(46)

1.9K 285 5
                                    

Unicode

လူသူအနည်းငယ်ဝေးကွာသည့်တစ်နေရာတွင် ဆောက်လက်စ အထပ်မြင့်အဆောက်အဦးကြီးတစ်ခုရှိနေသည်။ အထပ်ရာချီမြင့်သည့် ၎င်းအဆောက်အဦးကြီးမှာ အကြောင်းအမျိုးမျိုးကြောင့် ဆောက်လုပ်ရေးရပ်နားထားသည်မှာ အတော်ကြာနေပြီဖြစ်သည်။ ဆောက်လက်စ အဆောက်အဦး၏မြေနေရာမှာအတော်လေးကျယ်ဝန်းလှသည့်အပြင် လုပ်ငန်းခွင်၌ လူသေမှုအနည်းနဲ့အများရှိဖူးတာကြောင့် ထိုနေရာက အတော်လေးလူပျက်သည်။

သို့ပေမယ့် ဒီလိုပတ်ဝန်းကျင်အနေအထားက လူတစ်ချို့အတွက် မကောင်းတာပြုလုပ်ဖို့သီးသန့်ဖန်တီးပေးထားသလိုပင်။ ၎င်းအထပ်မြင့်အဆောက်အဦး၏အမြင့်ဆုံးအထပ်တွင် လူစိမ်းလေးယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်ခေါင်းချင်းဆိုင်ရင်း တစ်စုံတစ်ခုကိုဆွေးနွေးနေကြ၏။ ကလေးငယ်လေးရဲ့ချင်က ခုံတစ်ခုပေါ်တွင် အမူအရာမဲ့သည့်မျက်နှာသေးသေးလေးဖြင့် ငြိမ်သက်စွာထိုင်နေသည်။

"ငါ့ဘဝမှာ ဒီလောက်ထိအရည်အသွေးကောင်းတဲ့ ကျောက်စိမ်းတုံးလေးနဲ့ တွေ့ခွင့်ရခဲ့လိမ့်မယ်လို့ထင်တောင်မထင်ထားဘူး"

"ငယ်ငယ်လေးနဲ့တောင် ဒီလောက်ကြည့်ကောင်းနေရင် ကြီးပြင်းလာလို့ကတော့ လူဘယ်နှယောက်လောက်များ သူ့ခြေထောက်အောက်မှာ ကျရှုံးသွားလိမ့်မလဲဆိုတာ ရေတွက်နိုင်မှာတောင်မဟုတ်ဘူး"

"ဒီလိုရတနာမျိုးက မင်းတစ်သက်နောက်တစ်ယောက်တွေ့နိုင်မှာမဟုတ်ဘူးနော်....ဒီအရွယ်က လေ့ကျင့်ပေးဖို့အကောင်းဆုံးအသက်အရွယ်ပဲ....ဈေးကောင်းကောင်းနဲ့မှမဟုတ်ရင် အရောင်းအဝယ်ကိစ္စမေ့ထားလိုက်တော့"

လူစိမ်းလေးယောက်က ကလေးငယ်ထွက်ပြေးသွားမည်ကိုစိုးရိမ်ဟန်မရပေ။ တမင်သတ်သတ် အမြင့်ဆုံးအထပ်မှာအရောင်းအဝယ်ပြုလုပ်ကတည်းက ထွက်ပြေးရမလွယ်ကူအောင် ရည်ရွယ်ထားတာဖြစ်သည်။ လေး၊ငါးနှစ်အရွယ်ကလေးတစ်ယောက်က အထပ်ရာချီမြင့်မားသည့်အဆောက်အဦးကြီးကနေ အလွယ်တကူထွက်ပြေးလွတ်မြောက်နိုင်ပါမည်တဲ့လား။ အဆောက်အဦးက ဆောက်လုပ်လို့မပြီးစီးသေးတာကိုထည့်တွက်ကြည့်ရရင် လက်ရန်းနဲ့အကာအရံတွေတောင်မရှိသေးပေ။ အလွယ်တကူပြုတ်ကျသွားနိုင်သည်။

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now