(24)'မီးဖီးနစ်'

3K 450 42
                                    

Unicode

ကုရှီးမင် ကျောင်းအုပ်ရုံးခန်းထဲရောက်ရှိသွားချိန်တွင် မိုရှန်းရှန်းဆိုသည့်ကျောင်းသူက တစ်ကိုယ်လုံးတုန်ရီကြောက်ရွံ့နေလျက် အသိစိတ်ဝင်ရန်မနည်းထိန်းချုပ်နေရသည်။

သူမက ကျောင်းသားနှစ်ယောက် အထပ်မြင့်ပေါ်ကပြုတ်ကျပြီးနောက် အစရှာမရအောင် ပျောက်ကွယ်သွားကြောင်းပြောလာသည်။ ကျောင်းသားတွေရဲ့ ကိုယ်ရေးအချက်အလက်နဲ့ ဓာတ်ပုံကိုတိုက်စစ်ပြီးသွားပြီးနောက်တွင် မိုရှန်းရှန်းပြောသည့်ကျောင်းသားနှစ်ယောက်မှာ ဒီနေ့မှရောက်ရှိလာတဲ့ကျောင်းသားသစ်နဲ့ အခန်း(၂) ကကျောင်းသားနောက်တစ်ယောက်ဖြစ်ကြောင်းသိလိုက်ရသည်။

သူတို့ချက်ချင်း ကုရှီးမင်ကိုအကြောင်းကြားခဲ့ကြသော်လည်းပဲ ဘာကြောင့်ရယ်မသိပါပဲ အခန်း(၂) ဆိုတဲ့အသံကြားရုံနှင့်တင် ကျောင်းအုပ်ကြီးခမျာ ထိုင်ခုံပေါ်က ပြုတ်ကျတော့မတတ်တုန်လှုပ်သွားရရှာသည်။

နင့်မေကြီးတော်!!!...အဲ့ဒါ 'သူ့' အတန်းမဟုတ်ဘူးလား။

ကုရှီးမင်ကို မြင်သည်နှင့် ကျောင်းအုပ်ကြီးဟာသူ့ရဲ့တုန်ရီချင်နေသောနှုတ်ခမ်းတွေကိုထိန်းချုပ်၍ အဖြစ်မှန်အကြောင်းရှင်းပြရုံသာတတ်နိုင်ခဲ့သည်။ သူ့ရဲ့မူမမှန်သည့်အသံကိုကြားသည့်အခါတွင် ဒုကျောင်းအုပ်ကျန်းရှောင်နှင့် တစ်ခြားသောဆရာတွေကိုယ်တိုင်တောင် ထူးဆန်းသလိုမျိုးစိုက်ကြည့်လာသည်အထိပင်။ ကျောင်းအုပ်ကြီးခမျာ သူ့စိတ်ထဲကနေ မင်းတို့မသိသေးပါဘူးကွာ ဟူ၍သာအော်ငိုပြီးပြောချလိုက်ချင်သော်ငြားလည်း သူ့ဂုဏ်သိက္ခာအတွက် အရာအားလုံးထိန်းချုပ်ထားရုံသာတတ်နိုင်လေသည်။

သူကဂုဏ်သိက္ခာကြီးမားသည့် ဆင့်ခေါ်သူကျောင်းတော်ကြီးတစ်ခုရဲ့ တရားဝင်ကျောင်းအုပ်ဖြစ်သော်ငြားလည်း သူ့အရှေ့က လူကိုသေးသေးလေးပဲဖြစ်ဖြစ် စော်ကားဖို့မတတ်နိုင်ပါချေ။

ကျောင်းအုပ်ကြီးစကားတစ်ခွန်းပြောလေ၊ ကုရှီးမင်ရဲ့မျက်နှာအမူအရာက ပိုမိုဆိုးဝါးလာလေပင်ဖြစ်သည်။ အထူးသဖြင့် 'ကျောင်းသားနှစ်ယောက်လုံး အစအနဖော်မရအောင် ပျောက်ဆုံးသွားတယ်' ဆိုသည့်စကားအဆုံးတွင် ကုရှီးမင်ရဲ့သွေးနီရောင်မျက်ဆံတွေမှာ အနက်ရောင်ဘက်ပြောင်းလဲလုမတတ်အရောင်ရင့်လာပြီး လူတိုင်းဟာသူတို့ခန္ဓာကိုယ်အတွင်းက သွေးစီးဆင်းမှုအရှိန်မှာ တစ်စုံတစ်ယောက်ရဲ့ထိန်းချုပ်ခံလိုက်ရသလိုမျိုး လှုပ်လှုပ်ရှားရှားဖြစ်လာသည်ကို မထင်မရှားခံစားမိလိုက်ကြသည်။

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now