(49)

1.7K 269 18
                                    

Unicode

"နောက်အပတ်မှာ စာမေးပွဲရှိတယ်....မှော်သားရဲတွေရဲ့လက္ခဏာရပ်နဲ့ အားနည်းချက်အားသာချက်အသေးစိတ်က ဘာသာရပ်တစ်ခု၊ စိတ်စွမ်းအင်အသုံးဝင်ပုံနဲ့ အသုံးပြုပုံက ဘာသာရပ်တစ်ခု၊ ဆင့်ခေါ်အစီအရင်တွေရေးဆွဲပုံနဲ့ စွမ်းအင်လမ်းကြောင်းလည်ပတ်ပုံက ဘာသာရပ်တစ်ခု၊ မှော်သားရဲပြုစုပျိုးထောင်ခြင်းနည်းလမ်းက ဘာသာရပ်တစ်ခု၊ နောက်ဆုံးတစ်ခုက ကိုယ်ကာယနဲ့သက်ဆိုင်တဲ့ဘာသာရပ်တစ်ခု.....အားလုံးပေါင်း ငါးဘာသာ....အားလုံးသေသေချာချာလေ့လာထားကြဖို့မျှော်လင့်တယ်.....ဘာကြောင့်ဆိုစာမေးပွဲမှာ ဘာပါလာမလဲဆိုတာ သဲလွန်စတစ်ခုတောင်ရမှာမဟုတ်လို့လေ"

"ဟာ!......." x all

ကျောင်းသားတွေဆီကနေ စိတ်ပျက်လက်ပျက်ညည်းညူသံတွေ ထိန်းမရအောင်ထွက်ပေါ်လာသည်။ အရှေ့ဆုံးမှာထိုင်နေသည့် အတန်းခေါင်းဆောင်ရူးကျို့ယောင်က လေးကန်နေသည့်အသံဖြင့် အသနားခံလိုက်မိသည်။

"ဆရာကု လာနောက်နေတာလားဗျာ...
.တစ်ခြားဘာသာရပ်တွေမကြည့်နဲ့အုံး....မှော်သားရဲတွေက မရေမတွက်နိုင်အောင်ကိုရှိတာဗျ....အခု ကျောင်းမှာသင်ပြီးတဲ့မှော်သားရဲအရေအတွက်က သုံးထောင်လေးရာငါးဆယ့်ခုနှစ်ကောင်ပဲရှိသေးတယ်....မှော်သားရဲတစ်ကောင်ချင်းဆီမှာထူးခြားတဲ့စရိုက်တွေအပြင် တစ်ကောင်တည်းရဲ့အသေးစိတ်အချက်အလက်နဲ့လက္ခဏာရပ်တွေကိုချရေးရင်တောင် စာအုပ်တစ်အုပ်ထုတ်လို့ရတယ်ဗျ.....တစ်ခုနဲ့တစ်ခုခပ်ဆင်ဆင်တူတဲ့မှော်သားရဲတွေဆိုရင် တစ်ချက်ကြည့်ရုံနဲ့ လူကရူးခါသွားတယ်...."

ကုရှီးမင်က ပရိုကျကျမျက်မှန်ပင့်တင်လိုက်ပြီး နူးညံ့သည့်လေသံဖြင့်ပြန်ဖြေသည်။

"ဆရာတို့က မရက်စက်တတ်ပါဘူး....သင်ထားပြီးသား သင်ရိုးတွေထဲကပဲ မေးခွန်းထုတ်ပေးသွားမှာ...."

ကျောင်းသားအုပ်ကြီး၏ညီးညူသံကြီးမှာပိုမိုကျယ်လောင်လာသည်။ ကုရှီးမင်က စားပွဲပေါ်လက်နှင့်တစ်ချက်နှစ်ချက်ရိုက်ချလိုက်သည့်အခါမှ တစ်ခန်းလုံးပြန်လည်တိတ်ဆိတ်သွားသည်။

"တိတ်ကြတော့.....စာမေးပွဲမှာ မင်းတို့အားလုံးပေါင်းအမှတ်က ပထမနှစ်က တစ်ခြားအတန်းတွေထက်သာရင် ဆရာမင်းတို့တစ်ခန်းလုံးကို ကမ်းခြေလိုက်ပို့ပေးမယ်....."

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now