(48)

1.7K 274 10
                                    

Unicode

ကတ်ချ်က သူ့လက်ချောင်းတွေကိုဖြန့်လိုက်သည်။ လက်ဖဝါးပြင်ထက်တွင် တောက်ပသည့်ရွှေရောင်သွေးစက်သုံးခုရှိနေလေသည်။ သွေးစက်သုံးခု၏အတူတကွတည်ရှိမှုက လေဟာနယ်ကိုတွန့်လိမ်လာစေသည်။ ၎င်းက သွေးစက်ထဲမှာ တည်ရှိနေသည့် လေဟာနယ်စွမ်းအင်တစိတ်တပိုင်းကြောင့်ဖြစ်သည်။

အံ့အားသင့်စရာကောင်းစွာပင် မူလကငြိမ်သက်နေသည့် ရွှေရောင်သွေးစက်သုံးခုဟာ ရဲ့ချင်၏တည်ရှိမှုကိုခံစားမိသွားတာနဲ့ လှုပ်လှုပ်ရှားရှားဖြစ်လာပြီး ကတ်ချ်ရဲ့လက်ထဲကနေ အတင်းအကြပ်ရုန်းကန်လာသည်။ ဒီတစ်ခေါက်တွင် ပထမတုန်းကလိုမျိုးအဖြစ်မခံနိုင်တာကြောင့် ရွှေရောင်သွေးစက်သုံးခုကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။

"ကျွန်တော် နောက်ထပ်သွေးစက်သုံးစက်ကို ရှာတွေ့ခဲ့တယ်....ဒါတွေက အဆင့်၄ မှော်သားရဲသုံးကောင်ရဲ့ခေါင်းထဲကနေ ရခဲ့တာ.....ကျွန်တော်ထင်တာမှန်မယ်ဆိုရင် နောက်ကွယ်က တစ်ယောက်ရဲ့ရည်ရွယ်ချက်က ကမ္ဘာကြီးကို ပရမ်းပတာဖြစ်အောင်ရည်ရွယ်ထားပုံရတယ်....ကံဆိုးချင်တော့ သူဘယ်မှာရှိနေလဲဆိုတာ ကျွန်တော်လုံးဝရှာမရခဲ့ဘူး"

ကတ်ချ်၏ မြစိမ်းရောင်မျက်ဝန်းတွေက ရဲ့ချင်ကိုလေးနက်စွာစိုက်ကြည့်လာသည်။

"ကျွန်တော်တစ်ခုတော့ခန့်မှန်းမိထားတယ်.....ရွှေရောင်သွေးစက်က နောက်ကွယ်ကလူနဲ့ဆက်သွယ်မှုမရှိတော့တာ တွေ့ခဲ့ရတယ်....ဖြစ်နိုင်တာက သခင်အသေးလေးကို စွမ်းအားမျှဝေခဲ့တာ နောက်ကွယ်ကလူမဟုတ်ဘူး....အဲ့ဒါသွေးစက်ကိုယ်တိုင်ပဲ....ရွှေရောင်သွေးစက်က သခင်အသေးလေးနဲ့တွေ့တဲ့အချိန်မှာ ကိုယ်ပိုင်အသိစိတ်ရလာတာ"

စွမ်းအားမျှဝေခြင်း လုပ်ဆောင်ချက်ကိုစတင်ခဲ့သူမှာ နောက်ကွယ်က သွေးစက်ပိုင်ရှင်မဟုတ်ပဲ အသိစိတ်ဝင်လာသည့် သွေးစက်ကိုယ်တိုင်ဖြစ်နေခဲ့လေသည်။ ရွှေရောင်သွေးစက်က သူ့ကိုယ်သူပေါင်းခင်းတံတားတစ်ခုအသွင်ယူ၍ ပိုင်ရှင်ဖြစ်သူနဲ့ ရဲ့ချင်ကြားထဲတွင် ဆက်နွယ်မှုတစ်ခုဖန်တီးခဲ့သည်။

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now