(1)'ဒုတိယမြောက်ဘဝ'

7K 668 18
                                    

Unicode

နွေးထွေးနူးညံ့တဲ့နေရောင်ခြည်ဟာ ပြတင်းပေါက်ကနေတစ်ဆင့် ဖြတ်သန်းလျက်ကျယ်ပြန့်သည့် kingsizeပေါ်ရှိ ကောင်ငယ်လေး၏ မျက်နှာနုနုထက်သို့ဖြာကျလာသည်။

ကောင်ငယ်လေး၏ရှည်လျားကော့ညွှတ်တဲ့မျက်တောင်ရှည်ကြီးတွေဟာလိပ်ပြာအတော်ပံခတ်သလိုမျိုးတစ်ဖြတ်ဖြတ်လှုပ်ခါ၍ပွင့်ဟလာသည်။ ထိုတစ်ခဏ ထွက်ပေါ်လာသည့် မျက်ဝန်းတစ်စုံမှာလူတိုင်း၏ဝိဥာဥ်ကိုလှုပ်ခါနိုင်သကဲ့သို့ရင်သပ်ရှု့မောဖွယ် ကောင်းလွန်းလှသည်။ မသိရင်ကြယ်ပင်လယ်ကြီးတစ်ခုလုံးသူ့မျက်လုံးအတွင်းမှာရှိနေသလိုမျိုး။

ကောင်ငယ်လေးဟာ မျက်တောင်ကိုအနည်းငယ် ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ရင်းသူ့ရဲ့နူးညံ့တဲ့လက်ဖဝါးလေးကိုပင့်မြှောက်လျက်နေရောင်ကို ကာလိုက်သည်။

သူကငါးစက္ကန့်မျှ ကြောင်အစွာလှဲနေရင်း အလန့်တကြားထထိုင်လိုက်လေသည်။

သူအခုရောက်နေတဲ့အိပ်ခန်းဟာ လွန်စွာကျယ်ဝန်းလွန်းလှပြီး အခန်းတွင်းပရိဘောဂအားလုံးမှာ အရမ်းဈေးကြီးမှန်းကြည့်ရုံနှင့်တင်သိသာသည်။

သူမှတ်မိသည်က ဂိုဏ်းကြီးတစ်ခုနဲ့ပစ္စည်းတစ်ခုလဲလှယ်ရာတွင်အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားသွားပြီး သူ့ဘက်ကလူတစ်ယောက်ကသူ့ကို သစ္စာဖောက်သွားသည်ကိုဖြစ်သည်။ ထိုသစ္စာဖောက်ကသူ့နောက်ကျောဘက်ကနေ သူ့ခေါင်းတည့်တည့်ကို သေနတ်နှင့်ချိန်၍ ပြစ်ခဲ့ကြောင်းကိုသာ သူမှတ်မိသည်။

ရဲ့ချင်ဟာအခန်းဝန်းကျင်ကိုနားမလည်နိုင်စွာ လှည့်ပတ်ကြည့်ရင်းကိုက်တတ်လာသည့် ခေါင်းကိုအုပ်ကိုင်လိုက်သည်။ သူနဲ့စိမ်းသက်နေသည့် မှတ်ဥာဏ်တစ်ချို့ဟာသူ့ခေါင်းအတွင်းသို့ အရှိန်အဟုန်ပြင်းပြင်းနဲ့တိုးဝင်လာသည်။

ငါးမိနစ်လောက်ကြာပြီးနောက်တွင် ရဲ့ချင်ဟာသူ့ရဲ့ရောထွေးနေသည့်မှတ်ဥာဏ်တွေကို ပြန်လည်စီရင်းယခုအခြေအနေကို တဖြည်းဖြည်းနားလည်သဘောပေါက်လာသည်။

သူကအမှန်တကယ်ကို တစ်ခြားကမ္ဘာတစ်ခုသို့ကူးပြောင်းလာခဲ့တာဖြစ်သည်။ တစ်ခြားကမ္ဘာလို့ဘာကြောင့်အတိအကျသိနေရလဲဆိုရင် ဒီကမ္ဘာကဆင့်ခေါ်သူတွေရဲ့ ကမ္ဘာကြီးဖြစ်နေတာကြောင့်ပင်ဖြစ်သည်။

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now