(52)

2K 257 28
                                    

Unicode

"လူစုံပြီလား"

"စုံပါပြီ!"

ကုရှီးမင်က ခေါင်းငြှိမ့်လိုက်သည်။ သူ့ကျောထက်တွင်ကျောပိုးအိတ်တစ်ခုလွယ်ထား၏။ လူတိုင်းနီးပါး ပေါ့ပေါ့ပါးပါးဘောင်းဘီနှင့်ခပ်ပွပွအင်္ကျီကိုဝတ်ဆင်ထားခဲ့ကြပြီး ကုရှီးမင်နည်းတူ လွယ်အိတ်ကိုယ်စီလွယ်ထားခဲ့ကြသည်။ အိတ်ထဲ၌ ရေဘူးတစ်ချို့နှင့်မုန့်တော်တော်များများ ပါလာခဲ့ကြသည်။

ရဲ့ချင်ဟာရိုးရာမပျက် သူ့မျက်မှန်အဝိုင်းကြီးအပြင် နေပူဒဏ်ကာကွယ်နိုင်ရန် ဦးထုတ်ဆောင်းထားသေးသည်။ ယနေ့တွင် သူတို့ကျောင်းသားအဖွဲ့ကို ကမ်းခြေတစ်လျောက်နာမည်ကြီးသည့် နေရာအနှံ့လျှောက်ကြည့်ဖို့ရန်စုဝေးထားကြခြင်းဖြစ်သည်။ ထို့အတွက်ကျွမ်းကျင်သည့်ဒေသခံ လမ်းညွှန်တစ်ယောက်ကို ကုရှီးမင်ကကြိုတင်ငှားယမ်းထားခဲ့သည်။

သူတို့ယခုရောက်နေသည့် ကမ်းခြေမှာရှေးဟောင်းသမိုင်းကြောင်းနှင့်လည်ပတ်စရာ နေရာတွေအများကြီးရှိသည်။ အရာရာစူးစမ်းလိုစိတ်များကြသည့် ဆယ်ကျော်သက်လေးတွေအနေနဲ့ နေရာအသစ်အဆန်းကိုမြင်တွေ့ကြရမည်ဆိုတာနဲ့တင် ခြေတကြွကြွဖြင့် တတ်ကြွနေကြလေသည်။

"ဆရာကု....လိုက်ပြမယ့်သူက ရောက်မလာသေးဘူးလား"

ကုရှီးမင်ဟာလက်ကနာရီကိုတစ်ချက်ငုံ့ကြည့်လိုက်သည်။

"ချိန်းထားတာ ဆယ့်ငါးမိနစ်လိုပါသေးတယ်.....အေးဆေးပေါ့"

တတ်ကြွလွန်နေသည့် ကျောင်းသားအုပ်စုဆီက ညည်းညူသံတစ်ချို့ထွက်ပေါ်လာသည်။ ရဲ့ချင်က အုတ်ခုံတစ်ခုပေါ်တွင် ထိုင်နေပြီးသူဘေး၌ လွီမုချီရှိနေသည်။ ရဲ့ချင်က လွီမုချီလည်ပင်းမှာချိတ်ထားသည့် ငွေဖြူရောင်အုပ်နားကြပ်ကိုကြည့်ရင်း မေးလိုက်သည်။

"အပြာရောင်နားကြပ်ရော...."

လွီမုချီက အပြာရောင်နားကြပ်ကိုအတော်လေးသဘောကျမှန်း သူပြောနိုင်၏။ ထို့ကြောင့်ရှားရှားပါးပါး အရောင်ပြောင်းသုံးတာကိုမြင်သည့်အခါတွင်အနည်းငယ်သိလိုစိတ်ဖြစ်မိရုံသာ။ လွီမုချီက သူ့လည်ပင်းက အုပ်နားကြပ်ကိုထိလိုက်ပြီး ရေခဲပြာရောင်မျက်ဝန်းအတွင်းက စိတ်ခံစားမှုလှိုင်းကို ဖုံးကွယ်ဖို့ရန် မျက်တောင်ရှည်တွေကိုစင်းချလိုက်သည်။

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now