ်လေးထဲကကံအဆိုးဆုံးလူသားအဖြစ်သတ်မှတ်ခြင်းခံခဲ့ရသူဖြစ်သည်။သူ့မှာရင်သပ်ရှု့မောဖွယ်လှပတဲ့မျက်နှာလေးတစ်ခုပိုင်ဆိုင်သော်လည်းထိုမျက်နှာလေးကပင်သူ့ကိုအကြိမ်ကြိမ်ဒုက္ခရောက်စေခဲ့သည်။သူအသက်၈နှစ်အရွယ်တွင်သူ့ရဲ့မွေးစားအဖေကသူ့ကိုမွေးစားခဲ့ပြီးကြမ်းတမ်းခက်ထန်သည့်လေ့ကျင့်ခန်းအမျိုးမျိုးကိုသင်ယူစေသည်။မွေးစားအဖေ၏လက်နက်တစ်ခုအဖြစ်နှစ်ပေါင်းများစွာအသုံးချခံရပြီးနောက်သူ့အသက်၂၉နှစ်အရွယ်တွင်အရာအားလုံးအဆုံးသတ်သွားပြီဟုထင်ခဲ့မိသည်။

ဒါပေမယ့်ဒါကသူ့ရဲ့တကယ့်ဘဝအစမှန်းအမှန်တကယ်မထင်မှတ်ထားခဲ့မိပေ။

ရဲ့ချင်ဟာဇာတ်လိုက်တစ်ယောက်တည်းကိုမိန်းကလေးတွေအများကြီးဝိုင်းကြိုက်သည့်မြို့ပြဝတ္ထု၊ဒါမှမဟုတ်မိန်းကလေးတစ်ယောက်တည်းကိုယောက်ျားလေးတွေဝိုင်းကြိုက်သည့်မယ်ရီဆူးဝတ္ထု၊ဒါမှမဟုတ်ယောက်ျားလေး(shou)တစ်ယောက်တည်းကိုဂုဏ်သိက္ခာကြီးမားသည့်ယောက်ျားလေး(gong)အုပ်စုကြီးဝိုင်းကြိုက်သည့်ဝတ္ထု၊စသည်စသည်ဖြင့်ဝတ္ထုတွေများစွာ၊ဇာတ်လိုက်တွေများစွာစုပေါင်းရှိနေသည့်ကမ္ဘာကြီးထဲပို့ဆောင်ပေးခြင်းခံလိုက်ရသည်။

သူကတကယ်တမ်းတွင်လူတောတောင်မတိုးသည့်သာမန်ဇာတ်ရံလေးတစ်ယောက်အဖြစ်အေးဆေးစွာနေထိုင်ရန်ဆုံးဖြတ်လိုက်ချိန်တွင်ဝတ္ထုတွေရဲ့အဓိကဇာတ်လိုက်ယောက်ျားလေး၊မိန်းကလေးတွေ၊အဓိကဗီလိန်big bossကြီးတွေ၊အရေးပါအရာရောက်တဲ့ဇာတ်ရန်ဇာတ်ပို့တွေ၊ဒုတိယဇာတ်လိုက်တွေ၊နောက်ဆုံးကလေးအစခွေးအဆုံးအကုန်လုံးမှာသူမှသူဖြစ်ပြီးသဲသဲလှုပ်အလိုလိုက်ခြင်းကိုခံနေရလေတော့သည်။

ရဲ့ချင် : "....."

_________________________________________________________________

ဒီnovelလေးကharemအမျိုးအစားဖြစ်ပြီးဇာတ်လိုက်ကိုလူတိုင်းဝိုင်း​ကြိုက်ကြတဲ့ပုံစံမျိုးလေးပါ။

စာရေးသူ : "ဒီအချောလေးကတော့ထပ်ပြီးဖင်မနိုင်ပဲ,ပဲကြီးဟင်းစားချင်နေပြန်ပါပြီ....ဒါပေမယ့်ရေးသမျှficတိုင်းကိုပြစ်ထားမှာမဟုတ်ဆိုတာတော့သေချာပါတယ်ဗျ....👉👈 👉👈 👉👈"

*********************************************************

Zawgyi





ရဲ့ချင် : "....."

_________________________________________________________________



*********************************************************

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now