(22)'မှော်သားရဲလောက'

3.3K 480 20
                                    

Unicode

လှပတဲ့လူငယ်တစ်ယောက်ဟာ နန်းတော်ကြီးတစ်ခုလို ကြီးမားခမ်းနားလှသည့် အိမ်တစ်ခုတွင် မပြေးရုံတမယ်ခြေလှမ်းတွေဖြင့်တစ်နေရာသို့ဦးတည်နေသည်။

"သခင်!!....မကောင်းတော့ဘူး သခင်!!!"

အခန်းတစ်ခန်းကို အလောတကြီးတွန်းဖွင့်လိုက်ပြီးနောက် သူ့လုပ်ရပ်ကအတော်လေးမှားယွင်းသွားကြောင်းခံစားမိလိုက်ရ၍ထင်သည်။ ဖြူဖျော့နေသည့် မျက်နှာဖြင့် အရင်ဆုံးတောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ် သခင်....ကျွန်တော် သခင့်ရဲ့ငြိမ်းချမ်းမှုကို နှောင့်ယှက်ဖို့ရည်ရွယ်ချက်မရှိခဲ့ပါဘူး...."

အခန်းက အတော်လေးရိုးရှင်းပြီးအေးချမ်းသည်။ အခန်းလည်တွင် အမျိုးသားတစ်ယောက်က ပန်းချီရေးဆွဲနေလေသည်။ ပန်းချီကားချပ်ပေါ်တွင် ၈နှစ်၉နှစ်အရွယ် လှရက်နိုင်လွန်းသောကလေးငယ်တစ်ယောက်၏ပုံကို ဖော်ပြထား၏။ ကလေးငယ်ရဲ့ခန္ဓာကိုယ်ထက်တွင် မြင်ရက်စရာမရှိလောက်အောင်ဒဏ်ရာဒဏ်ချက်တွေဖြင့် သွေးစွန်းပေနေသော်လည်းပဲ အပြုံးဖျော့ဖျော့လေးတစ်ခုက အရာအားလုံးကိုတောက်ပမှိန်ဖျော့သွားစေနိုင်သည်အထိ လှပလွန်းလှသည်။

ရဲ့ချန်မော့က ပန်းချီကားချပ်ထဲက ကလေးငယ်ကို စွဲလမ်းမှု၊ ဖုံးဖိမရနိုင်သည့် ချစ်မြတ်နိုးမှုတွေဖြင့် နူးညံ့စွာ စိုက်ကြည့်နေသည်။

တစ်ဖက်လူငယ်၏ နှောင်ယှက်မှုက ကလေးငယ်အပေါ် သူ့ရဲ့အကြည့်ကို အနည်းငယ်ယိမ်းယိုင်သွားစေခဲ့သည်။ ရဲ့ချန်မော့သည် သူ့လက်တစ်ဖက်ကို ခံစားချက်မရှိသည့်မျက်နှာဖြင့် မြှောက်လိုက်သည်။ ပတ်ဝန်းကျင်လေဟာနယ်က တွန့်လိမ်သွားပြီး အမည်မသိ လက်တစ်စုံ၏ လည်ပင်းညှစ်ခြင်းခံလိုက်ရသလိုမျိုး လှပတဲ့လူငယ်ဟာ လေပေါ်သို့မြောက်တတ်လာသည်။

သူ့မျက်နှာမှာ နီရဲတတ်လာသော်လည်းပဲ ယခုတောင်းပန်ရင်တောင်အသုံးမဝင်တာကို သူသိသည်။ သခင်က ပန်းချီကားထဲက ကလေးငယ်နဲ့ပတ်သတ်ရင်ရူးသွပ်လွန်းပြီး ပိုင်ဆိုင်လိုစိတ်ကြီးမားလှသည်။ သေးသေးလေးတောင်အမှားအယွင်းမခံနိုင်သည်အထိ။

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now