(10)'စိတ်စွမ်းအားလေ့ကျင့်ရေးကွင်းပြင်'

3.6K 514 22
                                    

Unicode

"ဆင့်ခေါ်သူတိုင်းအတွက်စိတ်စွမ်းအင်ဆိုတာဒုတိယအသက်နဲ့တူတယ်....မင်းတို့သားရဲတစ်ကောင်ကိုဆင့်ခေါ်ချင်ရင်လုံလောက်အောင်သန်မာတဲ့စိတ်စွမ်းအင်ရှိဖို့လိုအပ်တယ်.....မင်းတို့ရဲ့စိတ်ဓာတ်ကမာကျောလေ....စိတ်စွမ်းအင်ကပိုမိုအားကောင်းလေပဲ....."

ကုရှီးမင်ကစာသင်ခန်းအတွင်ဖြေးညင်းစွာလျှောက်ရင်းပါးစပ်ကနေလေးလေးနက်နက်သင်ကြားရှင်းပြပေးနေသည်။ကျောင်းသားတိုင်းဟာငြိမ်သက်စွာဖြင့်ဂရုတစိုက်၊လေးလေးနက်နက်နားထောင်နေသည်။

သူတို့အားလုံးလက်ထဲတွင်စာအုပ်နှစ်အုပ်စာအရွယ်လောက်ထိကြီးတဲ့ iPadတစ်လုံးဆီကိုင်ဆောင်ထားကြသည်။

ထိုiPadတွေမှာဆင့်ခေါ်သူကျောင်းမှကျောင်းသားတွေအတွက်တရားဝင်ထုတ်ပေးထားသည့်စာအုပ်နေရာတွေ၌အစားထိုးတစ်ခုဖြစ်သည်။၎င်းထဲတွင်ကျောင်းဖတ်စာအုပ်တွေလိုမျိုး ဆင့်ခေါ်သားရဲအမျိုးမျိုးနှင့်ကိုယ်သိလိုသည့်အချက်အလက်တွေကိုစိတ်တိုင်းကျရှာဖွေစူးစမ်းနိုင်သည်။

ဆရာတွေလုပ်ရန်လိုအပ်တာကနည်းလမ်းမှန်ဖြင့်လမ်းညွှန်ရှင်းပြပေးရန်သာ။

ရဲ့ချင်ကသူ့လက်ထဲမှာအဖြူရောင်iPadကိုကိုင်ဆောင်ထားရင်း ဖုန်းမျက်နှာပြင်တွင် ဆင့်ခေါ်သူတွေအတွက်စိတ်စွမ်းအင်နှင့်ပတ်သပ်ဆက်နွယ်သည့်အခြေခံအချက်အလက်တွေကိုဖော်ပြထား၏။

iPadထဲတွင်ရှင်းပြထားသည်မှာမှန်သော်လည်း ဆရာတစ်ယောက်၏ချက်ကျလက်ကျဖြင့်သင်ကြားပြသပေးခြင်းကသူတို့ကိုပို၍တတ်မြောက်နားလည်စေပြီးလွယ်ကူစွာစဥ်းစားတွေးတောနိုင်စေသည်။

"ဟုတ်ပြီ....အခု 'စိတ်စွမ်းအင်ကိုဘယ်လိုမြှင့်တင်ရမလဲ' ဆိုပြီးရိုက်ရှာကြည့်လိုက်...."

ရဲ့ချင်အပါအဝင်ကျောင်းသားတိုင်ဟာ iPadအတွင်း ကုရှီးမင်ညွှန်ပြသည့် အတိုင်း စာရိုက်ကာရှာဖွေလိုက်သည်။

"ပထမဆုံးပေါ်လာတဲ့နည်းလမ်းကိုအရင်ကြည့်ရအောင်....စိတ်စွမ်းအင်သန်မာအားကောင်းလာစေဖို့လေ့ကျင့်ပေးနိုင်တဲ့စက်ကရိယာအမျိုးမျိုးရှိတယ်....ဒါကမင်းတို့အတွက်အသင့်တော်ဆုံးပဲ....ကျန်တဲ့နည်းလမ်းတွေကကြမ်းတမ်းတော့မင်းတို့တွေခံနိုင်ရည်ရှိကြမှာမဟုတ်ဘူး...."

လူတိုင်းကငါ့ကိုသည်းသည်းလှုပ်နေကြတယ်Where stories live. Discover now