(51)

1.5K 241 19
                                    

Unicode

နန်ရှောင်မေရဲ့ စကားကမိန်းကလေး၏မျက်နှာကိုရှုံ့တွသွားစေသည်။

"နင်ဘာပြောတာ!!"

"ငါပြောတာဘာမှားလဲ....လူတစ်ယောက်ရဲ့နောက်စေ့မှာ မျက်လုံးရှိတာခင်ဗျားမြင်ဖူးလို့လား.....ဒါကို နောက်ပြန်လျှောက်လာတာသိသိရက်နဲ့ မျက်လုံးမပါဘူးဆိုကတည်းက ခင်ဗျားမျက်စိမှုန်နေတာ လူတိုင်းကိုကြော်ငြာပြနေတာနဲ့ အတူတူပဲမဟုတ်လား...."

"နင်!!"

"ခင်ဗျားက လူတစ်ယောက်ရဲ့မျက်လုံး နောက်စိမှာရှိနေတယ်လို့ ထင်ကတည်းက မှုန်နေတာအရမ်းသိသာလွန်းနေပြီ"

မိန်းကလေးက လက်ညှိုးတစ်ထိုးထိုးဖြင့် ဘယ်လိုတုံ့ပြန်ရမှန်းမသိအောင်ကိုဆွံ့အ နေရှာသည်။ ကျောင်းသားတွေဟာ လျှာစောင်းထက်လှသည့် နန်ရှောင်မေကြောင့် တစ်ဟားဟားအော်ရယ်လာသည်။ မိန်းကလေးမျက်နှာကိုထောက်ပြီး ရယ်သံကိုတိုးပေးမည့် လူကြီးလူကောင်းတွေ မဟုတ်တာ တစ်ဖက်မိန်းကလေးအတွက်တော့ စိတ်မကောင်းစရာပင်။

နောက်ဆုံးတွင် မိန်းကလေးဘက်က အပေါင်းအဖော်တွေမှာသည်းမခံနိုင်တော့သည့်ပုံရသည်။ မျက်နှာတွင်အစက်အပျောက်တွေနှင့် သာမန်ရုပ်ရည်ပိုင်ရှင်လူငယ်တစ်ဦးက ရှေ့ထွက်ကာ နန်ရှောင်မေ၏ညာဘက်ပုခုံးစွန်းကို တွန်းလိုက်သည်။ ဒါကရန်စခြင်းဖြစ်သည်။

နန်ရှောင်မေက မိန်းကလေးတစ်ယောက်ဆိုပေမယ့် သူ့မျက်နှာကလူငယ်ဆန်ပြီးကြည့်ကောင်းသည်။ ထို့ကြောင့်တစ်ဖက်အဖွဲ့က သူ့ကိုယောက််ျားလေးတစ်ယောက်ဟုထင်မှတ်သွားခဲ့တာဖြစ်သည်။ သို့ပေမယ့်ကံဆိုးစွာဖြင့် နန်ရှောင်မေက ပျော့ညံ့သူတစ်ယောက်မဟုတ်ပေ။ ချမ်းသာသည့်မိသားစုကဆင်းသက်လာသည့် ဒုတိယမျိုးဆက် လူချမ်းသာ သားသမီးတစ်ယောက်ဆိုပေမယ့် ဆင့်ခေါ်သူပါရမီပေါ်ပေါက်လာပြီးကတည်းက ကိုယ်လက်ကြံ့ခိုင်မှုကိုအသားပေးလေ့ကျင့်ခဲ့ရသည်။ သူကအမြင့်ကြောက်ပေမယ့် သာမန်ယောက်ျားလေးတွေထက်တော့ ပိုသန်မာပါသေးသည်။

တွန်းထုတ်လိုက်သည့်ယောက်ျားလေးမှာ သူ့လက်သာဆစ်ကနဲနာကျင်သွားပေမယ့် နန်ရှောင်မေ၏ခန္ဓာကိုယ်မှာ ယိုင်နဲ့သွားခြင်းမရှိခဲ့ချေ။ ဒါပေမယ့် ကျောင်းသားအုပ်ကြီးကိုတော့ ဒေါသသွားစလိုက်သည်နှင့်တူပေသည်။

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now