(25)'ဂျီရှန်းယွမ်'

2.7K 429 15
                                    

Unicode

ဖိန်းဟွမ်ချီက နောက်ဆုံးတွင် အတန်းဖော်တစ်ယောက်၏ကောင်းမှုကြောင့်ရှားရှားပါးပါး ကိုယ်ပိုင်စာသင်ခုံလေးတစ်ခုရရှိသွားရှာသည်။ သူပျော်လွန်းလို့ ထိုအတန်းဖော်ကို ထိုင်မရှိခိုးရုံတမယ်ပင်။

ကိုယ်ပိုင်ခုံရသွားပြီးနောက်တွင် အတန်းပိုင်ဆရာက ပြန်မရောက်လာသေးသလို၊ တစ်ခြားသောဆရာတွေကလည်း အရေးကြီးကိစ္စရပ်တစ်ခုနဲ့ကြုံတွေ့နေရသလိုမျိုးမအားမလပ်ဖြစ်နေသည်။  သူတို့ကိုစောင့်ကြည့်ဖို့ တတိယနှစ်က စီနီယာအစ်ကိုကြီးတစ်ယောက်ကိုသာလွှတ်ထားလေသည်။ ကြည့်ရတာ တကယ့်ကိုကြီးကြီးမားမားတစ်စုံတစ်ခုဖြစ်ပျက်သွားသည့်ပုံရ၏။

အကြောင်းအရင်းကိုတိတိကျကျမသိရပေမယ့် ခုံသွားယူသည့်ကျောင်းသားနှစ်ယောက်တစ်ခုခုဖြစ်ပျက်သွားကြောင်းကိုတော့ လူတိုင်းခန့်မှန်းမိသည်။ ဘာကြောင့်ဆို အတန်းပိုင်ဆရာထွက်သွားရသည့်အကြောင်းအရင်း၌ လာရောက်သတင်းပေးသူဆီက 'ကျောင်းသားနှစ်ယောက်'ဆိုတဲ့စကားတစ်ခွန်းကိုတစ်ခန်းလုံးရှင်းရှင်းလင်းလင်းကြားလိုက်ကြရသည်။

မကြောင်းအရင်းကိုမသိရသော်ညားလည်း တစ်ခန်းလုံးလှုပ်လှုပ်ရွရွဖြစ်လာသည်မှာတားမရပေ။ ဒီလိုနဲ့နေ့လည်စာစားချိန်ရောက်တော့ ဖိန်းဟွမ်ချီဟာ တစ်ခန်းလုံးကိုခြုံရုံကြည့်ပြီး သူနဲ့သူငယ်ချင်းဖွဲ့နိုင်မည့်ကျောင်းသားတွေကိုစူးစမ်းမိသည်။ အနည်းဆုံးတော့နေလည်စာအတူတူထိုင်စားနိုင်လောက်သည့် သူငယ်ချင်းတစ်ယောက်ရှိဖို့ရန်သာမျှော်လင့်မိသည်။

ပြီးနောက် သူရောက်ရောက်ချင်းမှာပင် သူ့မျက်လုံးထဲဝင်ရောက်လာသည့် အချောတကာ့အချောဆုံးကျောင်းသားနှစ်ယောက်ကိုမျက်စိကျသွားသည်။ လွီမုချီက အတော်လေးချောတာမှန်ပေမယ့် သူ့ရဲ့အလွန်အမင်းအေးစက်လွန်းသည့်အရှိန်အဝါက ဖိန်းဟွမ်ချီကိုအနည်းငယ်လန့်စေသည်။ ထို့ကြောင့် သဘောကောင်းပြီး ချည်းကပ်ရလွယ်ကူဟန်ရသည့် ထင်းယီဆီကိုအရင်ဆုံးဦးတည်လိုက်သည်။

"Hi....ငါ မင်းနဲ့ခင်လို့ရမလား...."

ဖိန်းဟွမ်ချီက လှပတဲ့အပြုံးလေးတစ်ခုဖြင့် ကိုယ့်ကိုယ်ကိုဖော်ပြလိုက်သည်။ သို့ပေမယ့် အထင်နဲ့အမြင်ကွဲလွဲစွာ ယခုလောလောဆည် ထင်းယီရဲ့စိတ်အခြေအနေမှာအတော်လေးဆိုးဝါးလွန်းနေသည်။

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now